
၂၀၁၂ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၅ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများမှာ - ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး။ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁) နှောင်းပိုင်းကာလဖြစ်သော ညွန့်ပေါင်းအစိုးရလက်ထက်(၁၉၃၇-၁၉၄၁) တွင်
(၁၉ဇူလိုင်၁၉၄၇၌ကျဆုံးခဲ့ကြသည့်)အာဇာနည်ခေါင်းဆောင်ကြီးများ၏အမျိုးသားရေး လုပ်ဆောင်ချက်များ
ကို ပြန်ပြောင်းလေ့လာကြည့် ပါက၏စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။
သခင်အောင်ဆန်း
သခင်အောင်ဆန်း

ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၈ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် ရေနံ ချောင်းမြို့အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပါသည်။ ၁၉၃၂ခုနှစ်တွင် ယင်းကျောင်းမှ ဆယ်တန်း
အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရရာ Hell Hound at Large
ဆောင်းပါးရေးသူအမည်ကို ထုတ်ဖော်မပေးမှုဖြင့် ကျောင်းထုတ်ခံခဲ့ရ၏။
၁၉၃၆-၃၇ ခုနှစ်များအတွင်း ကိုအောင်ဆန်းသည် တကသဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင်
ပင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာစာမေးပွဲကို အင်္ဂလိပ်ဘာသာစာပေ၊ နိုင်ငံရေးသိပ္ပံ၊ ဥရောပရာဇ၀င် ဘာသာရပ်များဖြင့် ဖြေ
ဆိုအောင်မြင်ခဲ့၏။ ၂၅ဧပြီ ၁၉၃၈ တွင် ကိုအောင်ဆန်းအား ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ သို့သော်မကြာမီ
ကိုအောင်ဆန်းဗကသမှ နုတ်ထွက်ကာ တို့ဗမာအစည်းအရုံး၌ သခင်အောင်ဆန်းအဖြစ် အထွေထွေအတွင်းရေးမှူး ဖြစ်
လာပါသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း သခင်အောင်ဆန်းသည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၉ဇန်န၀ါရီ
၁၉၃၉ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းသည်
အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။
၁ အောက်တိုဘာ ၁၉၃၉ တွင် မြန်မာ့လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်သော အမျိုးသားတပ်ပေါင်းစုကြီး ဖွဲ့စည်း
ရန်ရည်ရွယ်လျက် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းမှာ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့၏။
ယင်းနောက် သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖွေရန် ၈ သြဂုတ် ၁၉၄၀ တွင်
ဟိုင်လီသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်သို့ ထွက်ခွာသွား၏။ ထိုမှတစ်ဆင့် ဂျပန်သို့ ရောက်ရှိခဲ့ပြီး ရုပ်ဖျက်ကာ မြန်မာ
နိုင်ငံသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ တစ်ဖန် သခင်အောင်ဆန်းသည် ရဲဘော်သုံးကျိပ် ပထမသုတ်အဖွဲ့ဝင် တစ်ဦး
အဖြစ် ရှန်တန်မာရူးသင်္ဘောဖြင့် ပြန်လည်လိုက်ပါသွားကာ ဂျပန်ပြည်၌ ခက်ခဲပင်ပန်းစွာ စစ်ပညာသင်ကြားခဲ့သည်။
ထိုစဉ်အတွင်း မြန်မာပြည်သို့ စစ်မီးကူးလာချိန်တွင် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွား၏။

သခင်မြကို ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ ထုံးဘိုရွာ(ယခုထုံးဘိုမြို့) တွင် ၇ အောက်တိုဘာ ၁၈၉၇ ၌ သစ်ကုန်
သည်ကြီး ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်း၊သာယာဝတီ
မြို့အေဘီအမ် ကရင်အထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့ဖူးပြီး ၁၉၁၆ တွင် ရန်ကုန်စိန်ဂျွန်းကျောင်းမှ ဆယ်တန်း
အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ ဂုဏ်ထူးတန်းတက်ရောက်စဉ်အတွင်း ပထမကျောင်းသားသပိတ် ဖြစ်ပွားလာ ရာ
ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်းနောက် အမျိုးသားကျောင်းများပေါ်ပေါက်လာသောအခါ ကြည့်မြင်တိုင်
အမျိုးသားကျောင်း၌ အထက်တန်းပြဆရာဝင်လုပ်သည်။
၁၉၂၄ ခုနှစ်၌ ဘီအက်စီဂုဏ်ထူးတန်း အောင်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့၏။ ယင်းနောက်
သာယာဝတီသို့ပြန်ကာ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၁ခုနှစ် ဂဠုန်ဆရာစံ၏ အမှုကိုစစ်ဆေးစဉ် ဦးမြသည်
ဆရာစံဘက်မှ ရှေ့နေကြီးဦးသူငယ်နှင့်အတူ ရှေ့နေလိုက်ပေးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့
ဝင်ရောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် အရွေးခံခဲ့ရသည်။ သခင်မြသည် လွှတ်တော်၌
လစာမယူဘဲ အတိုက်အခံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရေနံမြေအလုပ်သမားများ၏ နစ်နာမှုကို
အစိုးရအားပြင်းထန်စွာ ဝေဖန်ကန့်ကွက်ကာ အမတ်အဖြစ်မှ နုတ်ထွက်ခဲ့၏။
၁၉၃၉ ခုနှစ်ဖေဖော်ဝါရီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အများပြည်သူတို့၏ ဆန္ဒအရ၀င်ရောက်အရွေးခံကာ အမတ်
ဖြစ်လာပြန်သည်။ သခင်မြသည် ၁၉၃၉ ခုနှစ်တွင်ပင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးကြီး၏
ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၄၁ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါ
သည်။ ၉ ဒီဇင်ဘာ ၁၉၄၁ တွင် တို့ဗမာအစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာလိုက်သောအခါ သခင်မြသည်
မော်လမြိုင်သို့တိမ်းရှောင်ခဲ့ရ၏။

နတ်မောက်မြို့၌ ၁၁ ဇွန် ၁၉၀၁ တွင် အမိန့်တော်ရရှေ့နေ ဦးဖာ ဒေါ်စုတို့က ဖွားမြင်ခဲ့သူ ဦးဘ၀င်း၏ငယ်မည်မှာ
မောင်စံတင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုအကြီးဆုံး ဖြစ်သည်။ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီး
ကျောင်း၊ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ပညာသင်ယူခဲ့သည်။၁၆ နှစ်
တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။
ဦးဘ၀င်းသည် ၁၇ နှစ်အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင်စာ
ရေးအလုပ်များ ၀င်လုပ်သည်။တစ်ဖက်မှလည်းဆရာဦးအေးမောင်၏ ညကျောင်းသို့ တက်ရောက်ကာအသက် ၂၀
တွင်ဆယ်တန်းစာမေးပွဲကိုအင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
ယင်းနောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။
ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုနှစ်တွင်သိပ္ပံဂုဏ်ထူးတန်း
အောင်မြင်ခဲ့သည်။
ယင်းနောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာအလုပ် လုပ်ကိုင်၏။ မကြာမီ ကျောင်း
အုပ်ဆရာကြီးဖြစ်လာသည်။ ထို့နောက် ဖြူးမြို့ ကေအီးအမ်အမျိုးသားကျောင်းအုပ်အဖြစ်ဆောင်ရွက်ခဲ့၏။ဆရာကြီး
ဦးဘ၀င်းသည် ကိုလိုနီခေတ်နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းရင်းမျိုး
ချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။

ဟင်္သာတမြို့ ယုန်သလင်းရွာ၌ ၂၆ အောက်တိုဘာ ၁၉၀၃ တွင် သူကြီးမန်းပေကုန်းဒေါ်ပုတို့က ဖွားမြင်ခဲ့သူ
မန်းဘခိုင်သည်ငယ်စဉ်က ဟင်္သာတ အေဘီအမ် ကျောင်းတွင်ပညာဆည်းပူးခဲ့သည်။၁၉၂၀ တွင် ၇ တန်းအောင်
ပြီး ဘားမားရိုင်ဖယ်တပ်သို့ဝင်သည်။ သို့သော် မိဘများသဘောမတူ၍ နုတ်ထွက်ပြီး ရန်ကုန်မြို့အေစကော့
ကုမ္ပဏီ၌ အလုပ်လုပ်သည်။ ၁၉၂၆ တွင် မန်နေဂျာနှင့်သဘောမတိုက်ဆိုင်သဖြင့် အလုပ်မှထွက်ပြီး ဇာတိရွာ
သို့ပြန်ကာ ကလေးများအတွက်ကျောင်းဖွင့်ပေးခဲ့သည်။
၁၉၃၇ ပုသိမ်မြောက်ပိုင်း အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၁၉၄၁ တွင်
တရားရေးဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေးအဖြစ်အမှုထမ်းသည်။ သို့သော် ကုန်သည်အလုပ်ကိုသာ
ဝါသ နာပါသဖြင့် နုတ်ထွက်ကာပုဇွန်တောင်၌ ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်ခဲ့၏။

ဒီးဒုတ်ဦးဘချို
မြောင်းမြမြို့၌ သမားတော်ကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့က ၂၄ ဧပြီ ၁၈၉၃ တွင် ဖွားမြင်ခဲ့သူဦးဘချိုသည်
မြောင်းမြမြို့ဦးမောင်မောင်ကျော်ကျောင်း၊ရန်ကုန် စိန်ပေါကျောင်း၊ရန်ကုန်ကောလိပ်တို့၌ ပညာဆည်းပူးခဲ့သည်။
သို့သော်ဘီအေတန်းတက်စဉ် မျက်စိရောဂါကြောင့် ကျောင်းထွက်ခဲ့ရသည်။ ဦးဘချိုသည်ပေါင်းတည်၊ ဟင်္သာ
တမြို့များ၌ ကျောင်းဆရာအဖြစ်အမှုထမ်းခဲ့၏။ ထိုစဉ်ကပင်''နောက်စွယ်ချောင်က တောက်တဲ့မောင်''အမည်ဖြင့်
မြန်မာ့အလင်းမဂ္ဂဇင်းတွင်စာရေးနေသည်။
သို့သော် အစိုးရပိုင်းက စာရေးခြင်းကို မကြည်ဖြူ၍ ၁၉၂၀ကျောင်းသားသပိတ်တွင် အလုပ်ထွက်ကာ အမျိုးသား
ကောလိပ်၌မြန်မာစာဆရာသွားလုပ်နေ၏။ ယင်းနောက် မြန်မာ့ရီဗျူး၊ဒီးဒုတ်နေ့စဉ်စသည့်ဂျာနယ်၊သတင်းစာများ
ထုတ်ဝေကာ အမျိုးသားရေးအတွက် လှုံ့ဆော်ပေးခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပွန်မြို့၌ စော်ဘွားကြီး စ၀်ခွန်ထီး၊နန်းစိန်ဥတို့က ၃၀ မေ ၁၉၀၇ တွင်ဖွား
မြင်ခဲ့သူ စ၀စံထွန်း၏ငယ်မည်မှာ စ၀်သာထွန်း ဖြစ်သည်။ငယ်စဉ်က တရားမစာရေးကြီး ဦးစံဖေထံ အခြေခံ
ပညာသင်ယူခဲ့ပြီး တောင်ကြီးမြို့စော်ဘွားသားများကျောင်းမှ ဒသမဆင့်အောင်မြင်ခဲ့သည်။ မိတ္ထီလာမြို့
စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လအလုပ်သင်လုပ်ခဲ့ပြီး မန္တလေးဆပ်ကျောင်းလည်း
တက်ရောက်ခဲ့၏။ယင်းနောက်ဗန်းမော်တွင် အလုပ်သင်ဝန်ထောက်အဖြစ် ၆လအမှုထမ်းခဲ့သည်။ထိုမှတစ်ဖန်
တောင်ကြီးမြို့ ရှမ်းပြည်(နယ်)မင်းကြီးရုံးတွင် ခေတ္တအလုပ်ဝင်ရောက်စဉ် ၂၇ဇွန် ၁၉၂၈ တွင်
စော်ဘွားအရာ ဆက်ခံရရှိခဲ့သည်။မိုင်းပွန်စော်ဘွားသည်ရှမ်းပြည်နယ်တစ်ခွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်၏။

မိတ္ထိလာမြို့၌ တိုက်ပိုင်အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၂၀ ဇန်န၀ါရီ ၁၈၉၈ တွင်
ဖွားမြင်ခဲ့သူဦးရာဇတ်မှာငယ်စဉ်ကမန္တလေးမြို့က်စလီယန်မိန်းကလေးကျောင်း၊ယောက်ျားလေးကျေုာင်းတို့၌
ပညာဆည်းပူးခဲ့သူဖြစ်သည်။
အဌမတန်းတွင် ပညာထူးချွန်သဖြင့် ကျောင်းအုပ်ကြီးကတက္ကသိုလ်ဝင်တန်း ကျော်တင်ပေးခဲ့ရာ ဖြေဆိုအောင
်မြင်ခဲ့သည်။
ယင်းနောက်ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၀ိဇ္ဇာတန်း၌ အင်္ဂလိပ်စာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့၏။
၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။ ၁၉၂၁ တွင် မန္တလေး
ဗဟိုအမျိုးသားကျောင်း၌ အထက်တန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၃ တွင်ကျောင်းအုပ်ဖြစ်လာ၏။
ဆရာကြီး ဦးရာဇတ်သည် အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်းဗုဒ္ခဘာသာအပေါ် လေးစားမှုရှိ၏။အမျိုးသား
ကျောင်းတွင် နံနက်တိုင်းဘုရားရှိခိုးရပြီးမတက်ရောက်သူများအား ဆရာကြီးကိုယ်တိုင် ကြိမ်လုံးဖြင့်ကြပ်မတ်
ပေးလေ့ရှိသည် ဆို၏။ဆရာကြီးသည် တပည့်များအားမျိုးချစ်စိတ်ရှိစေရေးအတွက် ပြုစုပျိုးထောင်ပေးခဲ့သ
ူ ဖြစ်သည်။

မင်းဘူးမြို့၌ ၂ ဖေဖော်ဝါရီ ၁၉၁၃ တွင် မစ္စတာ အိပ်ခ်ျဒဗလျူတရပ်ဝိန်းနှင့် ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သူ
ဦးအုန်းမောင်၁၉၃၄ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာတန်းအောင်မြင်ခဲ့သူ ဖြစ်သည်။၁၉၃၉ ခုနှစ်ဝန်းကျင်က
မန္တ လေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် အမှုထမ်းနေကြောင်း သိရှိရ၏။

စိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေးနှင့် ဒေါ်မင်းရီတို့က ၁၉၂၉ ခုနှစ်တွင် ဖွားမြင်ခဲ့သူ
ရဲဘော်ကိုထွေးမှာကိုလိုနီခေတ်နှောင်းကာလကကျောင်းသားအရွယ်မျှသာ ရှိမည်ဖြစ်ပါသည်။
ကျမ်းကိုး
ကျမ်းကိုး
၁။မြန်မာ့စွယ်စုံကျမ်းအတွဲ၈၊ ၉၊ ၁၁
၂။အာဇာနည်နေ့အထိမ်းအမှတ် စာစောင်
၃။မြန်မာလူကျော်၁၀၀(မောင်ဇေယျာ)
ထာဝရလေးစားသော အာဇာနည်တိုအား ဤပိုစ်လေးဖြင့် အလေးပြုကာ ဦးညွတ်လိုက်ပါသည်။
No comments:
Post a Comment