မြတ်စွာဘုရားရှင်သည်
မနေမနား အချိန်အားမထား နေ့ ည မဟူ နေပူ မိုးရွာမရှောင် ၄၅-၀ါ ကာလပတ်လုံး
သတ္တ၀ါများအတွက် ရွက်ဆောင်တော်မူခဲ့သည့်နည်းတူ သံဃာတော်အရှင်မြတ်
များသည်လည်း ဝေးနီး အရပ်များသို့ ကြွရောက်ကြပြီး သတ္တ၀ါများအတွက်
ဟောမြွက်ဆုံးမခဲ့ကြသည်။
မြတ်စွာဘုရားသာသနာတော်သို့ မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ် မှစ၍ လူမျိုး ဘာသာ အဆင့်အတန်းမရွေး လူတန်းစား အသီးသီး အလွှာအသီးသီးမှ အမျိုးသား၊ အမျိုးသမီးများစွာ ဆည်းကပ်ကိုးကွယ် ၀င်ရောက်လာကြသည်။
ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၊ မဂဓတိုင်း ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ၊ ကောသလတိုင်းကြီး၏ ပြည့်ရှင် ဘုရင်ကောသလ စသော မဟာရာဇာများ၊ ရှင်ဘုရင်များနှင့် အနာထပိဏ်၊ ၀ိသာခါ၊ ဇောတိက၊ ဇဋိလ၊ ဥပါလိ၊ စိတ္တသူကြွယ်၊ ကောသမ္ဗီပြည် ဃောသက၊ ကုက္ကုဋ၊ ပါဝါရိက သူကြွယ်များကလည်း သာသနာတော် ပြန့်ပွားရာ ပြန့်ပွားကြောင့် အသီးသီး စောင့်ရှောက် ထောက်ပံ့ကြသဖြင့်လည်း မြတ်စွာဘုရားရှင် သာသနာတော်ကြီးသည် မဇ္ဈိမဒေသကို ဗဟိုပြုလျက် တိုးတက် ထွန်းကားပြန့်ပွား လာတော့သည်။
ဘုရားရှင်သည် ၄၅-နှစ်တာ ကာလတလျှောက် ၀ါတွင်းသုံးလမှတပါး ယူဇနာ ၂၀၀-ရှည်လျားသောအရပ်သို့ပင် ခရီးဒေသစာရီ ကြွချီ ဟောပြ ချေချွတ်တော်မူရသည်၊ ၄၅-နှစ်တာအတွင်း အောက်ဖော်ပြပါ မြို့ရွာဒေသတို့၌ လှည့်လည်၍ သီတင်းသုံး ၀ါကပ်တော်မူသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:
Post a Comment