မောင့်အတွက် ကျွန်မရဲ့ကဗျာ
ယဉ်ကျေး ရည်မွန်တယ်
ပွင့်လင်း ဖော်ရွေတယ်
ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံနဲ့ သူက
တခါတခါ အိပ်မက်လှလှတွေကိုလဲ
ပေးတတ်သေးတယ် (နောက်ပြီး)
ဘယ်တော့မဆို နွေးထွေးတဲ့
သူ့ရဲ့ ရင်ခွင်ဟာလဲ ကျွန်မအတွက်တော့
မိုးကောင်းကင်ကြီး တစ်ခုလောက်ကိုဖြစ်ခဲ့ပါတယ်
ချစ်တယ် မောင်ရယ်......
သာယာလွန်းတဲ့ မောင့်အသံကို
ကြားနေရတဲ့ တင်္ဒဂ
ဒိထက်ပိုပြီး ပြည့်စုံတဲ့ ဘဝ
မရှိနိုင်တော့ဘူးလို့တောင် ထင်ခဲ့မိပါတယ်
မြတ်နိုးမိတယ် မောင်ရယ်.......
တည်ကြည်လွန်းတဲ့ မောင့်မျက်နှာကို
ငေးနေမိတဲ့ တခဏ
မောင်ကလွဲပြီး ဘယ်သူ့ကိုမှလဲ
ရင်မခုန်ချင်တော့ပါဘူးကွယ်
ကြယ်စင်တွေကို တိုင်တည်ပြီးပြောအုံးမယ်
လမင်းကြီးလဲ ကျွန်မသစ္စာကို ယုံကြည်ပေးသင့်ပါတယ်
တကယ်တော့ ကျွန်မချစ်သူဟာ
ကြည်ကြည်သန့်သန့်လေး (ပြီးတော့)
တည်တည်ခန့်ခန့်လေး (နောက်ပြီး )
နွေးထွေးတဲ့ သူ့ရဲ့ ရင်ခွင်မှာလဲ
ကျွန်မတစ်ယောက် ခိုလှုံမှေးစက်ချင်ပြီကွယ်
No comments:
Post a Comment