တဘောင်ပေါ်ထွန်းခြင်း
မိုးညှင်းမင်းတရားကြီးလက်ထက် စကြိုသူမြတ်နှင့် မင်းကျောင်းသူမြတ်တို့က ဗသျှု ဆိဒြမုနိကိန်းနှင့် ကြိုက်ကြုံသဖြင့် သက္ကရာဇ်ဖြိုတော်မူပါ၊ ဟု မိန့်ဆိုတော်မူကြသောကြောင့် မင်းတရားကြီးသည် သက္ကရာဇ် ၈ဝဝ-ပြည့်နှစ်တွင် ဖြိုတော်မူ၏။ ထိုနှစ်အတွင်းဝယ် တောင်တွင်း ကြီးမြို့၌ ထူးခြားစွာ တပေါင်ပေါ်လာသည်။ ထိုတပေါင်ကား-ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ စမ္မခဏ်သည်၊ သန် တောင်ဖြိုးမြင့် စွင့်စွင့်လေ။ ။ အကိုက်လေးဖော်၊ မြေမှပေါ်သည်၊ သျှင်ကျော်လေးဦး ခူး လိမ့်လေ။ ။ ခူးလည်း ခူးလတ္တံ့။ ကူးလည်း ကူးလတ္တံ့။ စူးလည်း စူးလတ္တံ့။ မြူးလည်း မြူး လတ္တံ့။ ။ ရနံ့ငယ်ကြိုင်လှိုင်၊ မွှေးပျံ့ဆိုင်၊ နှစ်ခိုင်ပွင့်လန်း၊ ပြည်သူ့ပန်း။ဟူသတည်း။
ထိုတပေါင်သီချင်းသည် မြို့တွင်းမြို့ပြင် ထက်ဝန်းကျင်တို့၌ သီဆိုသူပေါ၍ အကျော် တစောဖြစ်နေလေသည်။ ထိုအခါ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တို့သည် တောင်တွင်းကြီးမြို့မြောက် ငှက်ပစ်တောင်၏အရှေ့၊ ထူပါရုံအရာမ်၏အနီး သီဟပတေ့ကြီး ဆောက်လုပ်လှူဒါန်းသော ရတနာ ဗိမာန်ကျောင်းတော်၌ သီတင်းသုံးသော ငှက်ပစ်တောင်ဆရာတော်ဟုလည်းကောင်း၊ ထူပါရုံ ဆရာတော်ဟုလည်းကောင်း ထင်ရှားသော ဆရာတော် သျှင်သီလာစာရာဘိဓဇထံသို့ သွား ရောက်၍ လျှောက်ထားကြလေသည်။
ထိုအခါ ဆရာတော်ဘုရားက ပေဟူသည်ကား စာဖြစ်သည်၊ ပေပင်မည်သောကြောင့် စာပေကျမ်းဂန်တွင် အထူးသိမြင်နှံ့စက်သော ကျမ်းတတ်ပုဂ္ဂိုလ်ဟု ယူရမည်၊ ယခုမူ ပေတစ်ပင် လည်း မဟုတ်၊ ပေလေးပင် ဖြစ်သောကြောင့် ပိဋကတ်တော်၌ ခြောက်ချားနိုင်သော သျှင်ကျော် လေးပါးတို့ ပေါ်လိမ့်မည်၊ ဟု မိန့်ကြားတော်မူ၏။ ထိုအခါမှစ၍ တောင်တွင်းကြီး တစ်မြို့လုံး၌ ပေလေးပင် သျှင်လေးပါး ပေါ်လိမ့်မည်ဟူသော စကားသည် အုတ်အုတ်ကျက်ကျက်ဖြစ်နေ လေသည်။
သျှင်လေးပါး ဖွားမြင်တော်မူခြင်း
ထိုတပေါင်ပေါ်ပြီး၍ ၁၅-နှစ်မျှ ရှိသောအခါ သက္ကရာဇ် ၈၁၅-ခုနှစ်တွင် တောင်တွင်း ကြီးမြို့ မြောက်ဘက်ရှိ မြို့လုလင်ရွာ၊ သတိုးထမ်းရွာနှင့် မန်ကျည်းယောင်ရွာတို့၌ နိမိတ်အဖြစ်ဖြင့် မြေမှ ပေစို့ကြီး လေးခု ပေါ်ထွက်လာရာ မြို့သူ မြို့သားတို့မှာ ဝမ်းသာအားရ ဖြစ်ကြကုန်၏။ ထိုသက္ကရာဇ်မှာပင် မြို့လုလင်အရှေ့ပိုင်း၌ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီတို့တွင် သျှင်ဥတ္တမကျော်လောင်းလျာ သတိုးသားကို ဖွားမြင်လေသည်။ နံတော် တနင်္ဂနွေသား ဖြစ်၍ ငယ်မည်ကို မောင်ဥက္ကာဟု ခေါ်လေသည်။ထိုနေ့ရက်မှာပင် သတိုးထမ်းရွာ၌လည်း သျှင်အုန်းညိုကို ဖွားမြင်သည်။ ထို့နောက် ခြောက်ရက်မြောက်သောနေ့တွင် မြို့လုလင်အရှေ့ပိုင်း၌ပင် သျှင်မဟာသီလဝံသလောင်းလျာကို အဖဦးကြည်၊ အမိ နတ်ထိန်းကြီး ဒေါ်ဒွေးတို့မှ ဖွားမြင်သည်။ နံတော် သောကြာသား ဖြစ်၍ ငယ်မည်ကို မောင်ညိုဟု ခေါ်လေသည်။
မောင်ညိုကို ဖွားမြင်ပြီးနောက် လေးရက်မြောက်သော နေ့တွင် သျှင်ခေမာလောင်းလျာ ကိုလည်း မန်ကျည်းယောင်ရွာ၌ မွေးဖွားပြန်သည်။ နံတော် တနင်္လာသား ဖြစ်၏။ မိဘမည်ရည်နှင့် ငယ်မည်တော်တိုကို မသိရပေ။
စာပေသင်ကြားခြင်း
သျှင်ဥတ္တမကျော်လောင်းလျာ မောင်ဥက္ကာသည် ခုနစ်နှစ်သားအရွယ်တွင် နတ်မှီးလင်း ဆရာတော် သျှင်သီလာစာရာဘိဓဇထံ၌ စာပေတို့ကို သင်ကြားသည်။ မောင်ဥက္ကာသည် ငယ်စဉ်ကပင် Óဏ်ပဋိဘာန် ထက်သန်သူ ဖြစ်၍ လက်တန်းကဗျာများကို စပ်ဆိုနိုင်သူ ဖြစ်၏။ သျှင်မဟာသီလဝံသလောင်းလျာ မောင်ညိုသည်လည်း တစ်ကျောင်းတည်းသားချင်း ဖြစ်၍ ညီ ရင်းအစ်ကိုတမျှ ခင်မင်ကြလေသည်။သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း
မောင်ဥက္ကာသည် သက္ကရာဇ် ၈၃၁-ခုနှစ်၊ အသက် ၁၅-နှစ်သားအရွယ်တွင် သျှင်သာ မဏေ ဘောင်အတွင်းသို့် သွတ်သွင်းချီးမြှောက်ခြင်း ခံရသည်။ ဘွဲ့မည်ကို သျှင်ဥတ္တမဟု မှည့်ခေါ် သည်။ သက္ကရာဇ် ၈၃၅-ခုနှစ်တွင် အသက်အရွယ်စေ့သဖြင့် ရဟန်းဘဝကို ယူတော်မူသည်။ခုံတော်မောင်ကျဘမ်းနှင့် တွေ့ခြင်းနှင့် သျှင်ဥတ္တမကျော် အမည်တွင်ခြင်း
သက္ကရာဇ် ၈၅၉-ခုနှစ်တွင် ဆရာတော်သျှင်ဥတ္တမသည် ရတနာပူရ အင်းဝနေပြည် တော်သို ကြွရောက်တော်မူခဲ့၏။ အင်းဝမြို့သို့ ရောက်ရှိသည်တွင် မိတ်ဆွေဖြစ်သူ သျှင်သီလဝံသ အား ရုတ်တရက် ရှာဖွေမရသဖြင့် ဓမ္မာရုံတစ်ခုသို့ ဝင်ရောက်တည်းခိုရလေသည်။ ထိုအခိုက် စကားတတ်သဖြင့် လွှတ်ရုံးငါရပ်ကပင် ပယ်ထားခြင်း ခံရသော ခုံတော်မောင်ကျဘမ်းနှင့် တွေ့ ရလေသည်။ မောင်ကျဘမ်းသည် ဆရာတော်၏ အသွင်အပြင်ကို ကြည့်၍ တောထွက်ရဟန်းကြီး ဟု မှတ်ထင်သဖြင့် ဦးချဝတ်တွားခြင်း မပြုဘဲ ဆရာတော့်ရှေ့တွင် တင်ပလ္လင်ခွေ ထိုင်၍ မလေးစား သော အမူအရာဖြင့် ဦးပဉ္စင်းကြီး ၊ ဘယ်အရပ်က ကြွလာသနည်း၊ ဟု မေးသည်။ထိုအခါ ဆရာတော်က ငါသည် တောင်တွင်းကြီးမြို့က ကြွလာခဲ့သည်၊ ငါသည် ဤရတနာပူရ အင်းဝနေပြည်တော်သို့ တစ်ခါတစ်ခေါက်မျှလည်း မရောက်ဖူးပါ၊ အသိမိတ်ဆွေ ဖြစ်သော ရဟန်းအပေါင်းအသင်းလည်း မည်သည့်ကျောင်းမှ နေသည်ဟု မသိရဘဲ ရှိသည်၊ ဆွမ်းစားရန် အချိန်လည်း နီးကပ်လှပြီဖြစ်လို့ ဤအရပ်၌ ဘုန်းကြီးတစ်ပါးစာ ဆွမ်းကို ဖိတ်ကြား ရလျှင် ရနိုင်မည်လား၊ ဟု မေးသည်။
ခုံတော်မောင်ကျဘမ်းကလည်း မိမိဝါသနာအလျောက် မောက်မာစွာဖြင့်ပင် သာသ နာတော် နေလိုလလို ထွန်းပနေသည့် ဤအင်းဝနေပြည်တော်ကြီးမှာ ဆွမ်းတစ်အုပ်စာမျှကို အဘယ့် ကြောင့် မေးနေရသနည်း၊ ဦးပဉ္စင်းကြီး တစ်ပါးစာမျှကို မည်သူ့အိမ်မှာမဆို ပါးရိုက်ပြီး အလှူခံ တော့ ရနိုင်သည်၊ ဟု မချေမငံ ပြောမိလေသည်။ ဆရာတော်သည် မောင်ကျဘမ်း၏ လျှောက် ထားချက်အတိုင်း မြို့တွင်းသို့ ကြွ၍ မောင်ကျဘမ်းအိမ်ကို ရှာပြီးလျှင် ဇနီးသည်အား ပါးကို ရိုက်၍ ဆွမ်းဖိတ်လေတော့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်နှင့် မောင်ကျဘမ်းတို့သည် အကြီးအကျယ် ပြဿနာဖြစ်ကြရသည်။ နောက်ဆုံး၌ ဆရာတော်ကသာလျှင် အနိုင်ရ၍ စကားအရာ၌ အလွန် အကွေ့အဝိုက်များသော မောက်ကျဘမ်းမှာ အရှုံးပေးလိုက်ရသည်။ မည်သူမျှ တုပ၍ မပြောနိုင် သော မောင်ကျဘမ်း၏ မာန်စွယ်ကို ချိုးနှိမ်လိုက်သောကြောင့် ဆရာတော်၏ နာမည်သည်လည်း နေပြည်တော်အင်းဝ၌ တစ်ဟုန်တည်း ကျော်ကြားလာသည်။ မောင်ကျဘမ်းသည်လည်း မာန်စွယ်ကျိုးရုံမျှ မကဘဲ ဆရာတော်အား ကြည်ညိုလာသဖြင့် ယနေ့မှ စ၍ တပည့်တော်အား ပစ္စည်းလေးပါး ဒကာဟူ၍ မှတ်တော်မူပါဘုရား၊ ဟု လျှောက်ထားလေသည်။ ထို့နောက် ဆရာတော်က ငါတည်းဟူသော မာန်မာန တက်ကြွထောင်လွှားသူတိုင်းသည် တစ်နေ့သောအခါ၌ မိမိအတွက် မာန်မာန ကျိုးပေါက်ဖွယ်ရာ ကြုံတွေ့လာပြီး အန္တရာယ် ရောက်တတ်ချေ၏၊ လောဘ ဒေါသ မောဟဆိုသည့် တရားများ ဖုံးလွှမ်းလာပါက နိဗ္ဗာန်သို့ ရောက်သင့်ပါလျက် မရောက်ဘဲ ရှိချေသည်၊ စသည်ဖြင့် ဓမ္မကထာကို ဟောကြားပြသလေသည်။
ခုံတော်မောင်ကျဘမ်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို နှိမ်နင်းတော်မူလိုက်သဖြင့် ဆရာတော် ၏ ဘွဲ့မည်မှာလည်း သျှင်ဥတ္တမဘွဲ့တွင် ကျော် ပုဒ်ကိုထည့်၍ ' သျှင်ဥတ္တမကျော် ' ဟု ထင်ပေါ်ကျော်စောလာလေတော့သည်။
ဆရာတော်၏ စာပေနှင့် သီလဂုဏ်
ဒုတိယဘုရင်မင်းခေါင်လည်း ဆရာတော်၏ စာပေဂုဏ်သတ္တိကို မြတ်နိုးကိုးစားတော် မူသည့်အလျောက် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့ကဲ့သို့ ချီးမြှောက်ပူဇော်လိုရကား ရွှေနန်းတော်သို့ ပင့်ဖိတ်တော်မူပြီး နေပြည်တော်အင်းဝ၌ သီတင်းသုံးတော်မူပါရန် လျှောက်ထား လေသည်။ ထိုအခါ ဆရာတော်က မိမိသည် အရညကင်မှီ၍ တော၌ နေရသည်ကိုသာ နှစ်သက်သ ဖြင့် ရွှေမြို့တော်၌ မနေလိုကြောင်း မိန့်ကြားသည်။ ဘုရင်မင်းခေါင်လည်း မိမိဆန္ဒအတိုင်း မဖြစ် သော အခါတွင် ဆရာတော် တောင်တွင်းကြီးမြို့သို့ ပြန်ြ<ွကသောအခါ များစွာသော ပူဇောသက္တာရ တို့ကို ပြုတော်မူ၍ တောင်တွင်းကြီးမြို့ အရောက် ဝတ္ထုကံဆိုင်ရာ လူတစ်ကျိပ်တို့နှင့် ပို့ဆောင် စေလေသည်။ဆရာတော် သျှင်ဥတ္တမကျော်သည် တောင်တွင်းကြီးမြို့သို့ ပြန်လည် ရောက်ရှိပြီးနောက် မိမိဝါသနာပါရင်းအတိုင်း တောရဆောက်တည်တော်မူလေသည်။ ထိုအခါ ဗုဒ္ဓဝံသအဋ္ဌကထာကို ကြည့်ရှုတော်မူ၍ မြတ်စွာဘုရားသခင်သည် ဇာတိချက်ြေ<ွက မွေးရပ်မြေဖြစ်သော ကပ္ပိလဝတ်နေ ပြည်တော်သို့ြ<ွကချီတော်မူခန်းတွင် လောကဓာတ်အလုံး ညွတ်ပျောင်းပူဇော်ဟန်ကို ဖွဲ့ဆိုတော်မူ၍ တောလားလင်္ကာကြီးများကို ရေးသားတော်မူ၏။
ဆရာတော် ရေးသားသော တောလားလင်္ကာကြီးများမှာ ၉-ပုဒ်မျှ ရှိပေသည်။ ထိုတွင် စက်ဆယ့်နှစ်လီ၊ ဒွါဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ အစချီ လင်္ကာ ၈-ပုဒ်မှာ ကပ္ပိလ ဝတ်ပြည်ြ<ွကခန်း တောလားများ ဖြစ်ပြီး ကျန်တစ်ပုဒ်မှာကား ဆရာတော်၏ ဆုပန်လင်္ကာ ဖြစ်သည်။ ဆရာတော်သည် ဘုရားဆုကို ပန်တော်မူကြောင်း ဖော်ပြ၍ အရိမေတ္တေယျဘုရားရှင် လက်ထက်၌ ဗောဓိလောင်းလျာအဖြစ် ဗျာဒိတ်တော် ခတ်နှိပ်ခံရပါလိုကြောင်းကို- ကိုးပုဒ်သျှင်ပင်၊ အံ့ချီးတင်သည်၊ ငါလျှင်လည်းကောင်း၊ ဗောဓိလောင်းဟု၊ ငြိမ့်ညောင်း တံဆိပ်၊ ရွှေဗျာဒိတ်ဖြင့်၊ ခတ်နှိပ်သေချာ၊ နှုတ်သြဘာသည်၊ ၊ မြဲစွာဖြစ်လိမ့် လမှန်တည်း။ ဟူ၍ ဖွဲ့ဆိုပန်ယူထားလေသည်။
သက္ကရာဇ် ၈၈၂-ခု ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင်လည်း မင်းတရားသည် ဆရာတော်အား ဖူးမြင်ကြည်ညိုလိုသဖြင့် နေပြည်တော်သို့ ပင့်ခေါ်စေလေသည်။ ထိုအချိန်တွင် ဆရာတော်သည် ဟံသာဝတီနယ်စပ်၊ ရိုးမတောင်ပြတ်၊ နွားဝန်တင်စခန်း ကမ္ဘားစောက်ရွာဟု ခေါ်သော အိမ်ခြေ ၅ဝ-ခန့်ရှိသည့် ရွာကလေးကို အမှီပြု၍ တောရဆောက်တည်နေလေသည်။ ဆရာတော်သည် ထိုကျောင်းငယ်လေး၌ နေတော်မူစဉ် ဘုရင့်အမှုထမ်းများက လာရောက်ပင့် ဆောင်ကြသဖြင့် အင်းဝနေပြည်တော်သို့ ဒုတိယအကြိမ်မြောက်ြ<ွကရောက်တော်မူရပြန်လေသည်။ ထိုအချိန်တွင် ဆရာတော်သည် သက်တော် ၆၇-နှစ်၊ ဝါတော် ၄၇-ဝါမျှ ရှိနေလေပြီ။
အင်းဝသို့ရောက်သည်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိမင်းတရားက ဒကာတော် ကို ချီးမြှောက်သောအားဖြင့် အင်းဝနေပြည်တော်၌ သီတင်သုံးတော်မူပါ၊ ဟု လျှောက်ထားသည်။ ထိုအခါ ဆရာတော်က ဒကာတော်မင်းကြီး၊ တောသုံးထောင်၌ ကျက်စား ပျော်မြူးလေ့ရှိသော ကေသရာဇာ ခြင်္သေ့မင်းအား နံ့သာအခိုးအထုံတို့ဖြင့် လိမ်းကျံ၍ ထီးဖြူအုပ်မိုးထားလင့်ကစား ပျော်မြူးနိုင်မည် မဟုတ်ပါ၊ မိမိကျက်စားရာ တောရပ်ခန်းဝါကိုသာ လွမ်းရှာလိမ့်မည်၊ ထို့အတူ ဆရာတော်သည်လည်း ခမည်းတော်မင်းတရား လက်ထက်ကပင် နေပြည်တော်ကဲ့သို့ မြို့ကြီးများ တွင် မနေနိုင်သဖြင့် တောရပ်ဒေသသို့ြ<ွကရောက် သီတင်းသုံးခဲ့သည်၊ ယခုမူကား အသက် အရွယ်လည်း အိုမင်းရင့်ရော်လာပြီဖြစ်ရာ သာ၍ပင် နေပြည်တော်၌ မနေလိုတော့ပါ၊ သို့ဖြစ်၍ တောအရပ်သို့သာ ပြန်၍ တရားအားထုတ်ပါတော့မည်၊ ဟု မိန့်ကြားတော်မူသည်။ ထို့ကြောင့် မင်းတရားကလည်း ဆရာတော် စိတ်ချမ်းသာမည့် နေရာ၌သာ သီတင်းသုံးတော်မူပါဘုရား၊ ဟု ပြန်လည်လျှောက်ထားရတော့၏။
ဆရာတော်သည် နေပြည်တော်၌ သုံးလခန့်နေပြီး၍ မိမိနေရပ်ဇာတိဖြစ်သော တောင်တွင်းကြီးမြို့သို့ ပြန်လည်ြ<ွကရောက်တော်မူခဲ့၏။ ရောက်လျှင် မိမိငယ်စဉ်က နေထိုင်ခဲ့သော ငှက်ပစ်တောင်အနီး ရတနာဗိမာန်ကျောင်းတော်၌ နေတော်မူ၏။ ရွှေနန်းကြော့ရှင် ဘုရင်နရပတိ ကလည်း ထိုကျောင်းတော်ကြီးကို ပြင်ဆင်ခြင်း၊ အသစ်တစ်ဖန် ဆောက်လုပ်ခြင်း စသော ကုသိုလ်တို့ကို အားတက်သရော ပြုလုပ်၍ ပစ္စည်းလေးပါးတို့ကိုလည်း အမြဲမပြတ် ပူဇော်လေသည်။
ဘဝနောက်ဆုံးအချိန်
ဤကဲ့သို့ သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူရင်း သက္ကရာဇ် ၉ဝ၄-ခုနှစ်၊ သက်တော် ၈၉-နှစ်၊ ဝါတော် ၆၉-ဝါအရတွင် တောင်တွင်းကြီးမြို့၌ ပျံလွန်တော်မူလေသည်။[ပြင်ဆင်ရန်] ဆရာတော်၏ စာပေလက်ရာများ
ဆရာတော် သျှင်ဥတ္တမကျော် ရေးသားသော စာပေဟူ၍ ယနေ့တွေ့ရှိနေရသည်မှာ တောလားလင်္ကာကြီး ၉-ပုဒ် ဖြစ်သည်။ ထို့ပြင်လည်း ဆရာတော်ရေးသားသော စာပေကျမ်းဂန်များ ဧကန်ရှိဦးမည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် တိကျစွာ မပြောနိုင်ကြပေ။ကဝိသေနင်္ဂဗျူဟာကျမ်းတွင်ကား ဆရာတော် ရေးသားခဲ့သည်ဆိုသော ကျမ်းများကို ဖော်ပြထား၏။ ထိုကျမ်းတို့မှာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နိသျ၊ မဟာနိဒ္ဒေသပါဠိတော်နိသျ၊ ပေဋကောပဒေသပါဠိတော်နိသျ၊ ဓမ္မသင်္ဂဏီပါဠိတော်နိသျ၊ ဝိနယသဂၤဟအ႒ကထာနိသ်၊ သစၥသံခိပ္ဋီကာသစ္နိသ်၊ ခုဒၵသိကၡာဋီကာသစ္နိသ်၊ အဘိဓမၼာဝတာရ ဋီကာသစ္နိသ်၊ သဒၵသာ ရတၴဇာလိနီစာကုိယ္နိသ်၊ ဝဇီရသာရတၴသဂၤဟစာကုိယ္နိသ်၊ ကစၥာယနေဘဒစာကုိယ္နိသ်၊ ဝါစေကာပေဒသစာကုိယ္နိသ် တို့ ဖြစ်ကြ၏။
ထို့ပြင် ' ဂန္ထကာရက္ကမပျို့' ကိုလည်း ရေးသားပြုစုသေးသည်ဟု ဆိုသည်။ ဖော်ပြပါ ကျမ်းဂန်များကို ဆရာတော်သျှင်ဥတ္တမကျော် ရေးသားခဲ့သော်လည်း နိဂုံး၌ စာပြုပုဂ္ဂိုလ်အမည် မထည့်သွင်းသောကြောင့် ဆရာတော် ရေးသားသည်ဟု မသိရဘဲ ရှိသည်။ ဂန္ထကာရက္ကမပျို့ကို ကြည့်သောအခါမှ ဆရာတော် ရေးသားကြောင်း သိရှိရသည်ဟု ဆိုလေသည်။ သို့ရာတွင် ကဝိ သေနင်္ဂဗျူဟာကျမ်းဆရာ အထောက်အထားပြုသော ပျို့ကိုလည်း ယနေ့အထိ မတွေ့ရှိကြရသေး ပေ။ သို့ဖြစ်ရာ ထိုအဆိုကို ပယ်မြစ်နိုင်ခွင့်လည်း မရှိသေး။ လက်ခံနိုင်ဖွယ်လည်း မဟုတ်သေး။ တောလားလင်္ကာကြီးများကိုသာ ဆရာတော်၏ လက်ရာဖြစ်ကြောင်း ကောင်းစွာ လက်ခံကြရဦး မည်သာတည်း။
ကိုးကား
- ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
သမိုင်းအစဉ်မှာ ထာဝစဉ်ထင်ကျန်နေခဲ့တဲ့ ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ အကျဉ်းများကို လေ့လာ တွေ့ ရှိသမျှ ပြန်လည်တင်ပြလိုက်ခြင်းအားဖြင့် များလူသာဓုခေါ်နိုင်ကြပါစေဗျာ....
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc
No comments:
Post a Comment