">

Monday, June 17, 2013

အသီးအနှံစားသော သတ္တ၀ါတို့၏ အင်္ဂါ ၉-ချက်

၁။ မွေးမွေးချင်း မျက်စိပွင့်ခြင်း၊

၂။ သူတစ်ပါးကို ဖမ်းယူနိုင်ဖို့ ချွန်ထက်ကောက်ကွေးသော ခြေသည်း၊ လက်သည်း မရှိခြင်း၊
၃။ ချွန်ထက်၍ ကွေးသော သွား၊ အစွယ်မရှိခြင်း၊

၎။ ခံတွင်း၌ သွားရည်မပြတ်ရှိခြင်း၊


၅။ ရေကို လျှာဖြင့် မလျက်ဘဲ စုပ်၍ သောက်ခြင်း၊

၆။ ပူအိုက်လျှင် ချွေးထွက်ခြင်း၊

၇။ အူမသည် ခန္ဓာကိုယ်ထက် ၁၂-ဆ ရှိအောင်ရှည်ခြင်း၊

၈။ တစ်ဖက်သားကို သနားကြင်နာစိတ်ရှိခြင်း၊

၉။ ကာယဗလာ၊ ဉာဏဗလ ကြီးမားခြင်း - တို့ဖြစ်သည်။


နွား၊ သိုး၊ ဆိတ် စသော သတ္တ၀ါများသည် ဖော်ပြပါ အင်္ဂါကိုးချက်နှင့် ညီကြ၏။ အသီးအရွက်ကိုသာ စားသောကြောင့် အူထဲမှာ ထိုအစာများ ကြာကြာနေသော်လည်း မည်သည့်ရောဂါမှ မပေးနိုင်။ ထို့ကြောင့် နွား၊ သိုး၊ ဆိတ်စသော အသီးအရွက်စားသတ္တ၀ါတို့၏ အူသည် အလွန်ရှည်လျားသည်။ အသီးအရွက်များသည် ရောဂါမဖြစ်စေသည့်အပြင် ရောဂါအချို့ကိုပင် ပျောက်ကင်းစေနိုင်၏။


နွားကျင်ငယ်ရေကို ဆေးအဖြစ်သောက်သုံးရန် ဗုဒ္ဓက ရဟန်းတော်များအား ညွှန့်ကြားတော်မူခဲ့သည်။ စာရေးသူကျောင်းမှ ကျောင်းသားလေးတစ်ယောက်သည် သွေးကင်ဆာရောဂါ ဖြစ်နေသဖြင့် တစ်လတစ်ကြိမ် သွေးသွင်းရသည်။ စာရေးသူ ကျောင်းရောက်သောအခါမှစ၍ နွားကျင်ငယ်ရေကို ပုံမှန်သောက်လာရာ ယခုအခါ သွေးကင်ဆာရောဂါပျောက်ပြီး သွေးမသွင်းရသည်မှာ နှစ်နှစ်ကျော်သွားလေပြီ။


စာရေးသူဇာတိ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ်မှ လူငယ်တစ်ဦးသည် ရေဖျဉ်းရောဂါဖြင့် ဆေးမျိုးစုံ၊ ဆရာမျိုးစုံသော်လည်း မပျောက်နိုင် ဖြစ်နေ၏။ ထိုအခါကျမှ နွားကျင်ငယ်ရေကို သောက်ရာ သုံးပါတ်ခန့်သောက်ရုံနှင့် ပျောက်ကင်းသွားခဲ့သည်။ လူသား၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို လေ့လာဆန်းစစ်ကြည့်သောအခါ အသီးအရွက်စား သတ္တ၀ါမျိုးထဲ၌ ပါဝင်နေသည်ကို တွေ့ရသည်။ လူတို့တွင် မိန်းမ၏အူမသည် ၂၈-ပေ ရှည်၍ ယောက်ျား အူမသည် ၃၂-ပေရှည်သည်။


လူသားသည် အသီးအရွက်စားသတ္တ၀ါ ဖြစ်ပါလျက် အသားများကို လွန်ကဲစွာ စားကြသောအခါ ရောဂါမျိုးစုံဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရသည်။ ထိုအချက်ကို ဘုရားရှင်ကိုယ်တိုင် သုတ္တနိပါတ်ပါဠိတော်တွင် ဟောကြားတော်မူခဲ့၏။ 

 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment