">

Wednesday, July 3, 2013

ဘာသာခြားအမေကို အမျှဝေပုံ

“ဒီလိုလုပ်ပါ ဒကာမလေးရဲ့ မိတ်ဆွေ ဗုဒ္ဓဘာသာတစ်ယောက်အိမ်မှာ ကုသိုလ်လုပ်ပါ။ ပြီးတော့ အဲဒီအိမ်မှာပဲ အမျှပေးလိုက်ပေါ့၊ မိခင်ကို ဖိတ်တဲ့အခါမှာတော့ ဘယ်ရပ်ကွက်၊ ဘယ်လမ်း၊ အိမ်နံပါတ်ဘယ်လောက်မှာ ကုသိုလ်လုပ်မယ်ဆိုတာကိုတော့ သေချာပြောပြီးတော့ဖိတ်ပါ”



“သြော် - ဟုတ်တာပေါ့ အဲဒီအချက်ကို တပည့်တော်မ မေ့နေတာ ကျေးဇူးတင်ပါတယ်ဘုရား၊ တပည့်တော်မ ဆရာတော်ပြောတဲ့အတိုင်း အမျှဝေပေးလိုက်ပါ့မယ်”


တိရောကုသုတ္တန်၌ သံဃဝေယျာဝစ္စ ပြုလုပ်ရင်း ခိုးယူမိသည့်အတွက် ၉၂-ကမ္ဘာတိုင်တိုင် ငရဲဘ၀၊ ပြိတ္တာဘ၀ဖြင့် ဒုက္ခရောက်ရသူများအကြောင်းကို တင်ပြခဲ့၏။ ယခုခေတ်တွင်လည်း ဝေယျာဝစ္စအတွက် လှူသောငွေအနည်းငယ်ကို အလွဲသုံးစားပြုခဲ့သည့်အတွက် ငရဲကျရသူတစ်ယောက်အကြောင်းကို “တက္ကသိုလ် သျှင်သီရိ” ရေးသားသည့် “သေရွာပြန်တို့၏ ဖြစ်ရပ်မှန်ဘ၀အတွေ့အကြုံများ” စာအုပ်တွင် လျှပ်တစ်ပြက်တွေ့လိုက်ရသည်ကို ပြန်လည်တင်ပြပါအံ့။ 

 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment