">

Thursday, February 21, 2013

လူတွေကြားမှာ သင်ဘယ်လောက် ထင်ပေါ်နေသလဲ?

တခြားသူတွေ သင့်အပေါ် ဘယ်လိုမြင်နေကြသလဲဆိုတာကို တွေးမိရဲ့လား။ သင့်ပတ်ဝန်းကျင်က လူတွေကြားမှား သင်ဟာနားမည်ကောင်းနဲ့ ကျော်ကြားက ပေါ်ပြူလာဖြစ်နေပါသလား။ အောက်ပါ မေးခွန်းတွေဟာ စိတ်ပညာဆိုင်ရာမေးခွန်းတွေကို အခြေခံထားခြင်းဖြစ်ပြိး သင်ဘယ်လောက်ကျော် ကြားနေသလဲ။ မိတ်ဆွေများနေသလဲဆိုတာကို အကြမ်းဖျင်း အကဲခတ်နိုင်ပါတယ်။ ၁။ သင်ဟာ သင်ရဲ့ထင်မြင်ချက်တွေကို တွေးဆချင့်ချိန်လေ့မရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတတ် ပါသလား။ ၂။ သင့်အခင်ဆုံးသူငယ်ချင်းသုံးယောက်ထက် သင်ကပိုပြီးသာတယ်လို့ ခံစားရသလား။ ၃။ သင်ဟာ တစ်ယောက်တည်းအစာ စားရတာနှစ်သက်လား။ ၄။ သင်ဟာ သတင်းစာခေါင်းကြီး၊ လူသတ်မှုသတင်းတွေ အကြောင်း ဖတ်တတ်ပါသလား။ ၅။ ဒီလို ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်တဲ့ မေးခွန်းမျိုးတွေကို စိတ်ဝင်စားလား။
၆။ သင့်ရဲ့ရည်မှန်ချက်၊ မျှော်လင့်ချက်၊ စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ ပြဿနာတွေကိုထုတ်ဖော်ပြော တတ်လား။ ရ။ သင်ဟာ မကြာခဏ အများဆီက ချေးငှားတတ်သူလား။ ၈။ သင့်မှာ ဖြစ်ပေါ်တဲ့ အဖြစ်အပျက်တစ်ခုခု အကြောင်းပြောတဲ့အခါ အသေးစိတ် အချက်အလက်တွေ ကအစ ပြောတတ်သူလား။ ၉။ ဖျော်ဖြေရေးအတွက် ပိုက်ဆံကုန်တဲ့အခါ ဖျော်ဖြေရေးကို နှစ်သက်ပါသလား။ ၁၀။ သင်ရဲ့ အလွနအမင်းပွင့်လင်းမှုအပေါ် ဂုဏ်ယူလေ့ရှိသည်။ ၁၁။ သင်ဟာ တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတဲ့အခါ သင့်ကိုသူက စောင့်ရလေ့ရှိသလား။ ၁၂။ သင်ဟာကလေးသူငယ်တွေ ( သင်ရဲ့ကိုယ်ပိုင်ကလေးမဟုတ်ပါ) ကို သဘောရိုးနဲ့ ချစ်တတ် သလား။ သင်ဟာ ကလေးချစ်တတ်သလား။ ၁၃။ သင်ဟာ လက်တွေ့ကျတဲ့ စာသတွေပြောတတ်လား။ ၁၄။ လူလတ်ပိုင်းတွေအနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်မိသွားတယ် ဆိုတဲ့အဖြစ်မျိုးဟာ အူကြောင် ကြောင်နိုင်တယ်လို့ ထင်သလား။ ၁၅။ သင်ကြည်လို့မရတဲ့သူ ခုနှစ်ယောက်နဲ့ အထက်ရှိလား။ ၁၆။ သင်ဟာ ရန်ငြိုးထားတတ်သူလား။ ၁၇။ သင်ဟာ “ရွံဖို့ကောင်းလိုက်တာ”၊ “စုတ်ပြတ်နေတာပဲ”၊ “ဆိုးရွားလိုက်တာ” စတဲ့ စကားအသုံးအနှုန်း မျိုး မကြာခဏသုံးလေ့ရှိသလား။ ၁၈။ တယ်လီဖုန်းလက်ခံစကားပြောသူတွေနဲ့ အရောင်းစာရေးတွေကြောင့် စိတ် အနှောက်အယှက်ဖြစ် ရလား။ ၁၉။ ဂီတ၊ စာအုပ်စာပေနဲ့ အားကစားအပေါ် သင်ရဲ့စိတ်ဝင်စားမှုကို ဝေမျှမခံစားပေးနိုင်သူတွေကို သင် ဟာညံ့ဖျင်းပြီး စိတ်ဝင်စားဖို့ မကောင်းသူတွေလို့ ထင်မှတ်မိလား။ ၂၀။ သင်ဟာ သင်ပြောခဲ့တဲ့စကားကို တည်ခဲ့တဲ့ အကြိမ်အရေအတွက်လောက် စကားမတည်ခဲ့မိ သလား။ (သေချာစဉ်းစားပါ) ၂၁။ သင်ဟာ တခြားသူတွေရဲ့ သွင်ပြင်ပုံစံ်၊ သင့်မိသားဟု၊ သင့်အခင်ဆုံးမိတ်ဆွေတွေနဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေအပေါ် မကြာခဏဝေဖန်လေ့ရှိသူလား။ ၂၂။ တချို့ကိစ္စတွေထင်သလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျအားလျော့တတ်သလား။ ၂၃။ သင်ရဲ့ မိတ်ဆွေတွေရဲ့ အောင်မြင်မှုအပေါ် ပီတိ ဖြစ်တတ်ပါသလား။ ( သင်ကံမကောင်းတဲ့ အချိန်မှာတောင် ပီတိဖြစ်လေ့ ရှိသလား။) ၂၄။ အများတကာက သင့်အကြောင်း စိတ်ဝင်တစား အတင်ပြောလေ့ရှိသလား။ အဖြေများ (အောက်ပါတွေကတော့ အဖြေမှန်တွေပါ။) အောက်ပါအဖြေတွေနဲ့ သင့်အဖြေတွေတိုက်ဆိုင်တိုင်း အမှတ်တစ်မှတ်စီပေးလိုက်ပါ။ သင်အမှတ်များ များရလေ လူတွေကြား ထင်ပေါ်ကျော်ကြားမှု ရှိလေပါပဲ။ ၁၆ မှတ်နဲ့ အထက်ရပါက ပေါ်ပြူလာဖြစ်တယ်လို့ ပြောလို့ရနေပါပြီ။ ၁။ ဟင့်အင်း ၂။ ဟင့်အင်း ၃။ ဟင့်အင်း ၄။ အင်း ၅။ အင်း ၆။ အင်း ၇။ ဟင့်အင်း ၈။ ဟင့်အင်း ၉။ အင်း ၁၀။ ဟင့်အင်း ၁၁။ ဟင့်အင်း ၁၂။ အင်း ၁၃။ ဟင့်အင်း ၁၄။ ဟင့်အင်း ၁၅။ ဟင့်အင်း ၁၆။ ဟင့်အင်း ၁၇။ အင်း ၁၈။ ဟင့်အင်း ၁၉။ ဟင့်အင်း ၂၀။ ဟင့်အင်း ၂၁။ ဟင့်အင်း ၂၂။ ဟင့်အင်း ၂၃။ အင်း ၂၄။ အင်း သုတစွယ်စုံမဂ္ဂဇင်း

No comments:

Post a Comment