">

Monday, January 14, 2013

ဋီကာချဲ့တဲ့ကဗျာ

တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ် 
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။

စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ 
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ  ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။
ဘာကိုလဲ ဘာကြောင့်လဲ
ငါ   တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး ။

အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ  ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
လောဘတွေ အတ္တတွေမှာ
ရောင်စဉ်က နိတ္တိ
သံယောဇဉ်နဲ့  ချစ်ခြင်းမှာတော့ 
ရောင်စဉ်တွေ သံစဉ်တွေအပြည့်ပေါ့
ဘောင်ခတ်မရတဲ့ လောကထဲ 
ငါ့ရဲ့ ကဗျာတွေ
ကမ္ဘာကျော်လဲ မဟုတ်သလို
ခေတ်ရဲ့ ရေစီးကြောင်းထဲလဲ
ငါ
မမျောနိုင်ဘူး  
ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ  ဖွင့်ထားပြီး   
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ   ကြိုဆိုနေမှာပါ

No comments:

Post a Comment