“တစ်ခါတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရဟန်းသံဃာများစွာနဲ့အတူ ဒေသစာရီ
လှည့်လည်တရားဟောရင်း ကောသလတိုင်းအတွင်းက ထူဏအမည်ရှိတဲ့ ပုဏ္ဏားရွာကြီးရဲ့
အနီးကို ရောက်လာတယ်၊ ထူဏရွာကြီးဟာ မြစ်တစ်ဘက်ကမ်းမှာ ရှိနေတာပေါ့၊
မြစ်ကိုဖြတ်ကျော်ပြီးတာနဲ့ ထူဏရွာကို ရောက်မယ်ပေါ့”
သူတို့တစ်ရွာလုံးဟာ
ဘာသာခြားတွေချည်းပဲ ဖြစ်တဲ့အပြင် ဣဿာမစ္ဆရိယ လွှမ်းမိုးနေခဲ့တဲ့သူက အများစု
ဖြစ်နေတယ်၊ ဒါ့ကြောင့် ဘုရားရှင်သူတို့ ရွာထဲကြွလာလို့မရအောင်
လှေအားလုံးကို ၀ှက်ထားကြတယ်၊ မြစ်ကူးတံတားတွေကိုလည်း ဖျက်ဆီးပစ်ကြတယ်၊
ရွာထဲမှာရှိတဲ့ ရေအိုးစင်မှန်သမျှကိုလည်း ဖျက်ဆီးပြီး ရေတွင်းတစ်တွင်းသာ
သူတို့သုံးဖို့ချန်ထားပြီး ကျန်တဲ့တွင်းအားလုံးကို
မြက်ထုံးတွေပြည့်အောင်ထည့်ပြီး ပိတ်ဆို့ထားလိုက်ကြတယ်။
အဲဒီအကုသိုလ်စိတ်တွေနဲ့
သေရင်ကိုပဲ ဒီရွာသူရွာသားအားလုံးဟာ အပါယ်ငရဲကို ကျကြမှာ၊ ဒါ့ကြောင့်
ဘုရားရှင်ဟာ ဈာန်အဘိညာဉ်သုံးပြီး မြစ်ကိုကျော်ကာ ရွာတွင်းကိုရောက်အောင်
ကြွသွားတယ်၊ ရွာထဲကျတော့ သစ်ပင်ရိပ်တွေမှာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေဟာ
ထိုင်နေတော်မူကြတယ်။
ရွာထဲမှာ
အရေးပေါ်ဥပဒေတစ်ခုလည်း သတ်မှတ်ထားတယ်၊ ဘုရားရှင်နဲ့ ရဟန်းတော်များကို
မည်သူမျှ ခရီးဦးကြိုဆိုခြင်း မပြုရ။ မည်သူမျှ
ဆွမ်းလောင်းလှူခြင်းမပြုရဆိုတဲ့ ဥပဒေပဲ။ ဒီအချိန်မှာ ပုဏ္ဏားတစ်ဦးအိမ်က
ကျွန်မလေးတစ်ယောက်ဟာ ရေခပ်လာရင်း ဘုရားရှင်နဲ့ သံဃာတော်များကိုတွေ့သွားတော့
အလွန်ကြည်ညိုသွားတယ်။
သောက်ရေလှူဒါန်းချင်တဲ့
သဒ္ဓါဓာတ်တွေဟာလည်း တဖွားဖွားဖြစ်ပေါ်လို့လာတယ်၊ ဒီလိုလှူခဲ့ရင် သူ့သခင်နဲ့
ရွာသားတွေက ၀ိုင်းပြီးရိုက်သတ်နိုင်တယ် ဆိုတာကိုလည်း သူသိတယ်၊ ဒါပေမဲ့
ကျွန်မလေးဟာ သူ့အသက်ထက် ရတနာသုံးပါးကို ပိုပြီးတန်ဖိုးထားတယ်။
ဘုရားရှင်ကို
ရိုသေစွာရှိခိုးပြီး ရေအိုးတစ်အိုးလုံး ကပ်လှူလိုက်တယ်၊ ဘုရားရှင်နဲ့
သံဃာတော်ပေါင်းများစွာ ဘုဉ်းပေးကြပေမယ့်၊ သူ့အိုးထဲကရေဟာ မလျော့ဘူး၊
ပြည့်နေတဲ့အိုးကို ဒီအတိုင်း ပြန်ရွက်ပြီး အိမ်ဘက်ကိုလှည့်ထွက်ခဲ့တယ်၊
ဒီအချိန်မှာ သူ့သခင်ပုဏ္ဏားသူဌေးကလည်း ဒေါသဖြစ်ဖြစ်နဲ့ လိုက်အလာ
လမ်းမှာတွေ့ကြတယ်။
ပုဏ္ဏားသူဌေးက
ဒေါသကိုမထိန်းနိုင်ဘဲ ကျွန်မလေးကို မြေပြင်ပေါ်တွန်းလှဲပြီး
လက်နဲ့မျက်နှာကိုရိုက်၊ ခြေနဲ့ရင်ဝကိုကန်တယ်၊ ကျွန်မလေးဟာ
အဲဒီနှိပ်စက်တဲ့ဒဏ်နဲ့ပဲ သေပွဲဝင်ရရှာတယ်။
ကျွန်မလေးဟာ
လူ့ဘ၀ကသေတော့ နတ်ပြည်ကို ရောက်ရတယ်၊ ရတနာမျိုးစုံစီခြယ်ထားတဲ့
ဗိမာန်ကြီးရဲ့ တံခါးဝမှာ အဆင်းငါးမျိုးရှိတဲ့ ကြာပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့
မြစ်ကြီးတစ်မြစ်နီးပါး ကြီးမားတဲ့ ရေကန်ကြီးတစ်ကန်ပေါ်ပေးရတယ်၊
ရေကန်ကြီးထဲမှာ ရွှေနဲ့သွန်းလုပ်ထားတဲ့ လှေတစ်စီးလည်းရှိတယ်၊ နတ်သမီးလေးဟာ
အဲဒီလှေကိုစီးပြီး မြူးတူးပျော်ပါးနေတယ်။
ဒီအချိန်မှာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်အာနန္ဒာကို ရေသွားယူဖို့ရေတွင်းရှိရာကို
စေလွှတ်တယ်။ အရှင်အာနန္ဒာက ထူဏရွာသားတွေ မြက်ထုံးတွေနဲ့
ပိတ်ဆို့ထားတဲ့အတွက်ကြောင့် ရေကိုယူလို့မရနိုင်ကြောင်း လျှောက်ထားတယ်၊
မြတ်စွာဘုရားကလည်း ရေကိုယူခဲ့ဖို့ထပ်ခိုင်းနေတယ်။
သုံးကြိမ်မြောက်ထိ
ခိုင်းတဲ့အခါမှာတော့ အရှင်အာနန္ဒာဟာ ပြန်မလျှောက်ရဲတော့ဘဲ ဘုရားရှင်ရဲ့
သပိတ်တော်ကိုယူပြီး ပိတ်ဆို့ထားတဲ့ ရေတွင်းတစ်တွင်းရှိရာကို ထွက်လာခဲ့တယ်၊
အရှင်အာနန္ဒာ ရေတွင်းနားရောက်ခါနီးအချိန်မှာပဲ ရေတွင်းထဲက ရေတွေဟာ
စက်နဲ့ပန်းထုတ်သလို ကန်ထွက်လာပြီး အရှိန်အဟုန်နဲ့ ရွာထဲကို စီးဆင်းသွားတယ်။
ပိတ်ဆို့ထားတဲ့
မြက်ထုံးတွေပါ ရေနဲ့တစ်ခါတည်း မျောပါသွားတော့တာပေါ့။ ရေအားက ဘယ်လောက်ထိ
ကြီးမားသလဲဆိုရင် ထူဏရွာကြီး တစ်ဝက်နီးပါးလောက် မြုပ်သွားတယ်၊ ဒီအချိန်ကျမှ
ရွာသားအားလုံး သူတို့အမှားကိုသိသွားပြီး ဘုရားရှင်ကို
ကန်တော့တောင်းပန်ကြတယ်၊ အဲဒီအခါကျမှ တွင်းထဲက ရေတွေပန်းထွက်တာ ရပ်သွားတယ်။
နောက်နေ့မှ
ထူဏတစ်ရွာလုံးက ဘုရားအမှူးရှိတဲ့ သံဃာတော်များကို ဆွမ်းကပ်လှူကြတယ်၊
တရားနာခါနီး လူအားလုံး စုံတဲ့အချိန်ကျမှ နတ်သမီးလေးဟာ သူ့ရဲ့ဘ၀ချမ်းသာကို
ရွာသားတွေ သိစေချင်တဲ့အတွက် ဗိမာန်ကြီးနဲ့ဆင်းလာပြီး ဘုရားရှင်ကို
ရှိခိုးနေတယ်၊ ထူဏရွာသားတွေအားလုံး အံ့သြငေးမောနေတဲ့အချိန်မှာပဲ
ဘုရားရှင်ရဲ့ အမေးကြောင့် နတ်သမီးလေးဟာ သူ့ရဲ့အသက်စွန့်ရတဲ့
ရေအလှူအကြောင်းကို သေချာလျှောက်ထားတယ်”
“အားကျစရာပါပဲဘုရား
တပည့်တော်မလည်း အဲဒီမိန်းကလေးကို ရတနာသုံးပါးအတွက်ဆိုရင်
အသက်ကိုစွန့်ပါမယ်ဘုရား။ နောက်ကိုဘယ်တော့မှ မဆုတ်ပါဘူး။ ဆရာတော်ကို
နောက်တစ်ခုမေးချင်တာက တပည့်တော်မ အမေဆုံးတာ နှစ်နှစ်ကျော်သွားပါပြီ။
တပည့်တော်မတို့ဘာသာက ဘာသာရေးဆရာတွေနဲ့ ကုသိုလ်ပြုပြီး အမျှပေးပေမယ့်
အမေ့မှာ ဘာမှမရဘူးဘုရား”
“ဒီအကြောင်းတွေကို ဒကာမလေး ဘယ်လိုလုပ်သိသလဲ”
“ဒီအကြောင်းတွေကို ဒကာမလေး ဘယ်လိုလုပ်သိသလဲ”
“အမေက အိပ်မက်ပေးလို့ သိတာပါ။ အဲဒါ တပည့်တော်မ ကုသိုလ်လုပ်ပြီး စိတ်ထဲက အမျှဝေနေတာ အမေရပါ့မလားဘုရား”
“စိတ်ထဲက အမျှဝေရုံနဲ့တော့ မရနိုင်ဘူး”
“စိတ်ထဲက အမျှဝေရုံနဲ့တော့ မရနိုင်ဘူး”
“ပါးစပ်က အသံထွက် အမျှဝေရင်လည်း ကျန်တဲ့သူတွေသိသဓွားရင် ပြဿနာဖြစ်မှာ အဲဒါတပည့်တော် ဘယ်လိုလုပ်ရမလဲဘုရား၊ အကြံပေးပါဦး”
မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
You might also like:
No comments:
Post a Comment