">

Thursday, February 21, 2013

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ အပျံသင်ကာ ငှက်ကလေးတွေလို လွတ်လပ်ပေါ့ပါးနေပေမယ့် အနာဂတ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါ့မလားဆိုးတဲ့ စိတ်ပူပန်မှုမျိုးတွေ ရှိနေတတ်ပါတယ်။ကလေးနဲ့ဘ၀နဲ့လည်း မတူတော့ဘဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိတယ်လေ။ ဥပမာပြောရရင်တော့…. -အလှအပတွေကို စိတ်ဝင်စားလာတယ်။ -အရာရာကို စိတ်ကူးယဉ်တတ်လာတယ်။ -ကိုယ့်ကိုကိုယ် အထင်ကြီး စိတ်ဝင်လာတယ်။ -အရာရာကိုယ် လက်တည့်စမ်းချင်လာတယ်။ -ပညာရေးနဲ့ မဆိုင်တဲ့ အခြာပြသနာတွေကို စိတ်ဝင်စာတယ်။ -နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ပါလာတယ်။ -အချစ်ရေးတွေကို စိတ်ဝင်စာလာတယ်။ -အချုပ်အချယ် မခံချယ်မခံချင်ဘူး ၊ ဆရာလာလုပ်ရင်လည်းမကြိုက်ဘူး။ -ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စိတ်ထဲရျိတာ လုပ်တတ်တယ်။ -စိတ်လိုက်မာန်ပါ လုပ်တတ်လာတယ်။ -အတုမြင် အတတ်သင်လာတယ်။ -တစ်ချို့က မကောင်းတာတွေ လက်တည့်စမ်းချင်သလို -တစ်ချို့က ကောင်းမှုတွေလုပ်လာကြတယ်။ -ကလေးဘ၀ ကုန်ဆုံးလို့ လူငယ်ဘ၀ရောက်လာလို့ ထူးထူးခြားခြား အပြုမှုတွေပါ။

No comments:

Post a Comment