ဝေးးးးးးးးးးးးးးးးးး ပျော်ထှာ..... နာ့ဘလော့လေးပြန်ဖွင့်လို့ရပြီကွ..... ဟာဟ..
မိုးနတ်မင်းကြီး ပြန်လာပါပြီ.... ထို့ကြောင့် နတ်သားလေးများနှင့် နတ်သမီးလေးများကို ပျော်ပါစေကြောင်း
သတင်းကောင်းပါးအပ်ပါ၏...... ဟိ..... ဘူမှလဲ မေးပဲနဲ့ စွတ်ပြောနေဒယ် ...ဇွတ်.....:P
အစကတော့ မိုးနတ်ရဲ့ ဘလော့လေးဖွင့်မရတာနဲ့ ပတ်သက်လို့
ရယ်စရာဟာသလေးစွက်လို့ ပို့စ်လေးတစ်ပုဒ်လောက်
ရေးပြီးတင်မလို့ပါ.....(အစကပြောပါတယ်) ခု....မဟုတ်တော့ဘူးနော်..အဲလို..:)
အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ကော်နက်ရှင်ကလဲ မကောင်းတာနဲ့အညီ ရှည်လျားလွန်းသော
ထိုပို့စ်ကို တင်ရန် အကြံကိုလက်လျှော့လို့ ( အင်း......ဘလော့နဲ့ဝေးသွားတာ
လ၀က်လောက်ပဲရှိသေးတယ်....လေသံက ခပ်စိမ်းစိမ်း.....အာ......ဟုတ်ပါဘူးးးးးးးး
အဲလိုမထင်ကြပါနဲ့
ဘလော့ဂါမောင်နှမတို့ရယ်....အားလုံးကို မိုးနတ်အရမ်းပဲ
သတိရနေပါတယ်...ပို့စ်လေးကိုလဲ စိတ်ပါလက်ပါနဲ့ရေးပြီး တင်မယ်ကြံကာမှ
လိုင်းကလဲ ၀င်သက်ထွက်သက်..........
တခါတလေဆို လုံး၀၀င်လို့မရတဲ့နေ့တွေတောင် ရှိသေးတယ်...) အဲဒါကြောင့်
ဘယ်သူ့ရဲ့ သဘောတူညီမှုမှ မယူပဲ ကိုယ့်တဦးတည်းရဲ့သဘောနဲ့
ပြတ်ပြတ်သားသားကို
ဆုံးဖြတ်ချက်ချလိုက်ပါတယ် ........ဘာတဲ့........ “ အဲဒိအခန်းကျော်လိုက် ”
.......ကောင်းကွာ......... ဒါထက် မြန်မာပြည်ရဲ့ ကော်နက်ရှင်နဲ့
ပတ်သက်ပြီး မိုးနတ် စာတိုလေးရေးထားတာရှိတယ်....
အားပေးကြအုံးမလား....fb မှာတော့ တော်တော် like ကြတယ်..
ပြီးတော့ မိုးနတ်ကိုလဲ မေးကြတယ်....“ မင်းက ရက်ပါလေဒီလားဟင်” တဲ့ ......
မိုးနတ်ရွတ်ပြမယ်နော်........
ဟာ............................
ဒီကော်နက်ရှင်ကြီးကလဲ ကျ.....ကျ.....ကျ....
စိတ်ဓါတ်တွေလဲ ကျ.....ကျ......ကျ.....
မြန်မာနိုင်ငံကြီးမှာ လူဖြစ်ရတဲ့ ဒုက္ခ
ဘ၀......ဘ၀......ဘ၀.........................(ဟိ ဘာမှလဲ ဟုတ်ပါဘူး....ကြုံတုန်းတင်ပြလိုက်တာပါ..ဒီလိုပဲ)
ပြီးတော့ လူစုံတုန်း ရှင်းပြစရာ တစ်ခုရှိပါတယ်... ( ဒါကတော့ အတည်ပါ )
တကယ်တော့ ဒီအကြောင်းကို သီးသန့်ပို့စ် တစ်ခုအနေနဲ့ ရေးပြီး
တင်မလို့တောင် စဉ်းစားထားသေးတယ် ခုတော့ လူစုံတုန်း
ရှင်းပြလိုက်တော့မယ်နော်........
နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..........
မိုးနတ် ဟိုအရင်ရက်တုန်းက အသဲကွဲနေတယ်လို့ အားလုံးကို မက်ဆေ့ခ်ျပေးဖူးပါတယ်...
ကဗျာအောက်နားလေးတွေမှာပါ....... ဟုတ်ပါတယ်........မိုးနတ်တကယ်အသဲကွဲခဲ့ပါတယ်....
ဒါပေသိ.... ဘလော့ဂါမောင်နှမတွေ အားလုံးထင်မြင်ယူဆနေကြသလို မိုးနတ်ချစ်သူက
မိုးနတ်ကို အသဲခွဲပြီးထားခဲ့လို့မဟုတ်ပါဘူး.... မိုးနတ်တို့ သိပ်ချစ်ရက်နဲ့ မိုးနတ်က
ခုချိန်မှာ သူ့ကို မရွေးချယ်နိုင်သေးလို့ မသေချာတဲ့ အချိန်တွေကို
မျှော်လင့်စောင့်စားမနေကြပဲနဲ့ လမ်းခွဲဖို့ ပြောလို့ သူက စိတ်ဆိုးပြီး မိုးနတ်နဲ့လမ်းခွဲသွားတာပါ....
အဲဒိအတွက် မိုးနတ်သူ့ကို နဲနဲလေးမှ အပြစ်မတင်ခဲ့ပါဘူး....မိုးနတ်ဘက်ကအလွန်ကိုး...
သူကပြောဖူးတယ် မိုးနတ်မှာ အချစ်ထက်ဦးစားပေးရမဲ့အရာတွေ တော်တော်များတယ်ထင်တယ်တဲ့...
ဟုတ်ပါတယ် မိုးနတ်ကလဲ သိပ်ကိုလောဘကြီးတဲ့ ခပ်ဆိုးဆိုးကောင်မလေးမို့
သူ့လို ရိုးသားအေးချမ်းပြီး ရောင့်ရဲ့တင်းတိမ်တတ်တဲ့လူတစ်ယောက်နဲ့
ဘယ်လိုမှကို မလိုက်ဖက်ပါဘူး.....
တကယ်တော့ ရင်ထဲမှာသူ့ကိုသိပ်ချစ်တာပေါ့ (အဲဒါ အမှန်ကို ၀န်ခံတာ....ပြီးတော့ ဘယ်လိုပြောရမလဲ...)
ဘယ်လိုမှကို မပြောတော့ပါဘူးနော်
ဘာကြောင့်ဆို သူ့အကြောင်းတွေကို ပြောရတာ ဘယ်တော့မှ မကုန်နိုင်ဘူးထင်မိလို့ပါ....ဆက်ပြောရင်
မိုးလင်းသွားနိုင်တယ်.....ဒီကြားထဲ ကွန်က ကျသွားရင် မိမိုးနတ်တို့ ငုတ်တုတ်မေ့ရအုံးမယ်လေ...
လိုရင်းကိုပဲ ပြောပါမယ်......မိုးနတ်တို့ အချစ်က အနေဝေးလွန်းတာနဲ့ အမျှ ဖြူစင်ရှင်းသန့်တာနဲ့အညီ
မယုံနိုင်စရာကောင်းလောက်ကို သိပ်ချစ်ကြတယ်....အဲဒါကြောင့် သူနဲ့ဝေးရတဲ့နောက်မှာ မိုးနတ်
သိပ်ခံစားခဲ့ရတာပေါ့.......ပြီးတော့ မိုးနတ်က ကဗျာတွေရေးနေတဲ့သူဆိုတော့ (ကဗျာဆရာမလို့
မပြောဘူးနော်...:) ) ကဗျာရေးတဲ့သူတွေဆိုတာ (ပြောရရင် မောင်လေးတစ်ယောက်က မေးဖူးသလိုပေါ့)
အမ.. ကဗျာဆိုတာ ခံစားချက်ရှိမှရေးလို့ရတာမလားတဲ့ ....အင်း ...အဲဒါလဲမှန်ပါတယ်...ဒါပေမဲ့
အမအတွက်ကတော့ ပတ်ဝန်းကျင်မှာကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခု...ရုပ်ရှင်ထဲက ဇာတ်လမ်းလေး
တစ်ကွက်.....တခါတခါ ဖတ်မိလိုက်တဲ့ စာတိုလေးတစ်ကြောင်း...တခါတခါ အတွေးလေးတစ်စ ဒါမှမဟုတ်
နားထောင်ဖြစ်လိုက်တဲ့ သီချင်းလေးထဲကလဲ ကဗျာတစ်ပုဒ် ထွက်လာတတ်တယ်လို့ ဖြေလိုက်မိတယ်..
အားလုံးပဲ ကဗျာရေးဖူးကြတဲ့သူတိုင်း သိကြမှာပါ....တခါတလေ အတွေးလေးတစ်စရမိတာ..
ညကြီးမင်းကြီး အိပ်ရာထဲရောက်မှ စာအုပ်နဲ့ခဲတံ..ကောက်ကိုင်ပြီး ကမန်းကတန်း ထရေးလိုက်ရတယ်
ခုတလောဆို အဲလိုခဏခဏ ဖြစ်တယ်......ဘာလို့လဲ မသိ..........အာရုံဝင်စားမှုများလာလို့ထင်တယ်:P
(မိုးနတ်က ကဗျာရေးရင် ဘောပင်နဲ့ တစ်ခါမှမရေးဘူး...ခဲတံနဲ့ပဲရေးတယ်....ခဲသားနက်နက်ကလေးနဲ့ခဲတံလေးရယ်....
အကြမ်းစာအုပ်လေးရယ်ကို အနားမှာအမြဲဆောင်ထားရတယ်......တကယ့်ဆရာမကြီးလေသံ) ပြောပြတာပါ..
ဟာ.....ပြောရင်းနဲ့ ဆိုလိုရင်းကပျောက်ပြီး လမ်းကြောင်းကလွဲသွားပြန်ပြီကွာ....တကယ်ပဲ........:)
ပြောချင်တာက မိုးနတ်က ကဗျာတွေရေးဖြစ်နေတဲ့သူဆိုတော့ ကုန်ကြမ်းရတဲ့အခါမှာ (ပြောရရင် ....
အသဲကွဲတယ် ဆိုတာလဲ ကုန်ကြမ်းတစ်မျိုးပေါ့နော်....) အဲဒိအခါ ကိုယ်ခံစားရတာကို အခြေခံပြီး ရင်ဘတ်
ထဲက စကားလုံးတွေက အရောင်စုံထွက်ကျလာတာပေါ့......စိတ်ကြည်နူးမိခဲ့ရတာလေးတွေကို ပြန်တွေး
မိရင် ကဗျာလေးတွေက နူးညံ့မယ်......မိုးနတ်တို့ဝေးကွာသွားရတာကို စိတ်မကောင်းဖြစ်မိတဲ့ အခါကျရင်
ကဗျာလေးတွေက ကြမ်းတမ်းအက်ရှပြီး ခါးသီးနေမှာပေါ့.....တခါတခါ ကဗျာတွေက
ခံစားချက်ပြင်းသွားတဲ့ အခါ လူတွေက မေးကြတယ်....မိုးနတ်ချစ်သူက
တော်တော်ဆိုးလားတဲ့...ဟင့်အင်း
ဆိုးသားဆိုးရင် မိုးနတ်ကသာ ဆိုးတာပဲဖြစ်မှာပါ.....သူကတော့ ...........ထားပါလေ.......
ခုက စလို့ ရှေ့ကို မိုးနတ်ပို့စ်တင်တဲ့အခါမှာ “ ကို ” ဆိုတဲ့ ပုရိသ တစ်ယောက်အကြောင်း ထဲ့ရေးတော့မှာ
မဟုတ်သလို သူနဲ့ပတ်သက်တဲ့ ကဗျာတွေ အသဲကွဲတဲ့အကြောင်းတွေလဲ ပြည်ဖုံးကားချလိုက်ပါပြီ....
နောက်ဆို စိတ်သစ်လူသစ်နဲ့ပဲ မိုးနတ်နေသွားတော့မှာပါ........ကဗျာတွေကိုလဲ အရင်ကထက်
နှစ်ဆတိုးပြီးရေးလို့ ပို့စ်အသစ်တွေကိုလဲ တစ်ပါတ်တစ်ခါ မှန်မှန်တင်ပေးပါ့မယ်......အားလုံးကိုလဲ
အရမ်းပဲသတိရနေပါတယ်.........ရေးရင်းရေးရင်းနဲ့ မထင်မှတ်ပဲ ၀န်ခံချက်တွေများပြီး ရင်ဖွင့်စာလို
ဖြစ်သွားတဲ့ပို့စ်ကို သီးခံပြီးဖတ်ပေးကြတဲ့ မောင်နှမတွေကို ကျေးဇူးအများကြီးတင်ပါတယ်....
(ဖတ်ရတဲ့သူတွေတော့ မသိဘူး.....ရေးသူတော့မယ်...ရင်ထဲ တကယ်ကိုပေါ့သွားတယ်ကွယ်...:D)
အားလုံးနဲ့လဲ မတွေ့ရတာကြာပြီမဟုတ်လားရှင်....ပျော်ရွှင်စရာကောင်းတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေနော်
No comments:
Post a Comment