စာပေပရိယတ် ၊ ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ၊ ကြံတွေးရည်၍
ထို,ဤ,မြို့သို့ ၊ သားကိုပို့သည်
လွမ်းလို့နေရပါတယ် ဘုရား…….။
ဖခမည်းနှင့်၊ သားကြီးမယ်တော်
နေ့စဉ်မျှော်၍ ၊ ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက်နေရပါတယ် ဘုရား………။
မြေး,သား လူထွေး၊ ငယ်နုသေးသည့်
ကလေးအများ ၊ ချောင်းလျှိုကြားမှာ
ငါးရှာ၊ ဖားရိုက်၊ ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး ၊ စာနှင့်ဝေးသည်
တွေးရင်း ရင်လေးနေမိပါတယ်
ဘုရား…………..။
ရပ်သူ၊ရွာသား၊ လူအများမှာ
တရားရေအေး ၊ တိုက်ကျွေးမည့်သူ
မရှိမူ၍ ၊ လူသည်လူ့အသိ
မရှိကြတော့ပါ ဘုရား………………..။
သားတော်ငယ်ပေါင်း၊ ရွာကကျောင်းမှာ
ကျောင်းသားကိုပင် ၊ မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ ၊ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း၊ အရှိလျဉ်းသော်
ပဉ္ဇင်းဘယ်မှာ ၊ ဖြစ်ထွန်းပါလိမ့်
ပင်မှာသက်သက် ၊ ခက်,လက်မဖြာ
သာသနာလျှင်……
ရောင်ဝါ မလင်းနိုင်တော့ပါဘုရား…………။
သာသနာရင်းမြစ် ၊ တောကဖြစ်လျှက်
တောပစ် မြို့ပေါ် ၊ သားတော်ပျော်က
တော်,မတော်ပင် ၊ ကြံတွေးထင်၍
လျှင်လျှင် မြန်မြန် ၊ တောရပ်ထံသို့
ကြွခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်း ဘုရား……………….။
No comments:
Post a Comment