">
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Thursday, February 21, 2013
ရင်ကိုထိစေတဲ့ ကဗျာ
စင်ကာပူရဲ့ ဒုတိယအကြိမ် စာပေဟောပြောပွဲ (2010) တုန်းက ဆရာမောင်စိန်ဝင်းက ကဗျာတွေရွတ်သွားခဲ့ပါတယ်။ ခုတတိယအကြိမ်လည်း သွားနားထောင်ဖြစ်တယ်။ ဒါပေမယ့် ဆရာမောင်စိန်ဝင်း ရဲ့ ကဗျာလေးကိုတော့ ဒီနေ့ထိ စွဲနေတုန်းပဲ။ ဆရာကဗျာရွတ်တုန်းကလည်း နားထောင်ရင်း ရင်ထဲမှာ လှိုက်ခနဲ ဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို အမှတ်တရအနေနဲ့ရော မျှဝေချင်တဲ့အတွက်ပါ blog လေးပေါ်မှာ အတူတူခံစားကြရအောင်ပါ ။
ငှက်တို့၏တေး
မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော်မာန်တင်းပါကွယ့်
ငှက် ဆိုတာက ပျံရင်းသေ
ကဆုန်စိုင်းသလိုပေါ့
မုန်တိုင်းကရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း
ခြင်္သေ့ကမြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိကျောင်းလိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါအဲဒါ ငှက်တို့ရဲ့သမိုင်း
အမျိုးအစား
ကဗျာ
သူငယ်ချင်းသို့
ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ခြင်းသီဝရီမှာ
အပြန်ဟာ အစဖြစ်နိုင်သလို
အလာဟာလည်း အစဖြစ်နိုင်တယ်။
ပြန်ပြီလား သူငယ်ချင်း....
ချစ်ခြင်းဖွဲ့သီဝရီမှာ
ကမ္ဘာလည်တာ မလည်တာထက်
စိတ်ကူးတွေ ရွာမလည်စေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ရာသီစာသီးပွင့်မှုတွေထဲမှာ
ခါတော်မှီလင်းလာတဲ့ပန်းတို့ရဲ့
ဂုဏ်ရောင်ဖွဲ့သီချင်းသံတွေထဲ
မင်းမပျော်ဝင်မိပါစေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ဘ၀ဟာဆုံးမသွားသေးသလို
ကုန်းရုန်းပြီးလျှောက်ရမှာတွေလည်းရှိရဲ့
မင်းဟာမင်း ငါကငါ
မင်းကမ္ဘာ ငါ့ကမ္ဘာမတူပေမယ့်
မင်းရွာနဲ့ငါ့ရွာဟာ တစ်ခုတည်းပဲ။
ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ရင်း နှင်ရင်း
ရောင်နီအလင်းမှာ
သက်ပြင်းတွေကင်းဝေးပါစေ သူငယ်ချင်း။
ပြန်နှင့်သူငယ်ချင်း ပြန်နှင့်....
ငါမရောက်နိုင်သေးတဲ့ မိုင်တိုင်မှာစောင့်ရင်း
ဘ၀အတွက် လင်းနိုင်သလောက်လင်းပြီး
မင်းရဲ့နံနက်ခင်းတွေနဲ့အတူ
လူလားမြောက်နိုင်ပါစေ သူငယ်ချင်း။ ။
(ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံကို အပြီးပြန်သွားပြီဖြစ်သော သူငယ်ချင်းသို့ အမှတ်တ၇
အမျိုးအစား
ကဗျာ
Monday, January 14, 2013
ဋီကာချဲ့တဲ့ကဗျာ
တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့ 
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
အမျိုးအစား
ကဗျာ
မွန်ကြပ်တဲ့ဘဝ
တနေ့ပြီးတနေ့ အရိုးတွေရင့်လဲ
တနေ့ပြီးတနေ့ အသိတွေတိုးမလာ
အတ္တ အလံတွေခိုင်မြဲနေဆဲ
မာနဆိုတဲ့ အသံ ကျယ်လောင်နေဆဲ
ဘာကိုမျှလဲ ရင့်ကျက်မှုမရှိ
မျိုးစေ့မှန် မမှန်သေချာမသိဘူး
ဒီအပင်မသန်တာတော့သေချာနေတယ်
အဖြစ်အပျက်အားလုံး
သဲထဲရေသွန် ဘာမှ အရာမထင်
လူမလေး ခွေးမခန့်တဲ့ ဘဝ
အတွေးအားလုံးကလဲ ခေါက်ရိုးကျိုးနေဆဲ
ခလုပ်ထိတဲ့အချိန်
ဒဏ်ရာဟောင်းအကြောင်းပြောမိကြသေး တယ်
အမျိုးအစား
ကဗျာ
Monday, August 20, 2012
Wednesday, August 1, 2012
♥♫ချစ်နှမငယ်...သို့ (၃)♥♫

ကြယ်တာရာ ၀န်းရံခ
လှမာန်ဝင့်ကြွား
ခန့်ညား သူ့ဟန်
သဏ္ဍန်အေးမြ
ရှုမ၀သည့်
ချစ်သော နှမ
ကန်ရေပြင် ကြည်မြမြ
လိုက်ဖက်စွ အဆင်းသဏ္ဍန်
အလှကြွယ် ရနံ့သင်း
သူ့အဆင်း အလှမာန်
မြင်သူအမှန် ဘ၀င်အေး
လှသွေးကြွ ချစ်နှမ
ပန်းရွှေကြာ............။
နှင်းထုကြားက ပန်းတပွင့်
လှပလို့ဝင့်ထယ်
နှင်းထုကို အံတုရင်း
အပြုံးဖြင့် ခုခံ
သူ့သဏ္ဍန် သူ့အဆင်းကို
အဘယ်သူ ယှဉ်နိုင် အံ့နည်း.......။
သူ့ဘ၀ နှင်းလိုဖြူ
သူ့ဘ၀ နှင်းတမျှအေး
လမင်းသဏ္ဍန်
ရွှေကြာ အဆင်း
ထာဝရ ရနံ့သင်းကာဖြင့်
သူ့အလှ သူ့အဆင်း
တောင်တန်းက နှင်းပွင့်တို့နှင့်အတူ................
နှင်းပွင့်တို့နှင့် အပြိုင်.............။......။...............။ မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
အမျိုးအစား
ကဗျာ
♥♫ချစ်နှမငယ်....သို့ (၂)♥♫

ညီမငယ်..........
သောကအသွယ်သွယ်
လောကအလယ်မှာ
ဒုက္ခတွေကို မိတ်ဖွဲ့
အန္ဒရာယ်ကို ရင်ဆိုင်
ဘ၀ပန်းတိုင်ဆိုတဲ့
အနာဂါတ်တနေရာ
အရောက်လှော်ခတ်လို့
ကျော်ဖြတ်ပါတော့....ချစ်နှမငယ်....။
ခရီးကြမ်းကိုလည်း....
လျှောက်ရဲရမည်.....။
တပ်မက်မှုကို စွန့်ခွါ
အထီးကျန်ကမ္ဘာကိုလည်း....
နေရဲရမည်..........။
လွမ်းဆွတ်မှုကို မျိုသိပ်
အိပ်ပျက်ညတွေကိုလည်း......
ရင်ဆိုင်ရရမည်.......။
အတိတ် ဘ၀ကိုစွန့်ခွါ....
ပစ္စုပ္ပန်ကို ရှေ့ရှု..
မင်းဘ၀ကို ပုံထု
လှပတဲ့ ပန်းချီကားတခုကိုဖန်ဆင်း
အရာရာဟာ မင်းအတွက်
မင်းရဲ့ ခြေတလှမ်းဘဲ.....
စထွက်ခဲ့ပါတော့.........ချစ်နှမငယ်.....။.....။
မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။
6 * 12 * 2011
အမျိုးအစား
ကဗျာ
♥♫ချစ်နှမငယ်.....သို့ (၁)♥♫
ဇွဲစိတ်ကို ရင်း
အားမာန်တင်း ၍
လျှောက်လှမ်းခဲ့ပါ နှမငယ်.....
လောကပင်လယ်ပြင်ကျယ်ကို
လှော်ခတ်မယ်ဆိုရင်ဖြင့်
ကံကြမ္မာလှိုင်းထမ်းပိုးတို့
ရိုက်ခတ်ခြင်းမျိုးတော့
ခံရပင်မလွဲ...။
အားမငယ်ပါနဲ့ နှမငယ်
ဘ၀လှေငယ်ကိုစီး
စိတ်ဓါတ်နဲ့ ခွန်းအားကို
လက်နှစ်ထက်သို့ စုစည်းထား
အသိဉာဏ်လှော်တက်ကို ဆုပ်ကိုင်
ဦးနှောက်ပိုင်းက ပဲ့လုပ်
အပါတ်တကုတ်နဲ့ ကြိုးစား
သင်လိုလားတဲ့ ကမ်းခြေ
နှမအတွက် ဆီးကြိုနေမည်...။......။
မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။
အမျိုးအစား
ကဗျာ
Tuesday, July 31, 2012
♥♫ အဖေ့အတွက် တမ်းတခြင်း ♥♫
'အဖေသိခဲ့ရင်လေ''
တစ်ချိန်တုန်းက
သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့
ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ
သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......
ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့
အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
အဖေ့မျက်ဝန်းတွေက
သိစေချင်နေတယ်လေ......
တကယ်တော့.....
အဖေဆိုတာဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ချွေးနဲ့လွယ်ခဲ့ရသူ တစ်ယောက်ပါ...
လူတွေထဲက လူတစ်ယောက်ဖြစ်ဖို့
လောကရဲ့ တတ်သင့်တဲ့ပညာတွေသင်ပေးရင်း
အသိတရားတွေကို
နှလုံးအိမ်ထဲ စိမ့်ဝင်စီးဆင်းစေချင်တဲ့
အဖေပေါ့......
ဒါပေမဲ့...
ခွေးမြှီးကောက် ကျည်တောက်စွပ်
ကျွဲပါးစောင်းတီး တက်တဲ့
သားသမီးတွေအကျင့်ကြောင့်
အဖေ့မေတ္တာရေတွေ
ကုန်ခမ်းသွားမှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ် အဖေ........
ဇရာထောင်းခဲ့ပေမဲ့ လက်အိုတွေကမ်းလှမ်းရင်း
နောက်ဆုံးထွက်သက်အထိ
ဖေးကူစောင့်ရှောက်ချင်တဲ့
သားသမီး တို့ရဲ့အဖေ
နေ၀င်ချိန်အထိ စိတ်မချခဲ့ဘူးမဟုတ်လား....
သမုဒ္ဒရာဝမ်းတစ်ထွာ ရုန်းကန်ရှာဖွေရင်း
အားအင်အပြည့်နဲ့ အပြုံးတချက်
နှုတ်ခမ်းအထက်မှာ တပ်ဆင်ရင်း
ထမင်းလက်ဆုံစားခဲ့ဖူးတဲ့ နေ့တွေ
သား ... မမေ့သေးဘူး အဖေ.....
မျက်ရည်တစက် အဖေ့အတွက်တဲ့....
ဒီကဗျာရေးတိုင်း
ကျခဲ့တဲ့ မျက်ရည်စတွေက
သတိရမှု အထိမ်းအမှတ်တွေလား
သား မသိဘူး.....
သား သိပ်လွမ်းတယ် အဖေ...
လောကဒဏ်ကို အံတုတုန်း
အထိနာခဲ့တဲ့ အချိန်တွေမှာ
နာကျင်စွာ အော်ဟစ်ရင်း
အဖေ့နားကို အပြေးလာချင်တဲ့
သား ရဲ့စိတ်တွေ အချိန်လွန်မှ
ပြန်လှည့်ချင်တဲ့ နာရီပေါ်ကလက်တံတွေနဲ့
တူနေလေရဲ့.......
အဖေ....
နောင်တဆိုတာပြင်ဆင်ခွင့်တော့ ရှိပါတယ်
ပြန်ဝယ်လို့မရဘူး
အနာဂတ်တော့ရှိပါတယ်
အတိတ်ကိုတော့ မေ့လို့မရတဲ့
စကားလုံးမျိုးပါ
အဖေ.....
အဖေမရှိခဲ့ရင်တောင်မှလေ....အဖေ့သားဟာ
သမိုင်းအသစ်ဖွင့်မဲ့ စာမျက်နှာတွေမှာ
အဖေစကားသံတွေ နားထဲအထပ်ထပ်သွပ်သွင်းရင်း
ဘ၀ရဲ့အကြိမ်ကြိမ် စိမ်ခေါ်မှုမှာ
လျှောက်လှမ်းနေဆဲ ဆိုတာ
အဖေ သိခဲ့ရင်လေ.............
သားရဲ့ အဖေ့အတွက် တန်းတခြင်းတွေဟာ...
....ကမ္ဘာတည်နေသမျှပါ..........................
ဒီကဗျာလေးကို အရမ်းကြိုက်လို့ ကျနောချစ်တဲ့ ဖေဖေအတွက်
ပြန်လည်တင်ပြလိုက်တာပါ
♥♥ အောင်အောင်(မကစ) ♥♥
တစ်ချိန်တုန်းက
သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့
ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ
သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......
ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့
အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
အဖေ့မျက်ဝန်းတွေက
သိစေချင်နေတယ်လေ......
တကယ်တော့.....
အဖေဆိုတာဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ချွေးနဲ့လွယ်ခဲ့ရသူ တစ်ယောက်ပါ...
လူတွေထဲက လူတစ်ယောက်ဖြစ်ဖို့
လောကရဲ့ တတ်သင့်တဲ့ပညာတွေသင်ပေးရင်း
အသိတရားတွေကို
နှလုံးအိမ်ထဲ စိမ့်ဝင်စီးဆင်းစေချင်တဲ့
အဖေပေါ့......
ဒါပေမဲ့...
ခွေးမြှီးကောက် ကျည်တောက်စွပ်
ကျွဲပါးစောင်းတီး တက်တဲ့
သားသမီးတွေအကျင့်ကြောင့်
အဖေ့မေတ္တာရေတွေ
ကုန်ခမ်းသွားမှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ် အဖေ........
ဇရာထောင်းခဲ့ပေမဲ့ လက်အိုတွေကမ်းလှမ်းရင်း
နောက်ဆုံးထွက်သက်အထိ
ဖေးကူစောင့်ရှောက်ချင်တဲ့
သားသမီး တို့ရဲ့အဖေ
နေ၀င်ချိန်အထိ စိတ်မချခဲ့ဘူးမဟုတ်လား....
သမုဒ္ဒရာဝမ်းတစ်ထွာ ရုန်းကန်ရှာဖွေရင်း
အားအင်အပြည့်နဲ့ အပြုံးတချက်
နှုတ်ခမ်းအထက်မှာ တပ်ဆင်ရင်း
ထမင်းလက်ဆုံစားခဲ့ဖူးတဲ့ နေ့တွေ
သား ... မမေ့သေးဘူး အဖေ.....
မျက်ရည်တစက် အဖေ့အတွက်တဲ့....
ဒီကဗျာရေးတိုင်း
ကျခဲ့တဲ့ မျက်ရည်စတွေက
သတိရမှု အထိမ်းအမှတ်တွေလား
သား မသိဘူး.....
သား သိပ်လွမ်းတယ် အဖေ...
လောကဒဏ်ကို အံတုတုန်း
အထိနာခဲ့တဲ့ အချိန်တွေမှာ
နာကျင်စွာ အော်ဟစ်ရင်း
အဖေ့နားကို အပြေးလာချင်တဲ့
သား ရဲ့စိတ်တွေ အချိန်လွန်မှ
ပြန်လှည့်ချင်တဲ့ နာရီပေါ်ကလက်တံတွေနဲ့
တူနေလေရဲ့.......
အဖေ....
နောင်တဆိုတာပြင်ဆင်ခွင့်တော့ ရှိပါတယ်
ပြန်ဝယ်လို့မရဘူး
အနာဂတ်တော့ရှိပါတယ်
အတိတ်ကိုတော့ မေ့လို့မရတဲ့
စကားလုံးမျိုးပါ
အဖေ.....
အဖေမရှိခဲ့ရင်တောင်မှလေ....အဖေ့သားဟာ
သမိုင်းအသစ်ဖွင့်မဲ့ စာမျက်နှာတွေမှာ
အဖေစကားသံတွေ နားထဲအထပ်ထပ်သွပ်သွင်းရင်း
ဘ၀ရဲ့အကြိမ်ကြိမ် စိမ်ခေါ်မှုမှာ
လျှောက်လှမ်းနေဆဲ ဆိုတာ
အဖေ သိခဲ့ရင်လေ.............
သားရဲ့ အဖေ့အတွက် တန်းတခြင်းတွေဟာ...
....ကမ္ဘာတည်နေသမျှပါ..........................
ဒီကဗျာလေးကို အရမ်းကြိုက်လို့ ကျနောချစ်တဲ့ ဖေဖေအတွက်
ပြန်လည်တင်ပြလိုက်တာပါ
အမျိုးအစား
ကဗျာ
Thursday, July 26, 2012
*သွေးမတိတ်သေးဒဏ်ရာ*
သတိရတဲ့စိတ်
တမ်းတတဲ့စိတ်တွေထဲမှာ
မင်းရှိနေခဲ့တယ်
အရာအားလုံးကို
မေ့ချင်ပေမယ့်
အတိတ်ဆိုတဲ့အရိပ်က
လွမ်းဆွတ်မှုအဖြစ်
ထင်ကျန်နေဆဲ
နှလုံးသားတစ်ခုလုံး
ဆုံးရှုံးမှုရဲ့ ရိုက်ခတ်တဲ့ဒဏ်ကြောင့်
ငါ့နှလုံးသားက ဒဏ်ရာတွေ
အချိန်တွေကြာပေမဲ့
သွေးမတိတ်နိုင်သေးဘူး
ပူလောင်မှုတွေ အပြည့်နဲ့
လောင်မီးကျဆဲ
ငါ့နှလုံးသားကို
ဘယ်အခါ ဘယ်တော့မှများ
စာနာစွာ မိုးဝဿန်ရယ်
ရွာသွန်းပေးမှာလည်းကွယ်...။
မင်းရဝေ(ကလေး)
အမျိုးအစား
ကဗျာ
Subscribe to:
Posts (Atom)

