">

Monday, December 10, 2012

စွန့်ခြင်းကြီး (၅)ပါး


ထို့အပြင် ဘ၀များစွာ ပါရမီဖြည့်ရာတွင် -

(၁) တိုင်းပြည်နိုင်ငံ ထီးနန်းစည်းစိမ်ကို စွန့်၍ ပါရမီဖြည့်ခြင်း (ဓနပရိစ္စာဂ)၊

(၂) သားသမီးတို့ကို စွန့်လှူခြင်း (ပုတ္တပရိစ္စာဂ)၊

(၃) ဇနီးမယားကိုပင် စွန့်လှူခြင်း (ဘရိယပရိစ္စာဂ)၊

(၄) မိမိခန္ဓာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စွန့်လှူခြင်း (အင်္ဂပရိစ္စာဂ)၊

(၅) နောက်ဆုံးအသက်ကိုပင်လျှင် နှမြောတွန့်တိုမူမရှိဘဲ စွန့်လှူခြင်း (ဇီဝိတပရိစ္စာဂ) တို့ကိုလည်း ပြုလုပ်ခဲ့ရသည်၊ စွန့်လွှတ်နိုင်ခဲသော စွန့်လွှတ်ခြင်းကြီးဖြစ်၍ “ပဉ္စမာပရိစ္စာဂ = စွန့်ခြင်းကြီးငါးပါး” ဟု ခေါ်ရသည်။

ပါရမီဆယ်ပါး အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယာသုံးပါး တို့ကို ဘ၀ဆက်တိုင်း စဉ်ဆက်မပြတ် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည့်အတွက် ဘုရားအလောင်းတော် ရယူလိုသော ဆုမှာ တစ်ခုတည်းသာဖြစ်၏၊ သဗ္ဗညုတဉာဏ် ရရှိရေးသာ ဖြစ်သည်။ သဗ္ဗညုတဉာဏ်တော်မှာ လွန်စွာ ကြီးမြတ်လှသဖြင့် ထိုမျှ အချိန်ကြာကြာ ပါရမီတို့ကို ဖြည့်ကျင့် စုဆောင်းခဲ့ရခြင်း ဖြစ်ပေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment