">

Tuesday, December 11, 2012

အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ် (ကြည့်ခြင်းကြီးငါးပါး)


အလောင်းတော်နတ်မင်းသည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်ကို ချက်ချင်း ၀န်မခံသေးဘဲ ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်တော်မူသည်။

(၁) ကာ (အခါကာလ) = လူတို့၏ အသက်တမ်း အနှစ်တစ်သိန်းမှ အောက် အနှစ်တစ်ရာ အထက်၌သာ ဘုရားဖြစ်နိုင်သော အချိန်အခါ ဖြစ်သည်။

(၂) ဒီပ (ကျွန်း) = ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒီပ ခေါ်တောင်ကျွန်း၌သာ ဘုရားပွင့်ရိုး ရှိသည်။

(၃) ဒေသ (အရပ်) = တောင်ကျွန်းတွင်လည်း မဇ္ဈိမဒေသ၌သာ ဘုရားပွင့်ရိုးရှိသည်။

(၄) ကုလ (အမျိုး) = မဇ္ဈိမဒေသတွင်လည်း ခတ္တိယ (မင်း)မျိုးနှင့် ဗြဟ္မဏ (ပုဏ္ဏား)မျိုးတို့၌သာ ဘုရားပွင့်ရိုးရှိသည်။

(၅) မာတု အာယုပရိစ္ဆေဒ (မယ်တော်အသက်အပိုင်းအခြား) = မယ်တော်ဖြစ်မည့်သူသည် သီလ စင်ကြယ်သူဖြစ်၍ ဘုရားအလောင်းဖွားပြီးနောက် (၇)ရက် ကြာလျှင် နတ်ရွာစံရလောက်သော အသက် နေရှိရသည်၊ သည်ထက် ရှည်လည်း မရှည်ရ၊ တိုလည်း မတိုရ။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment