သူတစ်ဘက်သားအား
မုန်းလည်းမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက် လျစ်လျူရူခြင်းဟု ခေါ်၏။
ဘုရားအလောင်းတော်သည် ဘ၀များစွာ ဤဥပေက္ခာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊
လောမဟံသ ခေါ်သော ဘ၀မှာ ထင်ရှားလှလေသည်။
ဘုရားအလောင်းတော်သည် မိဘတို့ကွယ်လွန်သောအခါ များစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ တောသို့ဝင်လေသည်၊ ရသေ့ပြုလုပ်လိုသော်လည်း ရသေ့ပြုလျှင် လူအများအထင်ကြီး၍ ချီးမွမ်းကြမည်ကို စိုးရွံ့သဖြင့် ရသေ့လည်းမလုပ်ဘဲ အ၀တ်တစ်ထည်ဖြင့်သာ လှည့်လည် သွားလာနေခဲ့သည်။
မိမိအား လေးစားသူ ပြုမူဆက်ဆံသောနေရာ၌ ကြာကြာမနေ၊ တစ်ရက်လောက်သာနေ၏၊ ရွာတစ်ရွာသို့ ရောက်သွားသောအခါ ကလေးသူငယ်များနှင့် သေသောက်ကြူးများက ပြက်ရယ် ပြောင်လှောင်ကြသော်လည်း ဘုရားအလောင်းတော်ကား စိတ်မဆိုး။ သုသာန်၌ လူရိုးကို ခေါင်းအုံးလျက် အိပ်၏။ ကလေးများ ၀ိုင်းအု့လာရောက်ကာ အလောင်းတော်အား တံတွေးဖြင့် ထွေးကြ၊ ကျင်ကြီးကျင်ငယ် စွန့်ချကြကုန်၏။ ဘုရားအလောင်းတော်သည် ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်။ တစ်ချို့လည်း ပန်းနံ့သာနှင့်စားကောင်း သောက်ဖွယ်များကို ပေးလှူကြကုန်၏။ ထိုသူတို့အပေါ်၌လည်း ချစ်ခင်တွယ်တာမူမထား၊ ကောင်းဆိုးနှစ်ဖြာ၌ လျစ်လျူရူကာ မည်သည့်ဘက်မှ မတိမ်းညွတ်ဘဲ တည့်မတ်သော စိတ်ထား(ဥပေက္ခာ)ဖြင့်သာ နေတော်မူလေသည်။

No comments:
Post a Comment