">

Thursday, February 21, 2013

လူငယ်နှင့်ဘ၀တစ်သက်တာကျွမ်းကျင်စရာများ

၁။အချင်းချင်းဆက်သွယ်ဆောင်ရွက်ခြင်း -နူတ်စကား (သို့) တခြားနည်းလမ်းနဲ့ ဆက်သွယ်ဆောင်ရွက်တတ်ရမယ် -သူများပြောစကားကို သေချာစွာ နားထောင်တတ်ရမယ်။ -ကိုယ့်ရဲ့ခံစားချက်တွေကို တင်ပြနိုင်ရမယ်။ -သူများကို အပြစ်တင်တာ မဟုတ်တဲ့ ဝေဖန်အကြံပေးတာမျိုး လုတ်တတ်ရမယ်။ -သူများကမေးရင်လည်း ၊ ကိုယ်က ခံယူတတ်ရမယ်။ ၂။ညျိနှိုင်းဆောင်ရွက်ခြင်း ၊ ကျိုးကြောင်းခိုင်လုံစွာ ငြင်းဆိုခြင်း -အချင်းချင်း ပြေလည်အောင် တိုင်တိုင်ပင်ပင် ညှိနိုင်းဆောင်ရွက် နိုင်ရမယ်။ -ပြသနာ ၊ အဆင်မပြေတာတွေကိုပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ရမယ်။ -တည်ငြိမ်ခိုင်မာစာ ပြုမှုပြောဆိုတတ်ရမယ်။ -ကျိုးကြောင်း ခိုင်လုံစွာ ငြင်းဆိုတတ်ရမယ်။ ၃။ကိုယ်ချင်းစာနာစိတ်ထားခြင်း -သူများပြောတာကို ကြိုးစာူးနားထောင် တတ်ရမယ်။ -သူများရဲ့ လိုအပ်ချက်တွေ ၊ အခြေအနေတွေကို နားလည်ပေးတတ်ရမယ်။ -သူ့နေရာမှာ ငါသာဆိုရင် လို့စဉ်းစားတတ်ရမယ်။ ၄။အများနဲ့ပူးပေါင်းဆောင်ရွက်ခြင်း -သူများတွေရဲ့ကိုယ်နဲ့မတူတဲ့ ပုံစံတွေကို နားလည်ပေးရင်းသူများရဲ့ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို လက်ခံတတ်ရမယ်။ -ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကိုလည်းစမ်းစစ်လေ့လာပြီ အများနဲ့ပူးပေါင်ဆောင်ရွက်ရမယ်။ -ကိုယ့်ရဲ့ ၊ သူများတွေရဲ့ အားနဲချက်တွေကိုနားလည်လက်ခံတတ်ရမယ်။ ၅။ဆွေးနွေးညှိနှိုင်းအသိပေးတင်ပြတတ်ခြင်း -ကိုယ့်လိုအပ်ချက်ကို ကိုယ်သိမယ် ၊ သူများသိအောင်တင်ပြတတ်ရမယ်။ -ကူညီပံ့ပိုးမှုရအောင် ပြောဆိုတတ်ရမယ်။ -ဆက်ဆံရေးပြေပြစ်ချောမွေ့အောာင် ဆောင်ရွက်နိုင်ရမယ်။ -တိုက်တွန်းနိုးဆော် တတ်ရမယ်။ ၆။မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်ခြင်းနှင့် ပြသနာဖြေရှင်တတ်ခြင်း -မှန်ကန်တဲ့သတင်း အချက်အလက်တွေ စုဆောင်းတတ်ရမယ်။ -လက်ရှိအခြေအနေနဲ့ နောင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ယှဉ်တွဲ စဉ်းစားတတ်ရမယ်။ -ပြသနာများကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းတတ်ရမယ်။ -မိမိနှင့် အခြားသူများ၏တန်ဖိုးထားရှိမှု ၊ ခ့ယူချက်များကို နိုင်းယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ် နိုင်ရမယ်။ -အားလုံးအတွက် အသင့်တော်ဆုံး ဖြေရှင်းနည်းကို ရွေးချယ်တတ်ရမယ်။ ၇။ကိုယ့်ကိုကို လိုသလိုထိန်းချုပ်နိုင်စွမ်း၇ှိခြင်း -ကိုယ့်ကိုကိုယ် လေးစားရမယ် ၊ ယုံကြည်မှု ထားရမယ်။ တန်ဖိုးထားရမယ်။ -ကိုယ့်အဆင့် ၊ ကိုယ့်နေရာ ၊ ကိုယ့်အခြေအနေကို သိရမယ်။ -ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ် ဆန်းစစ်နိုင်ရမယ်။ -အမြဲမပြတ်လေ့လာ စာင့်ကြည်ပြီ ထိန်ချုပ်နိုင်စွမ်း ရှိသည်။ ၈။ရူထောင့်မျိုးစုံမှစဉ်းစားသုံးသပ်တတ်ခြင်း -ဖြစ်နိုင်သော နည်းလမ်းများကို ရူထောင့်မျိုးစုံကနေ စဉ်းစားတတ်ရမယ်။ -ပြင်ပဖိအား ၊ လွှမ်းမိုးနှောင့်ယှက်မှု အပါဘဲ စဉ်းစားသုံသပ် နိုင်ရမည်။ -မိမိ၏ပတ်ဝန်းကျင် အသိုင်အ၀ိုင်းက လက်ခံထားတဲ့ တန်ဖိုးထားမှုတွေ ၊ ခံယူချက်တွေ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာတွေကိုလည်း စဉ်းစားသုံးသပ်နိုင်ရမယ်။ မှန်ကန်မှုရှိ မရှိ စဉ်းစားသုံးသပ်နိုင်ရမယ်။ ၉။စိတ်ခံစားမှုများကို ထိန်းသိမ်းနိုင်ခြင်း -ဒေါသတွေ ၊ ပူဆွေးမှုတွေ ၊ စိုးရိမ်သောကတွေကို ထိန်းချုပ်နိုင်ရမယ်။ -ဆုံးရူံးမှုတွေ ၊ ထိုခိုက်ပျက်စီးမှုတွေကို ခံနိုင်ရည်ရှိရမယ်။ ၁၀။စိတ်ဖိစီးမှုများကိုဖြေရှင်းကျော်လွှာနိုင်ခြင်း -ချိန်ကိုက်ဆောင်ရွက်တတ်ရမယ်။ -အကောင်းမြင် စိတ်ရျိရမယ်။ -စိတ်ပြေလျော့နည်းတွေ ကျင့်သုံးတတ်ရမယ်။

No comments:

Post a Comment