ဥရုဝေလတော၏ အနီး၌ “သေနာ”ခေါ်သော ရွာကြီးရှိ၏။ ထိုရွာကြီး၌ “သုဇာတာ”
ခေါ်သော သူဌေးသမီးသည် တောင့်တတိုင်းပြည့်သောကြောင့်
ကဆုန်လပြည့်နေ့ရောက်တိုင်း ရုက္ခစိုးနတ်မင်းအား နှစ်စဉ်သွားရောက် ပသ၏။ ယခု
ကဆုန်လပြည့်နေ့၌လည်း ဘုရားအလောင်းတော်သည် ညောင်ပင်အောက်၌ တောက်ပသော
ကိုယ်ရောင်ဖြင့် ထိုင်နေတော်မူစဉ် သုဇာတာသည် နတ်မင်းကြီး ကိုယ်ထင်ရှားပြ၍
အပူဇော် အပသ ခံယူသည်ဟု အောက်မေ့ကာ ဃနာနို့ဆွမ်းကို ရွှေခွက်ပါ
လှူဒါန်းဆက်ကပ် လိုက်လေသည်။
ဘုရားအလောင်းတော်သည် နေရဉ္ဖရာမြစ်၌ ရေသုံးသပ် (ရေချိုး) ပြီးနောက် နို့ဃနာ ဆွမ်းကို လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူသည်။ ဆွမ်းဘုဉ်းပေးပြီးလျှင် “ယနေ့ ငါဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တတ်စေသတည်း”ဟု အဓိဋ္ဌာန်၍ မြစ်ရေ၌ မျှောလေ၏။ ရွှေခွက်လည်း ရေညာသို့ အတောင်ရှစ်ဆယ်ခန့် ဆန်တက်ပြီးမှ နစ်မြုပ်သွားလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment