ညီမရေ . . မှန်တာပေါ့ ဆေးကျောင်းသူ ဆေးကျောင်းသားဘ၀ဆိုတာ
သူများတွေထင်ထားသလို ပန်းခင်းလမ်း မဟုတ်သလို ပျော်စရာ ရွှင်စရာ
တက္ကသိုလ်ကြီးတစ်ခုလည်းမဟုတ်ပါဘူး ။ ကန်ဘောင် မှာ လေညှင်းလေးတွေခံပြီး
တီတီတာတာ နဲ့တက္ကသိုလ်ရဲ့ အနှစ်သာရ ဆိုလား အဲဒါတွေခံစားနေ ရတဲ့အထဲ မှာ
ဆေးတက္ကသိုလ်တစ်ခုတော့မပါဘူးညီမရေ ။ ညီမအခုဖြစ်နေ တဲ့ခံစားချက်တွေ က
ဆေးကျောင်း သူ ဆေးကျောင်းသားတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
depression တစ်မျိုးပါပဲ ။
“ ငါ အောင်ပါ့မလား ”
“ ငါ သူများတွေ လို ဘာလို့ စာမကျက်နိုင်တော့တာလဲ ”
“
ငါရွေးခဲ့တဲ့ တက္ကသိုလ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်မှ ဟုတ်ရဲ့လား ”
စသဖြင့်ပေါ့ ။ တချို့ကတော့ ယတိပြတ်ဆုံးဖြတ်လိုက်ပြီးဆေးကျောင်းက ထွက်လို့
တခြား လိုင်းတွေကူးသွားတာလည်းရှိပါတယ် ။ လူအများစုထင်နေကြတာက
ဆေးကျောင်းတက်ရင် ဆရာဝန်ဖြစ်မယ်တဲ့ ။ အဲဒီ စကားမှားကြောင်း ကို
ဆေးကျောင်းတက်နေတဲ့သူတွေရော ဆရာဝန်ဖြစ်ပြီးသားလူတွေရော သိပါလိမ့်မယ် ။
တစ်နှစ်တစ် တန်းတောင်အောင်အောင်မနည်းကြိုးစားပြီး ဆပ်ပလီမထိအောင် ရုန်းကန်
လို့ နောက် ဆက်တွဲ မတက် ချင်လို့ အသေအလဲ လုပ်ကြရတာ ဆေးကျောင်းသားဘ၀တွေပါ ။
ဒီနေရာမှာ
“ ဆရာဝန်ဖြစ်ချင်စိတ် ” ဆိုတဲ့အကြောင်းလေးနည်းနည်းပြောချင်တယ် ။
ဆေးကျောင်း တက်တဲ့ သူတော်တော်များများမှာ တချို့
ဆရာဝန်ဖြစ်ချင်စိတ်ရှိကြပေမယ့် တချို့ကတော့ ဆရာဝန်ဖြစ်
ချင်စိတ်လုံးဝမရှိကြဘူး ။ တချို့ကတော့ ဖြစ်ချင်သလား မဖြစ်ချင်သလား
ကိုယ့်ကိုယ်ကို မသိတဲ့လူတွေ လည်းရှိတယ် ။ အဲဒီလိုလူတွေထဲမှာ
ကျွန်တော်လည်းအပါအ၀င်ပေါ့ ။ ဆရာဝန်ဖြစ်ချင်စိတ်ဟာ ပီပီပြင်ပြင်ဖြစ်ပေါ် လာတာ
တကယ်တော့ House surgeon ဆင်းတဲ့အချိန်ပါပဲ ။ လူနာတွေနဲ့ ထိတွေ့ရတဲ့အခါမှ
လူနာတွေကို စာနာလာတယ် သနားလာတယ် နားလည်လာတယ် လူ့အသက် ကယ် ရတဲ့ပီတိ ကို
သိလာတယ်။ အဲဒီတော့ ဆရာဝန် စစ်စစ် ဖြစ်ချင် စိတ် ဟာ ပေါ်ထွက်လာကြစမြဲပါပဲ ။
ညီမရေ
. . . ဆယ်တုန်းတုန်းကကြိုးစားခဲ့လို့ ဆေးတက္ကသိုလ်မှာ
အရည်အချင်းမှီပါတယ်ဆိုပြီး ခွင့်ပြုလို့ ကိုယ်တောင် တက်နေရပြီပဲ ။
သူများလုပ်နိုင်ရင်ကိုယ်လဲလုပ်နိုင်ရမှာပေါ့ ။ သူများကျက်နိုင်ရင် ကိုယ်လဲ
ကျက်နိုင် ရမှာပေါ့ ။ ဆေးကျောင်းကစာတွေက အများကြီးဆိုတာ မှန်ပါတယ် ။
ကျောင်းစာတွေ ချည်းဖိကျက်နေလို့ချည်းမဖြစ်ပြန်ဘူး ။ ကျွန်တော်ကတော့
စကားလေးတစ်ခု ပဲ လက်ဆောင်ပေး ချင်ပါတယ် ။ ဆေးကျောင်းအောင်ဖို့က
သိပ်တော့မခက်လှဘူး ဒါပေမယ့်ဆေးစာတွေကို ပိုင်နိုင်ဖို့ဆိုတာ ကတော့ ခက်လှတယ်
။ ဆရာဝန်ဖြစ်ပြီးတော့ Parmaco (ဆေးဝါးဗေဒ ) မပိုင်တဲ့သူတွေ Patho
(ရောဂါဗေဒ ) မပိုင်တဲ့သူတွေ တပုံကြီးပါပဲ ။ ကျွန်တော်ပြောချင်တဲ့စကားကတော့
“
အမြဲတမ်း မျက်စိဖွင့်နားဖွင့်နေပါ ” ဆိုတာပါပဲ ။ ဘယ်တော့မှ
အိမ်ထဲမှာပဲအောင်းပြီးစာမကျက်ရဘူး ဆရာမတွေ ဆရာတွေနဲ့ရင်းနှီးစွာနေရမယ် ။
နှစ်စကတည်းက ကိုယ့်ဘာသာတွေကို မှန်မှန်ဖတ်သွားရမယ် ။ ကျက်စရာ မလိုဘူးနော်
ဒီလောက်များတဲ့စာတွေကို အပိုင် ဆယ်တုန်းကလို ကျက်နေရရင်သေရချည်ရဲ့ ။ ဖတ်ပါ
အကြိမ်အရေအတွက်များများ ပြီးရင် ကိုယ့်ရဲ့ own english
နဲ့ပဲပြန်ရေးရမယ်မဟုတ်လား ။ အဓိကကတော့ note
လေးတွေထုတ်ပြီးကျက်တဲ့အလေ့အကျင့်မွေးပါ ။ ဒီခေါင်းစဉ်လာရင် ဒီ နုတ်လေးကို
ပုံဖော်လိုက်တာနဲ့ တစ်ပုဒ်လုံးထွက်ကျလာသလိုမျိုးဖြစ်အောင်ပြင်ဆင်ရမယ် ။
စာမေးပွဲအောင်ဖို့ဆိုတာ
စာ + လက်တွေ့ ၂ ခုပေါင်းမှ ရမယ် ဆိုတာ ညီမလည်းသိမှာပါ ။ လက်တွေ့ဟာ
မခက်ခဲဘူး အမှတ်ကို များအောင်လုပ်ရမယ် ။ စာကတော့ သူမသာ ကိုယ်မသာပါပဲ
ဘာမှသိပ်မထူးဘူး ။ နောက်တစ်ခုက မေးခွန်းဟောင်းတွေ ဘယ်ကျောင်းက ဖိုင်နယ်မေး
ခွန်းထုတ် မှာလဲလေ့ လာ မေးခွန်းဟောင်းတွေ စာအုပ်ကလေးတွေနဲ့ထွက်လာတတ်တယ်
စုံစမ်းပြီး ၀ယ်ထား လေ့လာ ။
အစအဆုံး
အလွတ်ကျက်နေလို့ကတော့ရူးရင်ရူးမရူးရင်လည်း
ဆေးကျောင်းထွက်ချင်စိတ်ပေါက်သွားမှာပေါ့ ။ ဆရာဝန်ဖြစ်ရတာ အတိုက်အခံများတယ်
အကျိုးမရှိဘူး မချမ်းသာဘူးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ညီမအနေနဲ့
လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖူးသွားတဲ့အခါ ဒါမှမဟုတ် ရောဂါခံစားနေ ရတဲ့လူ
တစ်ယောက်ကို ဝေဒနာလျော့ပါးအောင်လုပ်ပေးနိုင်တဲ့အခါ ညီမဆရာ ၀န်ဖြစ်
ချင်စိတ်နဲ့ ဇွဲသတ္တိတွေက ပီပီပြင်ပြင်ထွက်ပေါ်လာပါလိမ့်မယ် ။
ဘာပဲဖြစ်ဖြစ်
ဝက်ဖြစ်မှ တော့ မစင်မကြောက်နဲ့လို့ ကျွန်တော် ခဏခဏ အားပေးဖူးတယ် ။
ကိုယ်ကိုယ် ကိုယ်ရော သူငယ်ချင်းတွေရော စာမေးပွဲရာသီဟာ
စိတ်ကျရောဂါအဖြစ်အများဆုံးပဲ ။ ပျော်ပျော်နေပါ အရမ်းကြီးစိတ်ဖိစီးမှုမထားနဲ့
။
တစ်ခုလေးပဲမှတ်ထားပါ ။
- ငါ ဆရာဝန်စစ်စစ်ဖြစ်ရမယ်
- သူများတွေလုပ်နိုင်ရင်ငါလည်းလုပ်နိုင်ရမယ်
- ဆေးစာတွေကို စာမေးပွဲအောင်ယုံမဟုတ်ပဲ လက်တွေ့မှာ အသုံးချဖို့အတွက် အခုကတည်း က သေချာကျက်ရမယ်
- ဒီအလုပ်နဲ့ငါ မချမ်းသာဘူး ဒါပေမယ့် ရလာတဲ့ပီတိက ဘာနဲ့မှ အဖိုးမဖြတ်နိုင်ဘူး
- ကိုယ့်မိဘတွေရဲ့ငွေကြေးတွေ ကိုယ့် အချိန်တွေ အလဟဿမဖြစ်စေရဘူး
-
ဆေးကျောင်းသူဆေးကျောင်းသားကြီးတွေဆိုပြီးငါ့မှာ ဘ၀င်မြင့်ဖို့
အချိန်ဖြုန်းဖို့အချိန်မရှိဘူး ဘာလို့လည်း ဆိုတော့ ငါတစ်နှစ်တစ်တန်း
မှန်မှန်အောင်ချင်တယ်
- ပန်းတိုင်ပြေးလမ်းပေါ်ငါတက်ခဲ့ပြီးပြီ ဆက်ပြေးရတော့မှာပဲ စတဲ့စိတ်တွေကိုမွေးမြူထားပါညီမရေ ။
“ အောင်မြင်ပါစေ ဆရာဝန်စစ်စစ်ဖြစ်လို့ လူသားကောင်းကျိုးကိုသယ်ပိုးနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါစေ ”
No comments:
Post a Comment