ဥယျာဉ်တော်မှနန်းတော်သို့ ပြန်ရောက်သောအခါ သီဆို
တီးမူတ် ဖြေဖျော်ကြသည်ကိုပင် ခါတိုင်းကဲ့သို့ ပျော်ရွှင်စွာ မရူစားလို၊
စောစော စက်တော်ခေါ်လေသည်၊ အခြွေအရံမောင်းမတို့လည်း အနီးအပါး၌ အိပ်ကြလေသည်၊
နံ့သာဆီမီးတိုင်များလည်း လင်းလျက်ရှိသည်၊ မောင်မတို့လည်း ဒူးပေါ်
ပေါင်ပေါ်နှင့်၊ တချို့က ပါးစပ်မှ အပုပ်ရေများ စီးကျလျက်၊ တချို့က
လျှာထွက်လျက်၊ တချို့က ဟောက်လျက်၊ တချို့ကလည်း မဖွယ်မရာ လူးလည်း
ယောင်ယမ်းလျက် အိပ်မောကျနေကြကုန်၏။
ဘုရားအလောင်းသည် သန်ခေါင်အချိန် စက်တော်ခေါ်ရာမှ နိုးသောအခါ သင်္ချိုင်းကုန်းမှာ ရောက်နေသလို၊ အိပ်နေသော မောင်းမတို့ကိုလည်း သူသေကောင်များသဖွယ် ထင်မှတ်ကာ ယခုပင် တောထွက်တော့မည် ဟု ဆုံးဖြတ်တော်မူလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment