">

Monday, June 10, 2013

သီတဂူဆရာတော်ကြီး

 


“ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊
ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊
ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်”
သီတဂူဆရာတော်

တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊
နိုင်ငံရေး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊
သက်စွန့်ကြိုးပမ်း လုပ်နေသူ အကုန်လုံးကို လေးစားတယ်..
သီတဂူဆရာတော်

သီတဂူအဓိဋ္ဌာန်

ငါတို့ဖြစ်ရ
ဤလောက၀ယ်၊
ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ၊
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု
လုလ္လပြုအံ့။ ။

ခန္တီမင်္ဂလာ


နှိပ်စက်စော်ကား၊ အမှုများ၊ ခံထား ခန္တီပါ။
ချမ်းပူ စထား၊ ဘေးဒဏ်များ၊ ခံထား ခန္တီပါ။

ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။
ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။

No comments:

Post a Comment