">

Friday, December 14, 2012

အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ် (တစ်နန်းတော်လုံး ငိုကြွေးကြခြင်း)

ဘုရားအလောင်းတော်သည် နံနက် မိုးလင်းသောအခါ အနော်မာမြစ် တစ်ဘက်ကမ်းသို့အရောက် ဖြတ်ကျော်ကူးမြောက်ပြီး နောက်ဆံထုံးတော်ကို လက်တစ်ဘက်ဖြင့် ကိုင်၍ သန်လျက်ဖြင့် ကိုယ်တော်တိုင် ရိတ်ဖြတ်လေသည်။

“ငါ ဘုရားဖြစ်မည် မှန်လျှင် ဤဆံတော်သည် ကောင်းကင်၌ တည်ပါစေသတည်း” ဟု အဓိဋ္ဌာန်၍ မြှောက်ပစ်လိုက်ရာ ကောင်းကင်၌ပင် တည်နေလေသည်၊ သိကြားမင်းသည် ရတနာပန်းကလပ်ဖြင့် ဆံတော်ကို ခံယူကာ တာဝတိံသာနတ်ပြည်၌ စုဠာမဏိစေတီ တည်၍ ကိုးကွယ်ထားသည်။


ထို့နောက် ဃဋိကာရဗြဟ္မာမင်း လာရောက်လှူဒါန်းသော သပိတ်သင်္ကန်းကို လက်ခံတော်မူကာ ရဟန်းပြုလေသည်။ ဃဋိကာရ ဗြဟ္မာမင်းသည်လည်း ဘုရားအလောင်း၏ ၀တ်လဲတော်များကို ယူဆောင်သွားပြီးလျှင် ဗြဟ္မာပြည်၌ ဒုဿစေတီကို တည်ထား ကိုးကွယ်လေသည်။ ဆန္နအမတ်ကိုလည်း နေပြည်တော်သို့ ပြန်လွှတ်တော်မူ၏။ ကဏ္ဍကမြင်းလည်း အရှင်နှင့်ခွဲ၍ ပြန်အလာ မြစ်တစ်ဘက်သို့အရောက်တွင် အရှင်သခင်ကို တ-လွမ်းကာ ၀မ်းနည်းလှသဖြင့် ထိုနေရာ၌ပင် သေဆုံးခဲ့ရရှာလေသည်။ ဆန္နအမတ်မှ တဆင့် သတင်းစကား ကြားရသောအခါ တစ်နန်းတော်လုံး ယူကျုံးမရ ငိုကြွေးကုန်ကြသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment