">

Saturday, August 11, 2012

ရယ်စရာ ကောင်းတဲ့လူ

ဒီလောကကြီးတွင်လေ့လာမှတ်သားစရာ ဗဟုသုတများမှာ အလွန်များပြားလှပါသည်။

ဒါကြောင့် အကြောင်းအရာအားလုံးကို ကျွန်တော်တို့အကုန်မသိနိုင်ပါ။ သို့သော် ကျွန်တော်တို့သည်

ကိုယ်သိထား တက်ထားတာလေးကိုပင် အတော်တတ်ပြီထင်ပြီး မင်းကငါ့လောက်သိလို့လား

မင်းကဘာတတ်လို့လည်း ဆိုတာမျိုးလေးတွေ နဲ့ ကိုယ့်ကိုကိုယ် မာန်တတ်နေကျတဲ့လူတွေကိုကြည့်ပြီးတော့လည်း

ရယ်ချင်မိပါသည်။ အမှန်က ကိုယ်သိတာကို နောက်လူမျှဝေ နောက်လူက ကိုယ့်ထက်သာရမည်သာဖြစ်သည်။ဒါမှ ငါတို့မင်းတို့ရဲ့

လူမျိုး၊ ငါတို့မင်းတို့၏ နိုင်ငံ တိုးတက်မည်သာဖြစ်သည်။


လူသတ္တ၀ါတစ်မျိုးသာလျှင် ရယ်မောတတ်သည်။

ရယ်စရာကောင်းသည်မှာလည်း လူသတ္တ၀ါပင်ဖြစ်သည်။

" Man is the only creature end owned with the power of laughter;

is he not the only one that deserves to be laughed at?"


       သတ္တ၀ါအားလုံးတွင် လူတစ်မျိုးသာလျှင် ရယ်တတ်သည် ဟူသောအချက်ကိုပင် ကျွန်တော်တို့က သေသေချာချာ မတွေးခဲ့မိကြပါ။

ခုလိုပြောလိုက်မှ "ဟုတ်သားပဲဟု" တွေးမိလိုက်ကြပါသည်။ ထိုစကားကိုတွေးမိလိုက်တော့မှ လူသာလျှင် ဘာသာစကားပြောတတ်သည်

ဟူသောအချက်ကို သွားသတိရပြီး ဒါကြောင့် လူတစ်မျိုးသာလျှင် လိမ်ပြောတတ်သည်ဟု ကောက်ချက်ချမိပြီး တစ်ယောက်တည်း

ပြုံးလိုက်မိပါသေးသည်။ စကားမပြောတတ်လျှင် မုသာဝါဒကို ကျူးလွန်နိုင်ပါတော့မည်လား။

        လူသားစား လူရိုင်း တစ်ဦးနှင့် တိုင်ကြီးပြည်ကြီးသား တစ်ယောက် စကားဆိုခန်းလေးကိုပြောပြချင်ပါသည်။

တိုင်းကြီးသား- မင်းတို့ဟာလူတွေကို သတ်ပြီး အသားစားကြတယ် ။ သိပ်ရိုင်းတယ်။

လူရိုင်း        - မင်းတို့လည်း သတ်ကြတာပဲ။

တိုင်းကြီးသား- ဟုတ်တယ်လေ သတ်တယ်။ ဒါပေမယ့် အသားကိုမစားဘူး။

လူရိုင်း         - ဟ...... အဲဒါက ပိုမရိုင်းဘူးလား။ အသားလည်း မစားဘဲနဲ့ သက်သက် သတ်နေတာမဟုတ်လား။

       ရုတ်တရက်ကြည့်လိုက်တော့ ဟာသလေးတစ်ခုလောက်သာ ဖြစ်နေသော်လည်း သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင်

ရယ်စရာကောင်းသော သတ္တ၀ါ မှာ လူပင်ဖြစ်သည်ဟူသောအချက်ကို ငြင်းနိုင်ရန် အတော်ခက်နေကြောင်း စာဖတ်သူ တွေ့

မိပါလိမ့်မည်။

       မြန်မာဆိုရိုးများတွင် မြေကြီး၏ ရယ်ခြင်း၊ ရွှေငွေ၏ ရယ်ခြင်း စသော စကားများကို စာဖတ်သူများလည်း ကြားဖူးမည်မှာ မုချ

ဖြစ်ပါသည်။  လူတွေက "ဒီမြေကို ငါပိုင်တယ် ဧကဘယ်လောက်ရှိတယ်" စသည်ဖြင့်ပေါ့  ပြီးတော့ ပြောတဲ့သူက မြေကြီးထဲ ရောက်သွား

ပါလေရော။ သည်တော့ မြေကြီးက ရယ်သည်ပေါ့။ ရွှေငွေစသည်တို့ကိုလည်း လူတွေက "ဒါက ငါရွှေ ငါ့ငွေ" ပေါ့။ ပြီးတော့ အဲဒါတွေက

ကိုယ်မရှိတော့ ကိုယ့်သားလက်ထဲရောက်ပေါ့ ဒါမှမဟုတ်တခြားလူဆီပေါ့ တစ်လက်ပြီးတစ်လက် ပြောင်းလာလိုက်သည်မှာ မရေမတွက်

နိုင်လေတော့ ရွှေနဲ့ငွေက ရယ်သည်ပေါ့။ ခုငါတို့မင်းတို့ဝတ်ထားတဲ့ လက်က လက်စွပ်ကလေးနဲ့ လက်ထဲက ပိုက်ဆံတွေကလည်း

ငါတို့မင်းတို့ကို ရယ်မောနေမည်လေလားမသိ။ ဒါက ရယ်တက်ကျတဲ့ ရယ်စရာကောင်းတဲ့ လူတွေရဲ့ ပုံပေါ်လွင်နေသည် မဟုတ်လား။

ရယ်စရာကောင်းတဲ့လူချင်းအတူတူ ငါတို့မင်းတို့ရဲ့ ဘ၀ကိုအကျိုးရှိရှိ နဲ့ဖြတ်သန်းဖို့ ပြောလိုက်ပါရစေနော်။

ဖတ်ဖူး မှတ်ဖူးတဲ့စာလေးတွေပြန်ရေးပြီးမျှဝေလိုက်ပါသည်။

ဂျွန်ဖြိုး♥♥ဖူးစာရှင်လေး♥♥

i.love.fusarshinlay@gmail.com

No comments:

Post a Comment