၁။ နေအမြင့်ဆုံး အပူချိန်အမြင့်ဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀နာရီကနေ နေ့လယ် ၂နာရီအချိန်ကို အတတ်နိုင်ဆုံး ရှောင်ပြီးမှ အပြင်ထွက်ပါ။
၂။ UV ပါတဲ့ ထီး ဒါမှမဟုတ် ဦးထုပ် စတဲ့အမိုးအကာတစ်ခုခုကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိအောင် ဆောင်းသွားပါ။
၃။ ပူလွန်းအိုက်လွန်းတဲ့ အင်္ကျီအထူကြီးတွေ မ၀တ်ပါနဲ့။ အရောင်ဖျော့ဖျော့ ချည်သားပါးပါးလေးတွေ၊ ချွေးစုပ်တဲ့ အသားအေးအေးလေးတွေကို ပွပွချောင်ချောင်လေး ၀တ်ပေးပါ။
အရောင်ရင့်ရင့်တွေ အထူးသဖြင့် အနက်ရောင်ဟာ နေရောင်ခြည်နဲ့ အပူဓာတ်ကို
စုပ်ယူနိုင်တဲ့အတွက် တတ်နိုင်ရင် မ၀တ်တာ အကောင်းဆုံးပါ။
၎။ တတ်နိုင်သမျှ အရိပ်ထဲမှာ နေပါ။ အရိပ်ရှိတဲ့ဘက်၊ အရိပ်ရှိတဲ့လမ်းကိုရှာပြီး လျှောက်ပါ။
၅။ ရေတစ်ဘူး ဆောင်သွားပါ။
ပူအိုက်တဲ့နွေရာသီမျာ ချွေးထွက်လွန်းတဲ့အတွက် အခြားအချိန်တွေ ထက်စာရင် ရေပိုသောက်ပေးသင့်ပါတယ်။ ဒါမှ ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်တော့မှာပါ။
၆။ နေလောင်ကာလိမ်းဆေး (Sunscreen) လိမ်းပေးပါ။ နေရောင်ခြည် ကာကွယ်တဲ့ပစ္စည်း SPF အနည်းဆုံး ၁၅ ဆပါရှိတဲ့ Sunscreen သုံးပါ။ SPF ပါတဲ့ မျက်နှာနေ့လိမ်းခရင်မ်၊ မိတ်ကပ်သုံးပေးပါ။
သနပ်ခါးမှာလည်း နေရောင်ကာပေးတဲ့ သဘာဝ ပစ္စည်းပါဝင်တဲ့အတွက်
ထူထူလိမ်းပေးနိုင်ပါတယ်။
၇။ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တစ်လက် ဆောင်သွားပါ။
၈။ နေပူထဲက ပြန်ရောက်ရောက်ချင်း ရေမချိုးပါနဲ့။ ခဏ အနားယူချွေးတိတ်တော့မှ ရေချိုးပေးပါ။ မဟုတ်ရင်တာ့ အပူရှပ်ပြီး ဖျားသွားနိုင်ပါတယ်။
သုတစွယ်စုံမဂ္ဂဇင်း
No comments:
Post a Comment