">
Showing posts with label နည်းလမ်း. Show all posts
Showing posts with label နည်းလမ်း. Show all posts

Thursday, February 21, 2013

နုပျိုခြင်း၏ လျှို့ ဝှက်ချက်များ

အရွယ်နှင့် မလိုက်အောင် နုပျိုသူတို့ သည် သူတို့ ၏ ဘ၀တွင် ချစ်ခင် စုံမက်မှုကို ရှေ့ တန်း တင်ခြင်း၊ လူတိုင်းနှင့် ပေါင်းသင်းတတ်ခြင်း၊ သားသမီး နည်းခြင်း၊ ကျန်းမာသော ခန္ဓာကိုယ် ရှိသည့်အပြင် လေ့ကျင့်ခန်းများ မှန်မှန်လုပ်ခြင်း၊ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပြီး နိုးလာလျှင် လန်း ဆန်းနေခြင်း၊ ခရီး များများ သွားတတ်လေ့ရှိခြင်း၊ စာများများ ဖတ်ပြီး တီဗွီ အကြည့်နည်း ခြင်း၊ ၄င်းတို့ ၏ မိဘများသည် ကျန်းမာပြီး အသက်ရှည်သော စရိုက် လက္ခဏာများ ရှိခြင်းတို့  ကြောင့် ဖြစ်သည်။ အိုမင်းခြင်း အပေါ် မျိုးရိုးဗီဇ လွှမ်းမိုးမှု အလွန် နည်းပါးသည်။ နုပျိုလိုသူတို့ အတွက် လေ့ကျင့်ခန်း လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ခန္ဓာကိုယ်ကို ကြံ့ခိုင် စေသည်သာမက ဥာဏ်ရည် ဖွံ့ ဖြိုးမှု ကိုလည်း ဖြစ်စေသည်။ ကိုယ့်ကိုကိုယ် သိပ်မ တက်ကြွဘူး ထင်လျှင် လမ်း မြန်မြန် လျှောက်ပါ။ တစ်ပါတ် လျှင် ၃ကြိမ်၊ တကြိမ်ကို မိနစ် ၂၀ မှ မိနစ် ၃၀ အထိ လမ်းလျှောက်ခြင်းသည် ခန္ဓကိုယ်ကို ပိုမို ကြံ့ခိုင်စေသည်။

အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့

အောင်မြင်မှုသူများတွင်တွေ့ရှိရသော အချက်များ 
၁။ မိမိကို သတိပြုမိအောင် လုပ်ပြခြင်း 
၂။ ပထမဆုံးပေးအပ်သည့်တာဝန်ကို လိုသည်ထက်ပို၍ ကျေပွန်အောင် ဆောင်ရွက်ခြင်း 
၃။ မိမိလုပ်ငန်းနယ်ပယ်ကို ကျွမ်းကျင်နှံ့စပ်အောင်လေ့လာခြင်း 
၎။ ဖြစ်ရမည် စိတ်ချဟု အာမခံရဲခြင်း 
၅။ လုပ်ငန်းကိစ္စ၌ အမြဲစိတ်ထက်သန်မှုရှိခြင်း 
၆။ ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်လုပ်ကိုင်တတ်ခြင်း 

သင် လူတော မတိုးရဲဘူးလား

လူအချို့တွင် လူကြောက်သည့်ရောဂါရှိ တတ်ကြ၏။ သူတို့အဖို့ သူစိမ်းတစ်ရံစာအများကြားတွင် မနေတတ်ကြ။ စကားစမြည်းပြောဆိုဆက်ဆံ၇မည်ကိုလည်း အလွန်အမင်းကြောက်ရွံ့နေကြ၏။ အမျိုး သမီးတစ်ဦးဆိုလျှင် သူ၏ ခင်ပွန်းနှင့်အတူသွားရာမှာပင် ခင်ပွန်းသည်၏ မိတ်ဆွေအပေါင်းအသင်းများ နှင့် ဆက်ဆံရန် စိုးရွံ့နေတတ်သည်။ ထိုမျှမက သူ၏သားသမီးများ ကျောင်းမှ ပွဲလမ်းများကိုလည်း တက်ရောက်ရန် ကြောက်ရွံ့နေလေ၏။ “ကျွန်မလူတွေနဲ့ တွေ့ဆုံပြောဆိုရမယ့် ပွဲလမ်းမျိုးကို တတ်နိုင်သမျှရှောင်ပါတယ်။ သူစိမ်းတစ်ယောက် နဲ့ မျက်နှာချင်းဆိုင်မိမှာကိုလည်း စိုးရိမ်တာအမှန်ပဲ။ မလွှဲသာလို့ သာရေး၊ နာရေးသွားရပြန်ရင်လည်း ရောက်တာနဲ့ အိမ်ပြန်မယ့်အချိန်ကိုသာ စိတ်တထင့်ထင့်နဲ့ စောင့်နေမိတော့တယ်” ဟု ပြောဖူး၏။ ယခုတော့ သူထိုသို့ မဟုတ်တော့ပါ။ ပွလမ်းသဘင်တိုင်းလိုပင် တက်ရောက်၍ လူတောတိုးနေပြီ ဖြစ်သည်။

မှတ်ဥာဏ်ထက်သန်စေမည့် နည်းငါးသွယ်

စကားလုံးအသုံးအနှုန်းတစ်ခုခုကို ပြောခါနီးမှ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား။ ဦးနှောက်တစ်သျှူးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက်ပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ မှတ်ဥာဏ်တွေ အခုထက်ပိုပြီး ထက်မြက်စေဖို့ ဦးနှောက်လေ့ကျင့်ပေးမယ့် နည်းတွေရှိပါတယ်။ ၁။ စိတ်အေးအေးထားပါ စိုးရိမ်ပူပန်စိတ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ်အသစ်ဖြစ်ပေါ်ဖို့လည်း တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။ ၂။ လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး သီးနှောက်ထက်မြက်စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ ကျုံ့ဝင်ပြီး ဆလ်ြတစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။

၁၀မိနစ်အတွင်း ချက်ချင်း ပျော်ရွှင်စေနည်း

သင့်ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ၄၀% ဟာ အိပ်စက်ခြင်းကနေ ရရှိတာ ဖြစ်ပါတယ်။ ပြိုင် ဆိုင်မှုတွေ များတဲ့ခေတ်၊ တိုးတက်မှု တွေ မြင့်တဲ့ခေတ်၊ စီးပွားရေးတွေ အပြောင်းအလဲ မြန်တဲ့ ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ လူသားတွေ တဖြည်းဖြည်း မိတ်ဖွဲ့ လာ ကြတဲ့ ရောဂါ တစ်ခုပါ။ ဒီတော့ ဒီခေတ်ကို စိတ်ဖိစီးမှုတွေ များတဲ့ ခေတ်လို့  ပြောရင်လည်း မမှားပါဘူး။ ဒီအဆို မမှားကြောင်း သဘောတူမယ်ဆိုရင် ပျော်ရွှင် သာယာ အေးချမ်းမှုကို အမှန် လိုလားလိမ့် မယ်လို့  ယူဆမိပါတယ်။ အကျဉ်းအကြပ် အခက်အခဲ တွေ့ ချိန်မှာ စိတ်ကို ဘယ်လို ပျော်ရွှင်အောင် ထားရမလဲ ဆိုတာ သိထားသင့်ပါတယ်။ ၁။ စိတ်ကို အမိန့် ပေးခြင်း ကမ္ဘာကျော် စိတ်စွမ်းအား ပညာရှင် ယူရီဂဲလ်လာက ကျွန်ပ်တို့ ရဲ့ ဖုံးကွယ်နေတဲ့ ၉၀% သော စိတ်စွမ်းအင်ကို မသိစိတ်လို့  ခေါ်ကြောင်း ဆိုထားပါတယ်။ ယင်းမသိစိတ်ကို ကောင်းစွာ အသုံးချတတ်မယ်ဆိုရင် သင်ဖြစ်စေချင်တဲ့အတိုင်း အမှန် ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်လို့  ဆိုထားပါတယ်။ Positive Statement တစ်ခု လုပ်လိုက်ပါတဲ့။

ယောကျာ်းကောင်းတစ်ယောက်၏ အင်္ဂါရပ်များ

အမျိုးသမီးများ နှစ်ခြိုက် သဘောကျလေ့ရှိသည့် ယောကျာ်းကောင်း တစ်ယောက်တွင် ရှိသင့် ရှိထိုက်သည့် အင်္ဂါရပ်များကို စာအုပ်တစ်အုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ထား ပါသည်။ (၁)ခေါင်းဆောင်မှုကို ပြသပါ ဖြေရှင်းစရာ အခြေအနေတစ်ခု ကြုံတွေ့ ရပြီဆိုလျှင် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ပါ။ အခြား သူများ လာရောက် ဖြေရှင်းသည်အထိ စောင့်ဆိုင်းနေလေ့ ရှိသော ယောကျာ်းများကို အမျိုးသမီးများက မနှစ်သက်ပါ။ (၂) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပါ ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရဲပဲ တွန့် ဆုတ်နေခြင်း တာဝန်မယူပဲ နေခြင်းမျိုး မပြု လုပ်ပါနှင့်။ ထို့ အပြင် “ခင်ဗျားသဘော အတိုင်းပဲ လုပ်ချင်လုပ် မလုပ်ချင်နေ” ဟူသော စကားမျိုး မပြောသင့်ပါ။ သင့်စိတ်ထဲက ကောင်းမယ်ထင်လျှင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် သင်၏ မိတ်ဆွေအား ထိခိုက်ကောင်း ထိခိုက်နိုင်သော်လည်း မတတ်နိုင်ပါ။

လူတွေကြားမှာ သင်ဘယ်လောက် ထင်ပေါ်နေသလဲ?

တခြားသူတွေ သင့်အပေါ် ဘယ်လိုမြင်နေကြသလဲဆိုတာကို တွေးမိရဲ့လား။ သင့်ပတ်ဝန်းကျင်က လူတွေကြားမှား သင်ဟာနားမည်ကောင်းနဲ့ ကျော်ကြားက ပေါ်ပြူလာဖြစ်နေပါသလား။ အောက်ပါ မေးခွန်းတွေဟာ စိတ်ပညာဆိုင်ရာမေးခွန်းတွေကို အခြေခံထားခြင်းဖြစ်ပြိး သင်ဘယ်လောက်ကျော် ကြားနေသလဲ။ မိတ်ဆွေများနေသလဲဆိုတာကို အကြမ်းဖျင်း အကဲခတ်နိုင်ပါတယ်။ ၁။ သင်ဟာ သင်ရဲ့ထင်မြင်ချက်တွေကို တွေးဆချင့်ချိန်လေ့မရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတတ် ပါသလား။ ၂။ သင့်အခင်ဆုံးသူငယ်ချင်းသုံးယောက်ထက် သင်ကပိုပြီးသာတယ်လို့ ခံစားရသလား။ ၃။ သင်ဟာ တစ်ယောက်တည်းအစာ စားရတာနှစ်သက်လား။ ၄။ သင်ဟာ သတင်းစာခေါင်းကြီး၊ လူသတ်မှုသတင်းတွေ အကြောင်း ဖတ်တတ်ပါသလား။ ၅။ ဒီလို ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်တဲ့ မေးခွန်းမျိုးတွေကို စိတ်ဝင်စားလား။

အကောင်းမြင်စိတ်ရရှိစေရန် နည်းလမ်းများ

ဘ၀မှာ အောင်မြင်ပျော်ရွှင်ဖို့ အကောင်းမြင်စိတ်က အဓိကကျပါတယ်။ အကောင်းမြင်စိတ်ရှိဖို့ အောက်ပါ နည်းလမ်းတွေက ကူညီပါလိမ့်မယ်။ ဒီနည်းတွေဟာ ရိုးတယ်လို့ထင်ရပေမယ့် ကြားဖူးနေကျ ဖြစ်ပေမယ့် လုပ်ကြည့်ပါ။ တကယ်ထိရောက်မှုရှိပါတယ်။  မနက်တိုင်း အကောင်းမြင်စိတ်နဲ့ စတင်ပါ။ “ပျော်လိုက်တာ”၊ “ဒီနေ့ကောင်းတဲ့နေ့ ဖြစ်မျာပဲ”၊ “ ငါက အကောင်းဆုံးပဲ” စတဲ့ အတွေးတွေနဲ့ နေ့သစ်ကိုစတင်လိုက်ပါ။ * မကောင်းမြင်စိတ်ရှိတဲ့သူတွေကို သင့်ဘ၀ကနေ ဖယ်ရှားလိုက်ပါ။ သူတို့ဟာ သင့်ရဲ့ အချိန်ကို ဖြုန်းနေကြသလို သင့်စိတ်ဓာတ်ကိုလည်း ကစေပါတယ်။ အဆိုပါလူတွေကို ဖယ်ရှားလို့မရနိုင်ပါက (သင်ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် သင့်ရဲ့သူဌေးဖြစ်နေပါက) သူတို့အနားမှာ အချိန်နည်းနည်းသာနေ ပါ။ * မကောင်းတာတွေရှောင်ပါ။ သင့်ကို ဆိုး၇ွားစေနိုင်တဲ့ အရာတွေကိုရှောင်ပြီး ကောင်းစေနိုင်တဲ့အရာ တွေကို ဆောင်ပါ။ အကောင်းမြင်စိတ်ရရှိစေရန် နည်းလမ်းများ * တီဗီနဲ့ ရုပ်ရှင်တွေမှာ အကြမ်းဖက်ကားတွေမကြည့်ပါနဲ့။

ပညာရေးနှင့်သက်ဆိုင်သော မှတ်သားဖွယ်ရာ စကားစုလေးများ

ဂျာမန်စကားပုံ - လှေကားတက်မည့်သူသည် အောက်ဆုံးကစ၍ တက်ရ၏။ - ထို့အတူ ပညာသည်လည်း အောက်ဆုံးမှစ၍ အစပြုရ၏။ ပြင်သစ်စကားပုံ - ပညာသည် ငွေကို အများဆုံးမွေးဖွားပေးနိုင်သော ပညာရှိဖြစ်သည်။ ဂရိစကားပုံ - စက်ဝိုင်းသည်အဆုံးမရှိသကဲံသို့ ပညာသည်လည်း အဆုံးမရှိ။ အင်္ဂလိပ်စကားပုံ - ပညာနှင့် လူသည် လိုက်တမ်း ပြေးတမ်း ကစားနေကြသော ကလေးနှစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ အီဂျစ်စကားပုံ - အကောင်းနှင့် အဆိုးကို ပညာမှန်ပြောင်းဖြင့် ကြည့်မှ သိနိုင်သည်။ ယိုးဒယားစကားပုံ - မျက်စိနှင့် မမြင်နိုင်သော အရာအား ပညာနှင့်ကြည့်၍ ရနိုင်သည်။ ဦးချမ်းသာစကားပုံ - ပညာရှိနှင့် ပေါင်းသင်းရခြင်းသည် စိတ်ချမ်းသာ၏။ - ပညာရှိဟု ထင်နေရသူတို့နှင့် ပေါင်းသင်းရခြင်းသည်ကာ စိတ်ဆင်းရဲလှ၏။ အီတလီစကားပုံ - ပညာမရှိသူမှာ ပင်ပန်းကြီးစွာ ရှာဖွေရ၏။ ပညာရှိသူမှာ လွယ်ကူသက်သာစွာနှင့် ရရှိနိုင်၏။ - ပညာသည်အနည်းငယ် ရရှိမှု အနည်းငယ် သက်သာ၏။ ပညာများစွာရရှိမှု များစွာသက်သာ၏။

နွေရာသီမှာ နေပူပူထဲ မဖြစ်မနေ ထွက်ကြရတော့မယ်ဆိုရင်ဖြင့်..

၁။ နေအမြင့်ဆုံး အပူချိန်အမြင့်ဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀နာရီကနေ နေ့လယ် ၂နာရီအချိန်ကို အတတ်နိုင်ဆုံး ရှောင်ပြီးမှ အပြင်ထွက်ပါ။ ၂။ UV ပါတဲ့ ထီး ဒါမှမဟုတ် ဦးထုပ် စတဲ့အမိုးအကာတစ်ခုခုကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိအောင် ဆောင်းသွားပါ။ ၃။ ပူလွန်းအိုက်လွန်းတဲ့ အင်္ကျီအထူကြီးတွေ မ၀တ်ပါနဲ့။ အရောင်ဖျော့ဖျော့ ချည်သားပါးပါးလေးတွေ၊ ချွေးစုပ်တဲ့ အသားအေးအေးလေးတွေကို ပွပွချောင်ချောင်လေး ၀တ်ပေးပါ။ အရောင်ရင့်ရင့်တွေ အထူးသဖြင့် အနက်ရောင်ဟာ နေရောင်ခြည်နဲ့ အပူဓာတ်ကို စုပ်ယူနိုင်တဲ့အတွက် တတ်နိုင်ရင် မ၀တ်တာ အကောင်းဆုံးပါ။ ၄။ တတ်နိုင်သမျှ အရိပ်ထဲမှာ နေပါ။ အရိပ်ရှိတဲ့ဘက်၊ အရိပ်ရှိတဲ့လမ်းကိုရှာပြီး လျှောက်ပါ။ ၅။ ရေတစ်ဘူး ဆောင်သွားပါ။

သူငယ်ချင်းများသို့..စကားလက်ဆောင်များးးးးးးး

၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ ၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ။ ၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ။ ၄။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်။ ၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှည်တည်တဲ့မည် မဟုတ်။ ၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။ ၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် ပိုပြီး ကောင်းမွန်တယ်။ ၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်နော်။ ၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်။ သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် တန်ဖိုးရှိတာပါ။ ၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမဲ့ အချိန်ပေးရတယ်။ ၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ။ ကိုယ်မတတ်နိုင်သေးရင်တော့ မနှောင့်ယှက်ပါနှင့်။