">

Thursday, February 21, 2013

"မိတ်ဆွေတု၊ မိတ်ဆွေကောင်း"

မိတ်ဆွေတု လေးယောက် *ယူမိတ် နှုတ်မိတ်၊ ချစ်ယောင်မိတ်၊ ယူတ်မိတ်မိတ်တုလေး။ *ရန်သူ မိတ်ဆွေ၊ ဤလေးထွေ၊ ရှောင်လေကင်း၍ဝေး။ ၁။အယူသာရှိ၍ အပေးမရှိသော မိတ်ဆွေတု ( အညဒတ္ထုဟရ မိတ်တု) ၂။နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု ( ၀စီပရမ မိတ်တု) ၃။ရှေ့တွင်သာ အကောင်းပြောသော မိတ်ဆွေတု ( အနုပိယဘာဏီ မိတ်တု) ၄။ယုတ်မာမှုတွင် အဖော်ညှိသော မိတ်ဆွေတု (အပါယသဟာယ မိတ်တု) ၁။အညဒတ္ထုဟရ(မိတ်တုလေးယောက်(သို့မဟုတ်)အင်္ဂါ ၄-ပါး လကချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလှာတုံဘိ၊ မိမိအကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။ ၁။အယူသာရှိ၍ အပေးမရှိသူ (မရှိခြင်း) ၂။နည်းနည်းပေးပြီး များများရလိုသူ (ရလိုသူ) ၃။ဘေးရန်ကြုံမှ လုပ်ကိုင်ပေးသူ (လုပ်ကိုင်ပေးခြင်း) ၄။ကိုယ်ကျိုးငဲ့၍ ပေါင်းသူ (ပေါင်းခြင်း) ၂။ ၀စိပရမ မိတ်တုလေးယောက် (သို့မဟုတ်) အင်္ဂါ ၄-ပါး ရှေ့ဖြင့်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းနှီးသဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စပ္ပုန်မှု၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား၊ မှတ်သားဝစီပရမတည်း။ ၁။ လွန်ပြီးသားကိုပြော၍ လောကွတ်ပြုသူ (ပြုခြင်း) ၂။အနာဂတ်ကိုပြော၍ လောကွတ်ပြုသူ (ပြုခြင်း) ၃။ပစ္စည်းမပါ ဗလာချည်းနှီးဖြင့် လောကွတ်ပြုသူ (ပြုခြင်း) ၄။ လောလောဆယ်ပျက်စီးမှုကို အကြောင်းပြသူ (ပြခြင်း) ၃။အနုဝိယဘာဏီမိတ်တုလေးယောက် (သို့မဟုတ်) အင်္ဂါ ၄-ပါး မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရူ၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့မြင်သည်၊ လေးအင်ဝိယဘာဏီတည်း။ ၁။မကောင်းရာကို ခွင့်ပြုသူ (ခွင့်ပြုခြင်း) ၂။ကောင်းရာကိုလည်း ခွင့်ပြုသူ (ခွင့်ပြုသူ) ၃။ရှေ့တွင်သာချီးမွမ်းသူ (ချီးမွမ်းခြင်း) ၄။ကွယ်ရာ၌ကဲ့ရဲ့သူ (ကဲ့ရဲ့ခြင်း) ၄။အပါယသဟာယမိတ်တုလေးယောက် (သို့မဟုတ်) အင်္ဂါ၎-ပါး သောက်တုန်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရူစားသဘင်၊ ပျော်ရွှင်အန်စာ၊ လေး၇ပ်မှာပင်၊ တကွထင်သည်၊ လေးအင်အပါယ်သဟဲတည်း။ ၁။အရက်သောက်ရာ၌ အဖော်လုပ်သူ(လုပ်ခြင်း) ၂။အခါမဲ့သွားရာ၌ အဖော်လုပ်သူ(လုပ်ခြင်း) ၃။ပွဲသဘင်သွားရာ၌ အဖော်လုပ်သူ (လုပ်ခြင်း) ၄။လောင်းကစား၇ာ၌ အဖော်လုပ်သူ (လုပ်ခြင်း) မိတ်ကောင်း မိတ်စစ်လေးယောက် *ပြုမိတ်တူမိတ်၊ ဆရာမိတ်၊ ညှာမိတ် မိတ်စစ်လေး။ *ချစ်ဖော် မိတ်ဆွေ၊ ဤလေးထွေ၊ မသွေပေါင်းဖော်ရေး။ ၁။ မိမိအား ကျေးဇူးပြုသော မိတ်ဆွေစစ် (ဥပကာရ မိတ်စစ်) ၂။ ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေစစ် (သမာနသုခဒုက္ခ မိတ်စစ်) ၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ဆရာနှင့်တူသော မိတ်ဆွေစစ် (အတ္ထက္ဓာယီ မိတ် စစ်) ၄။ညှာညှာတာတာ စောင့်ရှောက်တတ်သော မိတ်ဆွေစစ် (အနုကမ္မမိတ်စစ်) ၁။ဥပကာရမိတ်စစ်လေးယောက် (သို့မဟုတ်)အင်္ဂါ ၄-ပါး မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာဥပကာရတည်း။ ၁။မေ့လျော့သောမိတ်ဆွေကို စောင့်ရှောက်သူ (စောင့်ရှောက်ခြင်း) ၂။မေ့လျော့သောမိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်သူ (စောင့်ရှောက်ခြင်း) ၃။ဘေးအန္တရာယ်ကြုံက အားကိုးရသူ (အားကိုးရခြင်း) ၄။အရေးကြုံက နှစ်ဆပေး၍ ကူညီသူ (ကူညီခြင်း) ၂။သမာနသုဒုက္ခ မမိတ်စစ်လေးယောက် (သို့မဟုတ်)အင်္ဂါ ၄-ပါး လျှို့ဝှက်စကား၊ ကြားစတုံလျက်၊ တူလျှိုဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။ ၁။မိတ်ဆွေဖြစ်သူအား လျှို့ဝှက်သောစကားကို ပြောကြားသူ (ပြောကြားခြင်း) ၂။မိတ်ဆွေဖြစ်သူ၏ လျှို့ဝှက်သင့်သောကိစ္စကို လျှို့ဝှက်ထားသူ (လျှို့ဝှက်ထားခြင်း) ၃။မိတ်ဆွေ၏အကျိုးငှ အသက်ကိုစွန့်သူ (စွန့်ခြင်း) ၄။မိတ်ဆွေဖြစ်သူ ဘေးအန္တရာယ်ကြုံတွေ့သော မစွန့်သူ (မစွန့်ခြင်း) ၃။အတ္ထက္ခာယိ မိတ်စစ်လေးယောက်(သို့မဟုတ်)အင်္ဂါ၎-ပါး မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလှာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရအတ္ထက္ခာယိတည်း။ ၁။မကောင်းရာကို တားမြစ်သူ (တားမြစ်ခြင်း) ၂။ကောင်းရာကို သက်ဝင်စေသူ (သက်ဝင်စေခြင်း) ၃။မကြားဖူးသေးသော ကုသိုလ်တရားကိုပြောကြားသူ (ပြောကြားခြင်း) ၄။နတ်ရွာနိဗ္ဗာန်ခရီးကို ညွှန်ပြတတ်သူ (ညွှန်ပြခြင်း) ၄။အနုကမ္ပ မိတ်စစ်လေးယောက် (သို့မဟုတ်) အင်္ဂါ၎-ပါး ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လို့ငြား၊ ပွားက ရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပတည်း။ ၁။မိတ်ဆွေဖြစ်သူ ဆုတ်ယုတ်ပျက်စီးမည်ကို မလိုလားသူ (မလိုလားခြင်း) ၂။မိတ်ဆွေဖြစ်သူ တိုးတက်ကြီးပွားမည်ကို လိုလားသူ( လိုလားခြင်း) ၃။မိတ်ဆွေဖြစ်သူ၏ ကျေးဇူးမဲ့ကိုပြောလာလျှင် တားမြစ်သူ (တားမြစ်ခြင်း) ၄။မိတ်ဆွေဖြစ်သူ၏ ကျေးဇူးကိုပြောလာလဆင်ချီးမွမ်းသူ (ချီးမွမ်းခြင်း) အထက်ဖော်ပြပါ ကျင့်ဝတ်များမှာ သိင်္ဂါလသတို့သားကို မြတ်စွာဘုရားဟောကြားသော ကျင့်ဝတ်များ ဖြစ်ပါသည်။

No comments:

Post a Comment