">
Showing posts with label တရားတော်များ. Show all posts
Showing posts with label တရားတော်များ. Show all posts

Thursday, May 16, 2013

မူလဓမ္မဆရာတော် အရှင်ဝိဇယ တရားတော်များ

ဝိပဿနာတရားတော်များ








 ၁။ ဘောဇဉ်တရားသာရှုပွားပါ Download

၂။ အရှုခံ အရှုဥာဏ် Download


၃။ တရားဆေးသောက်ရောဂါပျောက် Download 

၎။ သစ္စာလေးပါးတရားတော် Download 

၅။ ဂရုဏာတရားတော် Download 

၆။ စိတ်ဆင်းရဲရေးကင်းစင်ဝေး Download 

၇။ သားတော်၏အစွမ်းနှင့်မယ်တော်၏အလွမ်း Download 

၈။ အ၀ိဇ္ဇာနှင့်ဝိဇ္ဇာ Download 

၉။ မဇ္စျိမဥာဏ်ရရှိရန် Download 

၁၀။ ကြောင်းကျိုးချုပ်ငြိမ်းဒုက္ခသိမ်း Download 

၁၁။ ပေးတာယူတာသံသရာ Download 

၁၂။ သောတာပန်တည်ရန် သိကောင်းစရာ Download 

၁၃။ စင်္ကြာမင်းထက်ချမ်းသာသူ Download 

၁၄။ သူမြတ်တို့၏ဆုံစည်းရာ Download 

၁၅။ မိတ်ဆွေကောင်းသာ ပေါင်းဖော်ပါ Download 

၁၆။ ၀ံမိက္ကသုတ္တန် Download 

၁၇။ ဒုက္ခမျိုးစုံလွတ်မြောက်ပုံ Download 

၁၈။ နိဗ္ဗာန်သွားနည်းနိဿရည်း Download 

၁၉။ သက်သာခြင်းကိုယူခြင်း နစ်နာခြင်းကိုယူခြင်း Download 

၂၀။ မဟာသတိပဌာနသုတ္တန်အကျဉ်းချုပ် Download 

၂၁။ အာနပါနသတိပဌာန် Download 

၂၂။ သတိပညာသာသနာ Download 

၂၃။ အနှစ်မပါငါးခန္ဓာ Download 

၂၄။ စွန့်လွတ်စရာဤခန္ဓာ Download 

၂၅။ ဝေဒနာနုပဿနာ Download 

၂၆။ စိတ္တာနုပဿနာ Download 

၂၇။ အမှားဆုံးအမှန်ဆုံး Download  

၂၈။ ကုသိုလ်တရားကိုတားမြစ်သောတရား Download 

၂၉။ သံသရာချဲ့ကြောင်းတရား Download

Sunday, April 14, 2013

နှလုံးသားမှာ ဘုရားတည်ကြမည်...

“ မိခင်သည် သားသမီးများကို ဝမ်းနဲ့လွယ်လို့ ယောနိက မွေးပေးသည် ”
“ဆရာ/မများသည်တပည့်များကို နှလုံးသားနဲ့လွယ်လို့ပါးစပ်က မွေးပေးသည်”တဲ့။
ကြားခဲ့ဖူးတဲ့စကားလေးတစ်ခွန်း။
သိပ်အဖိုးတန်တဲ့ စကားလေးနော်။

သေချာစဉ်းစားကြည့်တော့ ဟုတ်လိုက်တာ၊ မှန်လိုက်တာလို့ ပိုပြီးမြင်တတ်လာတယ်။
မိဘက သားသမီးတွေကို မွေးထုတ်ပေးလို့ အရွယ်လေးရောက်တော့ (၃)နှစ်၊ (၄)နှစ်လောက်လည်းရောက်ရော မူကြိုကစပြီး သက်ဆိုင်ရာ ကျောင်း အသီးသီးကို အပ်နှံကြရတယ်။ အဲဒီကစလို့ ဆရာ/မများရဲ့ လက်ထဲမှာပဲ ဒီကလေးလေးတွေရဲ့ လိမ္မာယဉ်ကျေးမှု့ကစလို့ ပညာပိုင်းဆိုင်ရာ အားလုံးကို အပ်ထားရပါပြီ။ ဆရာ/မများကလည်း မိမိတို့ထံ အပ်နှံထားသော တပည့်များကို နှလုံးသားနဲ့လွယ်လို့ နှုတ်ဖျားကနေ လိမ္မာ စေမယ့် စကားလုံးလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရတယ်လေ။
 အသိဉာဏ်ကြွယ်စေဖို့အတွက် စကားလုံးမျိုးစုံသုံးလို့ နေ့စဉ်နေ့တိုင်း မွေးထုတ်ပေးနေရတာမို့ ဒီဆရာ/မ တွေရဲ့ ကဏ္ဍဟာ အရေးကြီးဆုံးလို့တောင် ပြောလို့ရနေပါပြီ။

ဒီအရေးအကြီးဆုံးတာဝန်ကို ကျနော်တော့ နေ့စဉ်ထမ်းနေရတာမို့ ကိုယ် သင်ကြားရတဲ့ ကလေးလေးတွေရဲ့ စရိုက်အမျိုးမျိုးနဲ့ လိုက်ပြီး သင့်တော်စေမယ့် အဆုံးအမလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရပြီလေ။

ဪ.. သူတို့တွေကို နေ့စဉ် အသိဉာဏ်တွေ ပေးလှူနေရတယ်။ အဆုံးအမတရားတွေ နေ့စဉ်လှူနေရတာမို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ ဘဝကို ရနေပါပေါ့လားလို့လည်း ခံယူထားပါတယ်။
ဆရာတော်ကြီးတွေ မိန့်ဖူးတာလေး တစ်ခု။

သူတို့က တရားပွဲလေးရှိတုန်း အခိုက်မှာသာ အသိဉာဏ်တွေ လှူခွင့်ရတာ။
အဆုံးအမတွေ လှူခွင့်ရတာ။

ဒီ ဆရာ/မ တွေကတော့ နေ့စဉ်ကိုပဲ တစ်နှစ်ပြီး တစ်နှစ် မနက်၊ နေ့၊ ည မပြတ်အောင် အတတ်ပညာတွေ စွန့်လှူနေရတယ်၊ အသိဉာဏ်တွေ လှူနေရတယ်။

အတွေးအခေါ်တွေ သင်ကြား လှူဒါန်းနေရတာမို့ ကုသိုလ်စိတ်ကလေးထားနိုင်ရင် ထားနိုင်သလောက် အကျိုးရှိနေပါမယ်နော်။
ဒါကြောင့် ကျနော့်အတွက် ဒါသည်ပင် အခွင့်အရေးကောင်းကြီးတစ်ခု ရထားသလို ဖြစ်နေပြီပေါ့။ ဒီတော့ ကျနော် ရထားတဲ့အခွင့်အရေးကို ဘယ်လို အသုံးချနေသလဲဆိုတာလေး ပြန်မျှပါ့မယ်။ ကျနော့အရိပ်အောက် ၀င်လာသမျှ ကလေး များအား ကျောင်းသင်ခန်းစာအပြင် ဘဝအတွက် အရေးကြီးဆုံး သင်ကြားသင့်တဲ့ မိမိစိတ်ကလေးကို မိမိကိုယ်တိုင် ကောင်းအောင်လေ့ကျင့်ပေးတဲ့ သင်ခန်းစာလေးပါတွဲလို့ ပို့ချပေးနေနိုင်ပြီလေ။

“ မျိုးစေ့မှန်မှ အပင်သန်လာမှာပါ ”။

သစ်ပင်တစ်ပင်ဟာ စိုက်ပျိုးစ၊ ပေါက်ခါစအချိန်မှာ ပတ်ဝန်းကျင် လေဒဏ်၊ ရေဒဏ်၊ ပိုးဒဏ်တွေကို ခံနိုင်ရည် မရှိသေးပါဘူး။ ဒါကြောင့် လေတိုက်ရာအပေါ်လိုက်လို့ ယိုင်နေရပါတယ်။ တောင်က တိုက်ရင် မြောက်ကိုယိုင် ရတယ်၊ မြောက်ကတိုက်ရင် တောင်ကိုယိုင်ရတယ်နော်။

အဲလို ယိုင်နေတာကိုက ကိုယ့်ကိုကိုယ် မထိန်းထားနိုင်လို့ပေါ့။ အဲလို ယိုင်တဲ့အချိန်မှာ ဘေးကနေ ဒေါက်ကလေးနဲ့ ထိန်းလို့၊ ပြုပြင်လို့ လုပ်ပေးနေရပါမယ်။ ဒါမှသာ သူဟာ မားမားမတ်မတ် ရပ်တည်နိုင်လို့ ငွါးငွါးစွင့်စွင့် ပွင့်လန်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမှ ပြုပြင်ခြင်းမခံရဘူးဆိုရင် ဒီအပင်ကြီးဟာ အယိုင်ကြီးအတိုင်း ကြီးထွားလာမှာပါပဲ။ အဲလို ကြီးလာတဲ့အခါမှ ယိုင်နေတာကြီးကို ပြုပြင်မယ်ဆိုရင် မလွယ်နိုင်တော့ပါ ဘူးနော်။

ဒါကြောင့် တစ်ခါတစ်ခါ လမ်းသွားရင်းမြင်ရတဲ့ အပင်ကြီးတွေ အယိုင်ကြီးအတိုင်း ကြီးထွားနေတာ မြင်ရတော့ ဪ.. ပင်စည်လုံးပတ်ကြီးကလည်း အကြီးကြီးပဲ၊ အမြစ်တွေကလည်း အခိုင်ဖြစ်နေပြီ။ ဒီအပင်ကြီးကို ဘယ်လိုလုပ် မတ်အောင်လုပ်လို့ ရဦးမှာလဲနော်။

ကရိန်းနဲ့ အမြစ်ကဆွဲနုတ်ပြီး ဖြောင့်အောင် မတ်အောင် လုပ်မယ် ဆိုရင်တောင် မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် အပင်တစ်ပင်ရဲ့ဘဝလှလှပပဖြစ်ဖို့အတွက် နုစဉ်ကတည်းက ရေလောင်းပေါင်းသင် ပြုပြင်ရပါမယ်နော်။ ဒါဆို လူတွေလည်း ထိုနည်း၎င်းပင် မဟုတ်ပါလား။

ငယ်ရွယ်နုနယ်စဉ်ကမှ ကိုယ့်စိတ်ကလေးကို ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ ပညာလေး သင်မထားဘူးဆိုရင် ကြီးတဲ့အခါ ရမ်းကားရိုင်းစိုင်းနေမှ ပြုပြင်ပေးဖို့ဆိုတာ တော်တော်ခက် သွားပြီနော်။ ပျက်စီးချင်တိုင်း ပျက်စီးနေတဲ့ စိတ်ဓာတ်တွေ၊ အကျင့်စာရိတ္တတွေက အနိုင်နေရာယူထားပြီးသွားလို့ ဒီလိုလူမျိုးအတွက် ပြုပြင်ဖို့ကျ သူ့မှာ ပါရမီထူးတွေပါလာမှ ကျွတ်ချိန်တန်လို့ချွတ်မယ့် ပုဂ္ဂိုလ်ထူးနဲ့ တွေ့မှပဲ သူ့ဘဝကြီး ဟာ အဖတ်ဆယ်နိုင်တော့မှာပေါ့။
 ဒီလို အချက်တွေရှိ ဖို့ကျတော့ အခက်သားနော်။

ဒါကြောင့် ကျနော်ကတော့ အခုဆို ငယ်ရွယ်နုနယ်နေတဲ့ အရွယ် ကလေးလေးတွေကို သူတို့လေးတွေအတွက် အရေးအကြီးဆုံး မိမိစိတ်ကလေးကို ဘယ်လိုစောင့်ရှောက်ထိန်းသိမ်းရမလဲဆိုတဲ့ သင်ခန်းစာတွေကို ပို့ချခွင့်တွေ ရနေပါပြီ။

ဒီသင်ခန်းစာလေးတွေအပေါ် ကလေးတိုင်း အခြေခံကောင်းလေးတွေသာ ဆုပ်ကိုင်မိသွားမယ်ဆိုရင် လူတော် လူကောင်း ဖြစ်ဖို့ဆိုတာ မခဲယဉ်းတော့ပါဘူး။ နှလုံးသားကလာတဲ့ မေတ္တာဓါတ်လေး လွှမ်းခြုံလို့ နှုတ်ဖျားကနေ စကားလုံးပေါင်းများစွာ ဆုံးမပေးနေရတာသည် အနာဂတ်အတွက် အကျိုးများစေမယ့် ကလေးငယ်များ မွေးထုတ် ပေးနေတယ်လို့ပဲ သဘောထား ပါတယ်။

ဒီတော့ ကျနော် ဘာတွေပို့ချပေးသလဲဆိုတော့ နှစ်စဉ် ၀ါတွင်းကာလတွေမှာ သူတို့ရဲ့ စိတ်ကလေးကို ဘယ်လို သတိနဲ့ ထိန်းကြမလဲဆိုတဲ့ သင်ခန်းစာလေးကို စနစ်တကျ သင်ကြားပေးနေပါပြီ။ အဓိက ရည်ရွယ်ချက် ကတော့ သူတို့လေးတွေအားလုံး သမာဓိအားလေးတွေရလို့ အာရုံစူးစိုက်အားကောင်းစေဖို့ကတော့ အခြေခံ foundation လေး ပေါ့နော်။

ဒီလို သမာဓိကစလို့ ၀ိပဿနာထိ တက်လှမ်းနိုင်ဖို့ နည်းစနစ်တကျ သင်ယူဖို့လိုတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့လေးတွေဟာ တစ်ကြိမ်တခါမှ တရားမထိုင်ဖူးသေးတဲ့ အရိုင်းတုံးလေးတွေမို့ပေါ့။ ဒါကြောင့် ကျနော်က အစ ကောင်းမှ အနှောင်းသေချာစေဖို့ သူတို့ စတင်ထိတွေ့ရမယ့် တရားအားထုတ်ခြင်းဆိုတာ ဘာလဲဆိုတာကစပြီး ဘယ်လို ထိုင်ရမယ် ဆိုတာ အပါအ၀င် အစစ ပြည့်စုံစေချင်တာကြောင့် အိမ်မှာ အပတ်စဉ်တိုင်း တရားပြပေးမယ့် ဆရာတော်ကို ပင့်ပြီး သင်တန်းပေး နေရတာပေါ့။
တစ်ဖက်ကလည်း ကျနော်က Guide သဘောမျိုး လေ့ကျင့် ပေးနေတယ်။

တစ်ပတ်တစ်ပတ် ဆရာတော်ဘုရား ပို့ချ သင်ပြသွားတာတွေကို ကျနော်က နေ့စဉ်တိုင်း စာမသင်မီ ၁၅မိနစ်(သို့) ၃၀မိနစ်စောခေါ်တယ်။
အရင်ဆုံး ဘုရား ရှိခိုးကြတယ်။
ငါးပါးသီလ ခံယူဆောက်တည်ကြတယ်။

ဒီငါးပါးသီလနဲ့ ပတ်သက်လို့လည်း ငါတို့ ဒီနေ့ တစ်နေ့တာတော့ ငါးပါးလုံး လုံအောင် စောင့်ထိန်းကြမယ်လို့ သံဓိဌါန်ပြုလို့ တစ်ရက်စီ အဓိဌါန်ကုသိုလ်ယူပြီး ဆောက်တည်ကြတယ်။
 ပြီးရင် ပန်း၊ ရေချမ်း၊ ဆွမ်းတော်တွေ ကပ်ကြတယ်။
 ပြီးတာနဲ့ အရပ်(၁၀)မျက်နှာကို မှန်းပြီး မေတ္တာပို့ကြတယ်။
အဲဒီနောက် ဘုရားဂုဏ်တော် တစ်ပါးပါး ပွားကြတယ်။
 ပြီးမှတရားထိုင်ခိုင်းတယ်လေ။

သူတို့ သင်တန်းချိန်က မနက် ၆နာရီ စရင် ကျနော်က ၅:၃၀ ကျော်လောက်က စပြီး တရားထိုင်ခြင်းစပါတယ်။ အဲဒီလိုထိုင်ခိုင်းတဲ့ အချိန်မှာတော့ ကိုယ်က ဦးဆောင်လို့ သူတို့လေးတွေ မမှတ်တတ်သေးရင် မှတ်တတ်အောင် ဘေးကနေ အသံနဲ့ တရစပ် သူတို့ကို ကြပ်မတ်ပေးနေတော့ သူတို့အတွက် စိတ်လွတ်တဲ့ အချိန်နည်း သွားတာပေါ့။
ဒီတော့ ၁၅ မိနစ် ထိုင်ရင် ၁၀ မိနစ်လောက်တော့မိကြတယ်။

၅ မိနစ်ကတော့ လွတ်တဲ့ အချိန်ရှိတာပေါ့နော်။
ပြီးတော့ ကျနော်က နေ့စဉ် လာထိုင်ကြတဲ့ ကလေးတွေကို စာရင်းမှတ်ထားတယ်။
 ပြီးရင် တစ်ပတ်အတွင်း ၅ ချိန် ထိုင်နိုင်သော ကလေးတိုင်းကို ဗလာမပါ ကံစမ်းမဲဖောက်ပေးတယ်လေ။ ဒီတော့ သူတို့ အားလုံး ပျော်ကြတာပေါ့။ ဒါသည်ပင် အိမ်တွင်း တရားစခန်းပွဲလေးပဲပေါ့။ ဒီလိုကုသိုလ်အမှုတွေကို အိမ်တွင်းမှာ နေ့စဉ်လုပ်ဆောင်နေရတာကိုပဲ ငါတော့ နေ့စဉ် ဘုရားတွေတည်နေရပြီ လို့ ၀မ်းမြောက်မိပါရဲ့။
ဘာကြောင့်လည်းဆိုတော့ ကျနော်နေ့စဉ်တည်နေတဲ့ ဘုရားက ကလေးတွေရဲ့ နှလုံးသားမှာလေ။ ကလေးတွေ သားစဉ် မြေးဆက်ထိ ဒီ ဘာသာရေး အမွေအနှစ်လေးတွေ တစ်ခါတည်း ပေးသွားတော့မှာကိုး။

ဒါကြောင့် ကျနော်ကတော့ အခုလုပ်နေတဲ့ တရားအလုပ်အပေါ်မှာ ဘယ်လို သဘောထားလဲ
ဆိုတော့ “နှလုံးသားမှာ ဘုရားတည်တဲ့ အလုပ်” ကိုလုပ်နေရတယ်လို့ပဲ သဘောထားပါတယ်။

တကယ်တော့ ကျနော်တို့တွေ တရားအားထုတ်ဖို့ တိုက်တွန်းရတယ်ဆိုတာကိုက အဓိကက စိတ်ထားလေးတွေ ဖြူစင်သည်ထက် ဖြူစင်လာစေဖို့သာ ရည်ရွယ်ပါတယ်။

လူသားတိုင်းမှာရှိတဲ့ စိတ်ကလေးကို အမြဲအကုသိုလ်တရားတွေ အတင်မခံပဲ ဖြူစင်နေစေဖို့ ဒီစိတ်ကို သတိ၊ ၀ီရိယ၊ ပညာနဲ့ ထိန်းသိမ်း စောင့်ရှောက်တတ်စေဖို့အတွက် ရည်ရွယ်ပြီး တိုက်တွန်းရခြင်း ဖြစ်ပါတယ်နော်။
အင်း ကျနော်တော့ဖြင့် လူမမြင်နိုင်တဲ့ “နှလုံးသားမှာ ဘုရားတည်ခြင်း”အလုပ်ကို အားရပါးရကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေပါပြီ။
အင်း.. ခုလို အကျင့်လေးတွေ နေ့စဉ် လေ့ကျင့် သင်ကြားပေးနေခြင်းပင်သည်လျှင် မရှိမဖြစ် သင်ခန်းစာလေး တွေ ပို့ချပေးနေရခြင်းပင် မဟုတ်ပါလော။

အဲလို အကျင့်ကောင်းလေးတွေကို ငယ်စဉ် ကလေးအရွယ် ကတည်းက လက်တွေ့ ပို့ချသင်ယူခွင့်ရနေသော ကလေးတွေအဖို့ မိမိစိတ်ကလေးတွေကို ကိုယ်စီကိုယ်စီ ထိန်းနိုင်သွားတဲ့ ပညာလေး တွေ ရသွားနိုင်မှာမို့ မကောင်းတဲ့ ကာယကံမှု့၊ ဝစီကံမှု့၊ မနောကံမှု့တွေကို မိမိ အသိဥာဏ်နဲ့ ရှောင်တတ်သွား ဖြစ်တာကြောင့် နေရာတကာ လိုက်ပြီး ဆုံးမစရာ မလိုသလို ကြိုက်တဲ့နေရာမှာ ကိုယ်ပိုင်ဥာဏ် အထိန်းလေးနဲ့ နေတတ် သွားမှာပါ။

မကောင်းတဲ့အလုပ်၊ အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေကို မလုပ်တတ်လို့ မလုပ်တာထက် လုပ်တတ်ပြီး မလုပ် တာ/ရှောင်တတ်တာမျိုး အကျင့်ကောင်းလေးတွေ ရသွားကြမှာပါ။

ကံသုံးပါးမှာ မနောကံက အရေးကြီးဆုံးမို့ ဒီစိတ်ကလေး မှာ ဝင်လာမယ့် အကုသိုလ်တွေကို brakeလေးအုပ်ပြီး ကွေ့နိုင်၊ ရှောင်နိုင်၊ ဖယ်ရှားနိုင်၊ ကျော်လွှားနိုင်မယ့် ပညာလေးသာ လူတိုင်း သင်ယူ တတ်မြောက်ထားဖို့က essential ပညာရပ်တစ်ခုမို့ မသင်ရသေးရင်လည်း သင်ယူကြဖို့၊ သင်ယူပြီးရင် လည်း ကျေညက်အောင် လေ့ကျင့်ကြဖို့ပါ တိုက်တွန်းရင်းနဲ့ ကျနော်ပြုနေတဲ့ နေ့စဉ် ကုသိုလ်လေးတွေကို ပြန်လည် မျှဝေ လိုက်ရပါတော့သည်။
    စောသဇင်(မန္တလေး)

“ဂုဏ်“ တရားတော်လေးအကြောင်း…


တရားခေါင်းစဉ်က“ဂုဏ်”တဲ့။ ဆရာတော်က “အရှင်ဆေကိန္ဒ” ဟောထားတာ။
ဆရာတော်ဟောတာက“ဂုဏ်”မှာ(၂)မျိုးရှိတယ်။
(၁)လူအများ ကြိုက်တဲ့ အပေါ်ယံ ဟန်ဆောင်ထားတဲ့ “ဂုဏ်” နဲ့ ၊
(၂)အပြစ်ကင်းစွာ နေထိုင်ခြင်း ဆိုတဲ့“ ဂုဏ် ”ပဲ။

 (၁) ကတော့  လူတိုင်းလိုလို သိကြတယ်။
ရာထူးတွေ၊ ဘွဲ့ထူးတွေ၊ ဥစ္စာဓနတွေကို ဂုဏ်လို့ထင်ပြီး အဲဒီ နောက်ကို မွေးကတည်းက အခုထိ လိုက်နေကြရတာ။ အခုဆို တော်တော် မော လှပါပြီ။ ပြည့်စုံသွားတယ်လို့လည်း မရှိပါဘူး။ ကိုယ်အထင်ကြီး တာကို ဂုဏ်တစ်ခုလို့ ယူဆပြီး လုံးပမ်းကြိုးစားလိုက်ရတာ။ ဘယ်လောက်တောင် မောနေပြီလဲ။

“ဂုဏ်ဆိုတာငွေကိုခေါ်တယ်”ဆိုလို့ ငွေရှိအောင် ရှာဖွေကြိုးပမ်း ရတာအမော၊ ကား(၁)စီး ရှိရင် (၂)စီး ရှိဖို့ စသည်ဖြင့်ပေါ့။ အရာအားလုံးဟာ တကယ် ရလာတော့လည်း ဘာမှမဟုတ်တော့ပြန်ဘူး။ ဒါဆို“ ဂုဏ်” အစစ် ဟာဘာလဲ ? ။ ဘုန်းဘုန်းကပြောတယ်။ “အပြစ်ကင်းခြင်း” ဟာ ဂုဏ်ပဲ။ ဒါဟာ စစ်မှန်တဲ့ ဂုဏ် ပဲတဲ့။ ဘာမှလည်း မောစရာမလို။ ကိုယ့်ဟာနဲ့ကိုလည်း ပြည့်စုံလို့ပေါ့။ ကဲ..အဲဒီတော့ စစ်မှန်တဲ့ ဂုဏ်ကိုသာ ရှိအောင် ကြိုးစားကြဖို့ မလိုဘူးလား။

နောက် ဆက်ဟောတာက “ ကုသိုလ်” နဲ့ “ အကုသိုလ်” အကြောင်းပေါ့။ “ကုသိုလ်”ဆိုတာ“အပြစ်ကင်းပြီး ချမ်းသာတဲ့ အကျိုးပေးတာ” ကို ခေါ်တယ်။ “အကုသိုလ်” ကတော့ “ အပြစ်ရှိပြီး ဆင်းရဲတဲ့ အကျိုးပေးတာ” ကိုပြောတာ။

အဲဒီမှာ သုခဆိုတာကို နားလည်အောင် ပြောရမယ်ဆိုရင် သုခရဲ့အရသာဟာ “ရေထဲမှာ ကျောက်ခဲထည့်ထားသလို” ပဲတဲ့။ ရေကလည်း အအေးဓာတ်၊ ကျောက်ခဲကလည်း အအေးဓာတ်၊ အအေးထဲကို အအေးထည့် တော့ ရေကြောင့် ကျောက်ခဲက အေးရသလို ကျောက်ခဲကြောင့် ရေက အေးရ တာပေါ့။

အဲ“ဒုက္ခ”ကျတော့ မီးထဲကို ကျောက်ခဲထည့် ဖုတ်ထားတာနဲ့ တူတယ်တဲ့။ ကျောက်ခဲဟာ ပြာလည်း ဖြစ်မသွား။ တဖြည်း ဖြည်းနဲ့ ကုန်သွားခြင်းလည်းမရှိ၊ သူ့ကို မီးထဲက ထုတ်ထားလိုက်ရင် အငွေ့ ထွက်ခြင်း လည်းမရှိ၊ ပြာလည်းမရှိလို့ လက်နဲ့များ သွားမကိုင်လိုက်နဲ့။ အို.. ပူလိုက်တာလို့ အော်နေရမယ်။ အကုသိုလ်ရဲ့ အကျိုးပေးကလည်း အဲဒီလိုပဲ အော်နေ ရမှာနော်။ သူကိုယ်တိုင် ပူရုံတင်မက သွားထိသမျှကို ပူစေတယ်။

အခု လူတွေဟာ တစ်နေ့တစ်နေ့ ရှင်သန်နေရတာ အဲဒီ ကျောက်ခဲပူနဲ့ တူတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်ပြီး လုံးလည် လိုက်နေလိုက် တာ။ အဲဒါကို တရားရေအေးနဲ့ တောက်တောက်ပြီး အေးအောင် လုပ်မှ အပူ သက်သာမှာပေါ့။ အဲဒီ“ အကုသိုလ်”ကို “ကုသိုလ်” ကသာအနိုင်ယူနိုင်တယ်။ တခြားဘာကမှ မနိုင်ဘူးလို့ မှတ်ထားလိုက်ပါ။

အဲဒီတော့ ငြိမ်းအေးတဲ့ သုခကို ရဖို့ဆိုရင် ပူလောင်တဲ့ အကုသိုလ်ကို ကုသိုလ်နဲ့ အနိုင်ယူ အသေသတ်နိုင်မှ ဖြစ်မယ်။ ဒါကြောင့် ပြောတဲ့အခါ ၊လုပ်တဲ့အခါ ၊ ကြံစည်တဲ့အခါ တိုင်း ကုသိုလ်ဖြစ်အောင် တွေးပါ ။ ပြောပါ ။ လုပ်ပါ ။ ဒါမှသာ စစ်မှန်တဲ့ “အပြစ်ကင်းစွာ နေထိုင်ခြင်း ” ဆိုတဲ့ ဂုဏ်အစစ်ကို ရရှိပြီး လူဖြစ်ရကျိုးနပ် နိုင်ပါလိမ့်မယ်။ ကဲ..ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြပါစို့ရဲ့။ လူတိုင်း“ဂုဏ် ” အစစ်နဲ့ ကျေနပ်နိုင်ကြပါစေ။
မှတ်ချက်။ ။ နာယူဖြစ်သော တရားတစ်ပုဒ်အား တဆင့်ပြန်လည်ဝေမျှပါသည်။

Tuesday, October 2, 2012

လက်ရှိခန္ဓာစွန့်ရာမှာ ကြောက်နေသလား စဉ်းစား (မဟာဂန္ဓာရုံဆရာတော်)

ကိုယ့်ကိုယ်ကိုလေ-အသက်လေး နည်းနည်းရင့်လာပြီဆိုပါတော့
အသက်ရင့်လာတဲ့အခါကျတော့ အတွေးအခေါ်ကတမျိုးကြီးဖြစ်နေတယ်၊
ငါ-အသက်ကြီးပြီး၊ သေရ တော့မယ်၊ ငါအသက်ကြီးပြီး ဘဝကူးရတော့မယ်၊
ဘဝကူးတဲ့အခါ ကျတော့ ဘယ်သူတွေဟာ ဘာများတွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်သလဲ၊ ဘာကြောက်ရွံ့ ကြောက်ရွံ့ဖြစ်တတ်သလဲ၊ အဲဒါလေးလေ မစဉ်းစားလို့ မဖြစ်ဘူး၊
ဥပမာ-ဒကာသူတော်ပဲဆိုပါတော့ တစ်သက်လုံး တကတဲ ပစ္စည်းဥစ္စာနဲ့...ဘာနဲ့ လူကြီးလုပ်ပြီးသကာလ လူထဲမှာ ထင်ရှားတဲ့ သူတစ်ယောက်ဖြစ်တယ်၊ ဆိုပါတော့...။
အဲသလို ထင်ရှားတဲ့သူတစ်ယောက်က
သေခါနီးကျတော့ ကြောက်ရွံ့ ကြောက်ရွံ့နဲ့
တစ်သက်လုံး သူများအထက်မှာ မျက်နှာထားတင်းတင်းနဲ့ နေလာပြီးနောက်
သေခါနီးကျမှ မျက်နှာလေးငယ်ငယ်နဲ့ တကတဲ ယမမင်းရဲ့ အောက်မှာ ကြို့ပြီးသကာလ ပြားပြားဝပ်ရမယ့်အခြေအနေမျိုးဟာ သိပ်ကြောက်စရာ ကောင်းတာဘဲ၊
ဒီတော့ ဘုန်ကြီးက သေလဲရဲရဲသေဖို့ အရေးကြီးတယ်၊ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ သတ္တိကောင်းကောင်းနဲ့ လာတဲ့သူဟာလေ သေလျှင် ရဲရဲသေကြရမယ်၊
ဘာပြုလို့ မရဲကြသလဲ ဆိုတဲ့ ဥစ္စာလဲ ဘုန်းကြီးတို့စဉ်းစားရမယ်၊
ဒကာသူတော်ရဲ့ လက်တွေ့ စဉ်းစားကြည့်ပါ၊
မိမိ ယခုနေတဲ့ အိမ်ယာ, တိုက်တာတွေဟာ
ဒီ့ထက် အဆပေါင်းများစွာ ထိုက်တန်တဲ့
အသစ်တစ်ခု တည်ပေးပါရစေလို့များ လာပြောလို့ရှိလျှင်
မူလအဟောင်းဖြစ်တဲ့ တိုက်တာကို ဖျက်ရမှာ စိုးသေးသလား၊
ဒါလေးစဉ်းစားရမယ်၊ မစိုးပါဘူး, ဘာပြုလို့လဲ၊
ဒီ့ထက်ကောင်းတဲ့ တိုက်တာ ဒီမှာလာပြီးတော့ တည်ပေးမယ်လို့ ပြောတယ်။
အကောင်းရလျှင် အဟောင်းစွန့်ရဲ
ကဲ...ဘုန်းကြီးမှာပေါ့ ဘုန်းကြီးနေတဲ့ နေရာ ကလေး
အရှင်ဘုရားနဲ့ သပ္ပါယဖြစ်တဲ့ ကျောင်းတစ်ကျောင်း
တပည့်တော်ပြင်ဆင်ချင်လို့ ဒီနေရာလေး နှစ်သက်သလား
ဒါအဟောင်း ကလေးနှစ်တော့ နှစ်သက်သကွဲ့၊
ဒါဖြင့် ဒီထက်ကောင်းကောင်း ကလေးဘုရား အရှင်ဘုရား၊
သပ္ပာယဖြစ်အောင် ဆောက်ပေးမယ် ဆိုရင် ဒီအဟောင်း ကလေးကို
ဖျက်ရက်သလား မဖျက်ရက်ဘူးလား၊
အာ-ဒီထက်ကောင်း မှာဆိုတော့ ဖျက်ပြစ်လိုက်တာပေါ့ ရဲရဲကလေး၊ ဒါထုံစံ၊
အဲဒီလိုပဲ ဘုန်းကြီး၊ ဒီကအလှူ့ဒကာ အလှူ့အမတွေ
ဒီထက်ကောင်းတဲ့ ခန္ဓာကိုယ်နဲ့ ဒီထက် ကောင်းတဲ့ ဘဝမျိုးကိုရမယ်၊
ဒီဘဝမျိုးကလေး ခန္ဓာကိုယ်ကလေးကို နှမြောသေးသလားဆိုတော့
နည်းနည်းတော့နှမြောတယ်၊ ဒါပေမယ့် အိုနေပြီလေ, ဟောင်းနေပြီ လေ, ရင့်ရော်နေပြီလေ၊
ဒီထက်ကောင်းတဲ့ ခန္ဓာကိုယ်ရမှာပဲလို့ သေချာသလား၊ သေချာတယ်၊
သေချာလျှင် ဒီခန္ဓာကိုယ် ဘယ့်နှယ် လုပ်မလဲ၊
"အာ-ဒါတော့ပျောက်သွားပါစေပေါ့ ဘာကိစ္စရှိလဲ၊
ဒီထက် ကောင်းတဲ့ ခန္ဓာကိုယ်ရမှာဘဲ စွန့်ရဲပါတယ်"။
♣ ဇရပ်ဟောင်းကြီး ဖျက်သလို ♣
~~~~~~~~~~~~~~~~~~~
ဥပမာ- နဂိုက ဒီနေရာမှာ ဇရပ်ဟောင်းကြီးတစ်ခု ရှိတယ်ဆိုပါတော့၊
အဲဒီဇရပ်ဟောင်းနေရာမှာ ဒီလိုကောင်းတဲ့ဓမ္မာရုံကြီး တစ်ခု ဆောက်ပါမယ်လို့ ဆိုရင်
ဘုန်းကြီး ကန့်ကွက်မလား၊ ဒီကဘုန်းကြီးက
"ဟဲ့-မဆောက်ရဘူး၊ ငါ့ဓမ္မာရုံနေရာမှာ မဆောက်ရဘူး၊ ငါ့အဟောင်း မဖျက်နဲ့လို့"
ကန့်ကွက်မလား မကန့်ကွက်ဘူး။
"ဟ-မြန်မြန်ဖျက်ပါ ဘယ်တော့ဖျက်မှာတုန်းဒကာရ၊
မင်းကွာ ဒီနား တကတဲ အုက်ဓမ္မာရုံကြီး တည်မယ်လို့ ဆိုတဲ့ဥစ္စာ ဖျက်၊ မဖျက်သေဘူးလား"၊
"ဟော-သူကကြာကြာနေအောင် ထားတောင်မထားချင်ဘူး၊ ဖျက်စေ ချင်တယ်"၊ "ဒီလိုမဆောက်ပါဘူး၊ ရိုးရိုးသားသား နဂိုအတိုင်း ပါဘဲ၊ လွန်ပြင်ကြီးပါဘဲ"လို့ ဆိုလို့ရှိလျှင်"မဖျက်ပါနဲ့မောင်ရာ ငါ့ဓမ္မာရုံလို့ ကန့်ကွက်မယ်"။
အဲဒီလိုပါဘဲ ခန္ဓာကိုယ်အသစ်က
ဒီထက်သာယာတဲ့ ဘဝမျိုးကို ရမယ်ဆိုလို့ရှိလျှင်
လက်ရှိဘဝ ခန္ဓာကိုယ်ကို စွန့်ရမှာမကြောက်ပါဘူး၊
ဒီတော့ ဘုန်းကြီးတို့ မကြောက်တဲ့တရားကိုစဉ်းစားရမယ်၊
လက်ရှိ ဖြစ်တဲ့ အခြေနေကို နာနာကြီးစဉ်းစားကြည့်ရမယ်။
(မဟာဂန္ဓာရုံဆရာတော် ၊ ကိုယ့်ကိုယ်ကိုချစ်လျှင် ကိုယ်ပြုပြင်တရားတော်မှ) ကောက်နုတ်ပူဇော်သည်။
Views: 6
ဘလော့အမျိုးအစား(တရားတော်)

Wednesday, August 8, 2012

တန်ဖိုးရှိသောဥပါသကာ(ဒကာ) ဥပါသိကာမ(ဒကာမ)


မြတ်စွာဘုရားက အောက်ပါ တရားငါးပါးတို့နှင့်ပြည့်စုံသော ဒကာ/ဒကာမကို ရတနာဥပါသကာ ရတနာဥပါသိကာမလို့ မိန့်ကြားတော်မူပါတယ်။ သူတော်စင်များ ဒီတရားငါးပါး ကိုယ့်မှာ ပြည့်စုံပြီလားလို့ ပြန်လည် တွေးတော ဆင်ခြင် သတိဝင်ဖို့အတွက် သေချာ မှတ်ထားလိုက်ကြရအောင်နော်
၁။ ယုံကြည်မှု သဒ္ဓါတရားရှိသူ။
၂။ စောင့်ထိန်းမှု သီလ ရှိသူ။
၃။ ကောတုဟလ မင်္ဂလာကို မယုံကြည်သူ။
၎။ ကံကိုသာယုံကြည်၍ မင်္ဂလာကို မယုံကြည်သူ။
၅။ သာသနာအပြင်ပ၌ အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီးတတ် ဤသာသနာတော်၌သာ လှူဒါန်းတတ်သူ။
ဒီတရားငါးပါးသိသွားပြီဆိုရင် သိတဲ့ အချိန်ကစလို့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိသော ဒကာ ဒကာမဖြစ်အောင် နေနိုင်ဖို့ လက်ခံကျင့်သုံးသွားကြရမယ်နော် ပြီးခဲ့တဲ့ အချိန်တွေကဟာတွေကို ပြန်လည်တွေးတော မဆင်ခြင်ပဲ အခု လက်ရှိအချိန်ကနေ ရတနာဥပါသကာ ရတနာဥပါသိကာမ တန်ဖိုးရှိသောဒကာ တန်ဖိုးရှိသောဒကာမဖြစ်ဖို့ စတင်လို့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့...... အားလုံးသော သူတော်စင် သူတော်ကောင်းများ အမျိုးဘာသာ သာသနာကို ပြန့်ပွားဝေစွာ အဓွန့်ရှည်ကြာအောင် ချီးမြင့်ထောက်ပံ့နိုင်ပါစေ.....
                   သောတုဇန အရှင်ခေမိန္ဒ (khemeinda.zawa1@gmail.com) (Com Lombo/9 Sri Lanka)

Tuesday, July 31, 2012

သီတဂူဆရာတော်ဘုရားကြီး ၏ MP-3 တရားတော်များ

 


MP3 တရားတော်များ
























ပြန်လည်မျှဝေဒါနပြုလိုက်ရပါသည်။
အောင်အောင်(မကစ)