">

Thursday, February 21, 2013

ရင်ကိုထိစေတဲ့ ကဗျာ

စင်ကာပူရဲ့ ဒုတိယအကြိမ် စာပေဟောပြောပွဲ (2010) တုန်းက ဆရာမောင်စိန်ဝင်းက ကဗျာတွေရွတ်သွားခဲ့ပါတယ်။ ခုတတိယအကြိမ်လည်း သွားနားထောင်ဖြစ်တယ်။ ဒါပေမယ့် ဆရာမောင်စိန်ဝင်း ရဲ့ ကဗျာလေးကိုတော့ ဒီနေ့ထိ စွဲနေတုန်းပဲ။ ဆရာကဗျာရွတ်တုန်းကလည်း နားထောင်ရင်း ရင်ထဲမှာ လှိုက်ခနဲ ဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို အမှတ်တရအနေနဲ့ရော မျှဝေချင်တဲ့အတွက်ပါ blog လေးပေါ်မှာ အတူတူခံစားကြရအောင်ပါ ။ ငှက်တို့၏တေး မလိုက်ရဲရင်တော့ အသိုက်ထဲမှာပဲ ကျန်ခဲ့လေ တစ်နေ့နီးမှာပေါ့ ရှေ့ခရီးမျှော်မာန်တင်းပါကွယ့် ငှက် ဆိုတာက ပျံရင်းသေ ကဆုန်စိုင်းသလိုပေါ့ မုန်တိုင်းကရှေ့မှာမွှေ တောမီးတွေက ရှေ့မှာဝိုင်း ခြင်္သေ့ကမြက်မစား ကျားက ကြွက်မချောင်း ဖွတ်တွေက မိကျောင်းလိုမနေ အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့ စိမ်းမြညို ဟောဟိုတောဆီသို့ အမောခံ ဇောမာန်တင်း ပျံရင်းသေ ခရီးဆက်မယ်တဲ့ အဲဒါအဲဒါ ငှက်တို့ရဲ့သမိုင်း

No comments:

Post a Comment