ကထိန်အလှူရှင်များသည် အဓိကနှင့်သာမညကို မခွဲတတ်သူက များသည်။
ကထိန်ခင်းမည်ဆိုလျှင် အဓိကသည် ကထိန်ခင်းသောကျောင်းမှ သံဃာတော်အပါးစေ့
သင်္ကန်းအကောင်းစား တစ်စုံစီရဖို့ဖြစ်သည်။ သာမညသည် ဖိတ်ထားသော ပရိသတ်ကို
ကျွေးမွေးခြင်းဖြစ်သည်။ ယခုခေတ်ကထိန်ပွဲလုပ်နည်းမှာ အလှူခံရထားသောငွေ
၂၅-သိန်းဆိုလျှင် သင်္ကန်းပရိက္ခရာအတွက် ငါးသိန်းခန့်ပဲ သုံးသည်။ ကျန်သော
နှစ်ဆယ်သည် ပရိသတ်အကျွေးအမွေးထဲပါသွားသည်။
အမှန်ကား
ထိုသို့မဖြစ်သင့်။ ကျောင်းရှိ သံဃာအားလုံးအတွက် သင်္ကန်းအကောင်းစား
(တစ်စုံလျှင်နှစ်သောင်းခန့်တန်) တစ်စုံစီရအောင် ၀ယ်လိုက်ပြီး
ကျန်သောငွေများကိုမှ ထိုက်သင့်သမျှ ပရိသတ်ကိုဧည့်ခံသင့်သည်။ လက်ကျန်ငွေ
နည်းနေလျှင်မုန့်ဟင်းခါး၊ များလျှင် ထမင်းစသည်ဖြင့် တော်သလို စီမံသင့်သည်။
ယခုကား
ထိုသို့မဟုတ်။ သာမညဖြစ်သော ပရိသတ်ကျွေးမည့်ငွေကို အရင်ထုတ်လိုက်ပြီး
ထိုမှပိုသောငွေကိုမှ အဓိကဖြစ်သော ကထိန်သင်္ကန်းကို ၀ယ်ယူရာ အဘယ်မှာလျှင်
ကျောင်းရှိသံဃာအားလုံးကို စေ့ငဌအောင် သင်္ကန်းလှူနိုင်ပါမည်နည်း။
စာရေးသူသည်
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တွင် ၁၉၈၅ မှ ၁၉၈၈အထိ
လေးနှစ်တိတိနေခဲ့သော်လည်း ကထိန်သင်္ကန်းနှင့် ၀ါဆိုသင်္ကန်းတစ်စုံမှ
မရခဲ့ဖူးပေ။
ဝါဆိုသင်္ကန်းကပ်ပွဲများကိုလည်း
ကထိန်သင်္ကန်းကပ်ပွဲကဲ့သို့ ပြုပြင်ကြမည်ဆိုလျှင် စာသင်သား သံဃာများအတွက်
ပိုမို အဆင်ပြေလာစရာ အကြောင်းရှိပေ၏။
မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment