">

Thursday, February 21, 2013

သူငယ်ချင်းများသို့..စကားလက်ဆောင်များးးးးးးး

၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ ၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ။ ၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ။ ၄။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်။ ၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှည်တည်တဲ့မည် မဟုတ်။ ၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။ ၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် ပိုပြီး ကောင်းမွန်တယ်။ ၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်နော်။ ၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်။ သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် တန်ဖိုးရှိတာပါ။ ၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမဲ့ အချိန်ပေးရတယ်။ ၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ။ ကိုယ်မတတ်နိုင်သေးရင်တော့ မနှောင့်ယှက်ပါနှင့်။
၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ ကိုယ့်ဘ၀မတိုးတက်လေပါပဲ။ ကိုယ့်အပြစ်ကိုရှာပါ။ ၁၃။ ဘ၀တိုးတက်စေဖို့ အမြဲတက်ကြွနေပါ။ မင်းရဲ့ အောင်မြင်တိုးတက်မူအပေါ် ကြွတက်တာတော့ မဖြစ်စေနဲ့ပေါ့။ ၁၄။ စကားသည် တကယ်တော့ မြားမဟုတ်ပေ…သို့သော် မြားထက်ပို၍ စူးပါသည်။ ၁၅။ အရူံးထဲက ရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။ ၁၆။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။ ၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို အပြစ်မတင်လိုက်ပါနဲ့။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူလေ။ ၁၈။ အတွေ့အကြုံချင်းတူချင်တူမယ်၊ ဒါပေမဲ့ ခံယူချက် အမြင်ချင်းတော့ ကွဲပြားတတ်တယ်။ ၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိဘဲ ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။ ၂၁။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ ကောင်းပါတယ်။ ၂၂။ အပြစ်မြင်တတ်တဲ့စိတ်၊ သံသယစိတ်ရှိနေသရွေ့ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ၂၃။ ထက်မြက်သွက်လက်တာနဲ့ လျှပ်ပေါ်လောလည်တာ တခြားစီပါနော်။ ၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။ ၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန် ထုတ်မသုံးသမျှ အကောင်းဆုံးကို သင်မရနိုင်။ ၂၆။ အခြေအနေကို စောင့်ကြည့်တတ်ခြင်းဟာလည်း အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။ ၂၇။ အတိတ်ကို မေ့ချင်မေ့ပါ။ ဘ၀ကိုတော့ မမေ့ပါနဲ့။ ၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ ၂၉။ ဘယ်လောက်ပဲ အမှားကို ကျူးလွန်မိတဲ့သူဖြစ်ပါစေ၊ အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင် ထိုသူကို ခွင့်လွှတ်ပေးနိုင်ရပါမယ်။ ၃၀။ လောဘကို အတော်သတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။ ၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်ပါစေနဲ့။ ၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။ ၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနှင့်တစ်ပြိုင်နက် ထလုပ်လိုက်ပါ။ ၃၄။ စာဘူးတောင်ငှက်တွေတောင် ကိုယ်လိုချင်တဲ့ အသိုက်ကိုရအောင် ဆောက်နိုင်တယ်ဆိုရင် မိမိကကော ကိုယ်လိုချင်တဲ့ဘ၀ကို ဘာကြောင့် အတည်ဆောက်နိုင်ရမှာလဲ။ ၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့ ဟန်တွေသုံးနေသမျှ ဉာဏ်တွေတုံးနေရမှာ သေချာတယ်။ ၃၆။ သူများခိုင်းမှ လုပ်တာကျွန်၊ သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ခိုင်း။ ၃၇။ သည်းခံရခြင်းသည် ခါးသက်၏။ သို့သော် ၎င်း၏အသီးအပွင့်များက ချိုမြိန်လှ၏။ ၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။

No comments:

Post a Comment