">

Thursday, February 21, 2013

မသေခင်တော့ မပုပ်ပါစေနဲ့

* လောကမှာ … လူသေပုပ်၊ လူရှင်ပုပ် လို့ အပုပ်၂မျိုးရှိတယ်။ 
* လူသေပုပ် ဆိုတာကတော့ သေလို့ ပုပ်သွားတာပေါ့။ 
* မြေကြီးထဲမှာ ပုပ်နေတာဆိုတော့ အပေါ်ကို ဘာနံ့မှ မထွက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးပေါ့။ * လူရှင်ပုပ် ဆိုတာကျတော့ အတော်ဆိုးတယ်။ 
* သူများကို ဒုက္ခသိပ်ပေးတယ်။ 
* အကျင့်ပျက်စီးနေသူတွေဟာ ရှင်လျက်နဲ့ ပုပ်နေသူတွေပဲပေါ့။ 
* သူ့ရဲ့အကျင့်စာရိတ္တ ပျက်စီးမူ အပုပ်နံ့တွေက သူရောက်လာတဲ့ နေရာတိုင်းမှာ နံစော်နေတာပဲပေါ့။ * ဒါကြောင့် လူတိုင်းက သူနဲ့မတွေ့အောင် ဝေးဝေးရှောင်ကြတယ်။ 
* မတတ်သာလို့ ဆက်ဆံကြရပြီဆိုရင်လည်း ဟိုမယုံရ၊ ဒီမယုံရနဲ့ အင်မတန် ဒုက္ခရောက်ကြရတာပေါ့။ * မိမိကိုယ်ကို သေမှပဲ ပုပ်ပါစေ၊ မသေခင်တော့မပုပ်ပါစေနဲ့။ ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်လည်း လူဘုံလောက၊ မကြည်ဖြူ၍၊ ခွာယူလိုက၊ ခွာ၍ရ၊ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူကငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။

No comments:

Post a Comment