မြတ်စွာဘုရားက အောက်ပါ တရားငါးပါးတို့နှင့်ပြည့်စုံသော ဒကာ/ဒကာမကို ရတနာဥပါသကာ ရတနာဥပါသိကာမလို့ မိန့်ကြားတော်မူပါတယ်။ သူတော်စင်များ ဒီတရားငါးပါး ကိုယ့်မှာ ပြည့်စုံပြီလားလို့ ပြန်လည် တွေးတော ဆင်ခြင် သတိဝင်ဖို့အတွက် သေချာ မှတ်ထားလိုက်ကြရအောင်နော်
၁။ ယုံကြည်မှု သဒ္ဓါတရားရှိသူ။
၂။ စောင့်ထိန်းမှု သီလ ရှိသူ။
၃။ ကောတုဟလ မင်္ဂလာကို မယုံကြည်သူ။
၎။ ကံကိုသာယုံကြည်၍ မင်္ဂလာကို မယုံကြည်သူ။
၅။ သာသနာအပြင်ပ၌ အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီးတတ် ဤသာသနာတော်၌သာ လှူဒါန်းတတ်သူ။
ဒီတရားငါးပါးသိသွားပြီဆိုရင် သိတဲ့ အချိန်ကစလို့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိသော
ဒကာ ဒကာမဖြစ်အောင် နေနိုင်ဖို့ လက်ခံကျင့်သုံးသွားကြရမယ်နော် ပြီးခဲ့တဲ့ အချိန်တွေကဟာတွေကို
ပြန်လည်တွေးတော မဆင်ခြင်ပဲ အခု လက်ရှိအချိန်ကနေ ရတနာဥပါသကာ ရတနာဥပါသိကာမ တန်ဖိုးရှိသောဒကာ
တန်ဖိုးရှိသောဒကာမဖြစ်ဖို့ စတင်လို့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့...... အားလုံးသော
သူတော်စင် သူတော်ကောင်းများ အမျိုးဘာသာ သာသနာကို ပြန့်ပွားဝေစွာ အဓွန့်ရှည်ကြာအောင်
ချီးမြင့်ထောက်ပံ့နိုင်ပါစေ.....
သောတုဇန အရှင်ခေမိန္ဒ
(khemeinda.zawa1@gmail.com) (Com Lombo/9 Sri Lanka)
No comments:
Post a Comment