">

Thursday, February 21, 2013

ပညာရေးနှင့်သက်ဆိုင်သော မှတ်သားဖွယ်ရာ စကားစုလေးများ

ဂျာမန်စကားပုံ - လှေကားတက်မည့်သူသည် အောက်ဆုံးကစ၍ တက်ရ၏။ - ထို့အတူ ပညာသည်လည်း အောက်ဆုံးမှစ၍ အစပြုရ၏။ ပြင်သစ်စကားပုံ - ပညာသည် ငွေကို အများဆုံးမွေးဖွားပေးနိုင်သော ပညာရှိဖြစ်သည်။ ဂရိစကားပုံ - စက်ဝိုင်းသည်အဆုံးမရှိသကဲံသို့ ပညာသည်လည်း အဆုံးမရှိ။ အင်္ဂလိပ်စကားပုံ - ပညာနှင့် လူသည် လိုက်တမ်း ပြေးတမ်း ကစားနေကြသော ကလေးနှစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ အီဂျစ်စကားပုံ - အကောင်းနှင့် အဆိုးကို ပညာမှန်ပြောင်းဖြင့် ကြည့်မှ သိနိုင်သည်။ ယိုးဒယားစကားပုံ - မျက်စိနှင့် မမြင်နိုင်သော အရာအား ပညာနှင့်ကြည့်၍ ရနိုင်သည်။ ဦးချမ်းသာစကားပုံ - ပညာရှိနှင့် ပေါင်းသင်းရခြင်းသည် စိတ်ချမ်းသာ၏။ - ပညာရှိဟု ထင်နေရသူတို့နှင့် ပေါင်းသင်းရခြင်းသည်ကာ စိတ်ဆင်းရဲလှ၏။ အီတလီစကားပုံ - ပညာမရှိသူမှာ ပင်ပန်းကြီးစွာ ရှာဖွေရ၏။ ပညာရှိသူမှာ လွယ်ကူသက်သာစွာနှင့် ရရှိနိုင်၏။ - ပညာသည်အနည်းငယ် ရရှိမှု အနည်းငယ် သက်သာ၏။ ပညာများစွာရရှိမှု များစွာသက်သာ၏။
ကြီးပွားရေးဦးသိန်းစကားပုံ - ကျောင်းတွင် သင်ကြားခဲ့သော ပညာတို့မှာ မျိုးစေ့ငယ်မျှသာ ဖြစ်လေသည်။ - ၄င်းမျိုးစေ့ငယ်လေးများပေါက်ဖွားးကြီိးမား ရင့်သန်လာအောင် ပြုစုရန်မျာ ကျောင်းမှထွက်လာသော ကျွန်ုပ်တို့ကိုယ်တိုင် ပြုစုရမည့် တာဝန်ဖြစ်လာပေသည်။ တရုတ်စကားပုံ - ပညာရှိနှင့် တစ်ထိုင် စကားပြောရခြင်းသည် တစ်လလောက် စာဖတ်သည်နှင့် ညီ၏။ စကောစကားပုံ - လူသည် သေမျိုးဖြစ်သော်လည်း ပညာသည် သေမျိုးမဟုတ်ပေ။

No comments:

Post a Comment